Showing posts with label Huawei Root. Show all posts
Showing posts with label Huawei Root. Show all posts

Wednesday, June 4, 2014

Huawei Honor 3C Root



Huawei Honor 3C ကို Root လုပ်ရန်အခက်အခဲဖြစ်နေသူများအတွက်

ကျတော့်ရထားတာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လုပ်ပုံလုပ်နည်းလေးက နှစ်ခုရှိပါတယ်။

အရင်ဆုံးလိုအပ်တာလေးတွေ ဒေါင်းလိုက်ပါ။


                                   







ဒေါင်းပြီးပြီဆိုရင် စကြတာပေါ့ ☺

Boot file နှစ်ခုရှိပါတယ်။

1. ပထမပေးထားတဲ့ Honor3C_Insecure_Boot က Custom Recovery သဘောမျိုးပါ။

အဲဒီကောင်လေးကို ပေးထားတဲ့ SP Flash Tool လေးကိုဖွင့်ပြီး Boot ရွေးတဲ့နေရာမှာ 

အဲဒီကောင်လေးကို ထည့်ပြီး Flash ပေးလိုက်ပါ။

Flash ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ Root Tool နဲ့ Root နိုင်ပါပြီ။


2. ဒုတိယပေးထားတဲ့ Honorc 3C Super Boot ကတော့ တစ်ခါထဲ Root ဖောက်

Myanmar Font ထည့်နိုင်တဲ့ Boot file ပါ။

ဒီကောင်ကိုလဲ သုံးမယ်ဆို SP Flash Tool လေးနဲ့ပဲ သုံးရမှာ ဖြစ်ပါတယ်။



ပထမ Boot file ကတော့ ကိုဝင်းကမ္ဘာကျော် upload လုပ်ထားတာလေးပါ။

ဒုတိယ Boot file ကတော့ ကိုဖြိုးချမ်း ရဲ့ Boot file လို့ သိရပါတယ်။



Credit : ကိုဝင်းကမ္ဘာကျော် နဲ့ ကိုဖြိုးချမ်း


ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်

အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။



 ..........::::: အဆင်ပြေပါစေ :::::..........
 
Posted by: 
Kaung Htoo San

Monday, May 26, 2014

Huawei Y535D-C00 ကို Root လုပ်လို့ရပါပြီ




Huawei Y535D-C00 ကို Root လုပ်ရတာ အဆင်မပြေဖြစ်နေကြတာတွေ့နေပါတယ်။

ကျတော်လဲ ခုမှရတာပါ။ :D 

ရ ရချင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အရင်ဦးဆုံး ဒီ bat file လေးကို ပြုလုပ်ထားတဲ့ Ko Ye Lin Aung ကို Credit ပေးပါတယ်။

အရင်ဆုံး လိုအပ်တာလေးကို.......
                                           



Recovery Change လိုက်တဲ့ သဘောပါ။

လိုအပ်တာ ရယူပြီးရင်တော့ စတင်လုပ်ဆောင်လို့ ရပါပြီ။

ကျတော် လုပ်ပုံလုပ်နည်းကို တစ်ချက်ရှင်းပြပါရစေ။ (အဆင်မပြေသူများ အတွက်ပါ။)

သိပြီးသားဆိုရင်တော့ ကျော်ပြီးဖတ်လို့ရပါတယ်။

ပထမဦးဆုံး Phone ကို Fastboot mode ရောက်အောင် လုပ်ပေးရပါမယ်။

Fastboot mode ၀င်ရန် Phone ကို Volume up + Volume down + Power ကို 

တွဲပြီး နှိပ်လိုက်ပါ။

Huawei Logo တက်လာပြီဆိုရင် Volume up နဲ့ Power ကို လွှတ်ပြီး Volume down

ကို ဆက်ဖိပြီး Phone နဲ့ PC (Computer) ကို connect လုပ်ပေးပါ။

Phone မှာ Driver Run နေပါမယ်။

အမှန်ခြစ်လေးပြပြီး PC မှာ Phone ကို သိပြီဆိုရင် ဒေါင်းထားတဲ့ bat file ကို ဖွင့်လိုက်ပါ။

Auto အလုပ်လုပ်သွားပြီး Phone မှာ Reboot ကျပြီး ပြန်တက်လာပြီဆိုရင်တော့

USB Debugging တို့ Unknow Source တို့ on ပေးပြီး

နှစ်သက်ရာ Root Tool တစ်ခုခုနဲ့ Root လုပ်နိုင်ပါပြီ။

ကျတော်ကတော့ V-Root နဲ့ Root ပြီး Smart_Zawgyi_Pro

နဲ့ Myanmar Font ထည့်လိုက်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Credit : Ko Ye Lin Aung

ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်

အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။

..........::::: အဆင်ပြေပါစေ :::::.........
 
