Saturday, May 4, 2013

Samsung Galaxy S4 စတင် ရောင်းချ နံနက်ပိုင်း၌ပင် အလုံးရေ ၁ဝဝဝ ကုန်


ရန်ကုန်၊ မေ ၎
Samsung Galaxy S4 စတင် ရောင်းချသည့်နေ့ နံနက်ပိုင်း၌ပင် အလုံးရေ ၁ဝဝဝ ကုန်သွားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
”တိုကင် ၁ဝဝဝ ဝေတာ အားလုံးကုန်သွားပါပြီ။ အဲ့ဒီအပြင်ကို တိုကင်မရဘဲ ဝယ်ချင်လို့ စောင့်နေတဲ့ သူတွေကလည်း တစ်ထောင်ကျော်လောက် ရှိနေတယ်” ဟု ဆမ်ဆောင်းကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။

နံနက် ၉ နာရီမှ စတင်ရောင်းချမည်ဟု ဆိုခဲ့သော်လည်း တိုကင်လာရောက်တန်းစီသူများ အနေဖြင့် နံနက်အစောပိုင်းကပင် စတင်တန်းစီနေကြပြီး ၉ နာရီ မတိုင်မီ တိုကင် အားလုံး ကုန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
”ကျွန်တော် မနက် ၇ နာရီကတည်းက လာတန်းစီတာပါ။ တိုကင်နံပါတ် လေးရာကျော်ပါတယ်” ဟု အလုံမြို့နယ်မှ ဖုန်းလာရောက် ဝယ်ယူသည့် သူတစ်ဦးက ပြောသည်။
လက်ရှိတွင် တိုကင်မရရှိလိုက်သည့် သူများအနေဖြင့်လည်း အလုံးရေ ၁ဝဝဝ အပြင် ထပ်မံရောင်းချပေးမည် ဆိုသည့် သတင်းကြောင့် စောင့်ဆိုင်းနေကြပြီး တိုကင်များအား အချင်းချင်း ငွေကြေးဖြင့် ပြန်လည်ရောင်းချမှုများ ဖြစ်ပေါ်လျက်ရှိသည်။

No comments:

Post a Comment