Posted by: Ko Htoo

Friday, October 18, 2013

Huawei G610s မြန်မာဖောင့် ထည့်သွင်း အသုံးပြုနည်း ( မြန်မာစာ မှန်ကန်သွားပါပြီ)

Huawei G610s မြန်မာဖောင့် ထည့်သွင်း အသုံးပြုနည်း ( မြန်မာစာ မှန်ကန်သွားပါပြီ)

Huawei G610s ကို zawgyi font အမှန်အကန် မြန်မာစာ မှန်ကန်သွားပါပြီ ။
 HTC ရဲ့ စံပြ Font လုံးဝမသုံးပဲ Zawgyi Fonts ကို သုံးပြီး အောင်မြင်သွားတာဖြစ်ပါတယ်။
 အခု Tool လေးကို Develop လုပ်ထားသူကတော့ ကိုပြည့်စုံ (MobiMax) မှဖြစ်ပါတယ်။
ဇော်ဂျီဖောင့်လုံးဝမသွင်းရသေးသော ဖုန်းများအတွက်  ကတော့ မိမိ ဖုန်းကို Root လုပ်ထားဖို့တော့လိုအပ်ပါမယ်။
 အရင်ဆိုံးလိုအပ်သော ဖိုင်ကို ဒေါင်းလော့အရင်စဆွဲလိုက်ပါမယ် ။

https://www.dropbox.com/s/huoxyzeibqmfgv4/Huawei%20%20G610s.rar

အပေါ်ကလင့်ကို ဒေါင်းပြီး Rar ဖိုင်ကို ဖြည့်ပါ။ အထဲတွင်   Original Fonts.rar       ဖိုင်နှင့် Zawgyi Font One Click Install.rar  ဟု  ရလာတဲ့ ဖိုင်ထဲမှ Zawgyi Font One Click  ကို  Rar ဖိုင်ကို ဖြည့် ပါ ထိုအထဲမှ
GG10S Zawgyi Font One Click Install.exe ဖိုင်ကို Run ပါ။
 ပြီးရင် Press Any Key ကိုနှိပ်ပါ။
ဖုန်းမှာ Root Access တောင်းလျှင် Allow ကိုနှိပ်ပါ။
ပြီးလျှင် ဖုန်းအလိုလျှောက် Reboot ကျပြီး ပြန်တက်လာလျှင်
Myanmar fonts ရရှိမှာဖြစ်ပါတယ်။

မြန်မာစာဖောင့် ထည့်ထားပြီး မြန်မာစာမမှန်သေးတဲ့ ဖုန်းများအတွက်ကတော့
Oringinal Fonts.Rar အဲဒီထဲက Root Explorer apk ကိုဖုန်းမှာ install လုပ်ပါ။
 နောက်တစ်ဖိုင်ဖြစ်တဲ့ Fonts Folder ကိုတော့ ဖုန်းမန်မိုရီကဒ် ထဲတည့်ပါ ။
ပြီးလျှင် RootExplorer ကို အသုံးပြုပြီး System/Fonts folder ထဲသို့ ထည့်ပါ။
Replace လုပ်ထည့်ပါ။ ပြီးလျှင် ဖုန်းကို Reboot လုပ်ပါ
 ပြီးလျှင်  Zawgyi Font One Click  ကို  Rar ဖိုင်ကို ဖြည့် ပါ ထိုအထဲမှ
GG10S Zawgyi Font One Click Install.exe ဖိုင်ကို Run ပါ။
 ပြီးရင် Press Any Key ကိုနှိပ်ပါ။
ဖုန်းမှာ Root Access တောင်းလျှင် Allow ကိုနှိပ်ပါ။
ပြီးလျှင် ဖုန်းအလိုလျှောက် Reboot ကျပြီး ပြန်တက်လာလျှင်
Myanmar fonts ရရှိမှာဖြစ်ပါတယ်။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Credit to : http://www.zealot-mko.com
Cread To ကိုပြည့်စုံ (MobiMax)

Tuesday, September 10, 2013

Y320-U10 Myanmar Font

 
Phone ကို V-Root ဖြင့် Root လိုက်ပါ။ ပြီးရင်တော့
BusyBox_Pro_8.9_2.apk ကို Install ပါ။
Root-explorer-v2.17.2.apk ကို install ပေးပါ။Root Explorer ကို ဖွင့်လိုက်ပါ။ SD Card ထဲမှာသွားပြီး .fontschanger ဆိုတဲ့ Folder လေးထဲသွားပါ ။ Smart Zawgyi.ttf ကို အဲဒီ .fontschanger Folder ထဲကိုထည့်လိုက်ပါ။
FontChangerLite လေးကိုဖွင့်ပါ။
ပြီးရင် Menu key ကိုနှိပ်ပြီး Advance ကိုရွေးပေးပါ။အဲဒီအထဲက
DroidSansThai.ttf ဖိထားလိုက်ပြီးSet ကိုရွေးလိုက်ပါ။ပေါ်လာတဲ့အထဲက မိမိထည့်ထားသောဖောင့်(Smart Zawgyi.ttf)ကိုရွေးပေးပါ။  Apply ကိုနှိပ် Reboot ပေးလိုက်ပါ။
စက်ပြန်တက်လာရင်တော့ မိမိနှစ်သက်ရာ Keyboard လေးထည့်သွင်းပြီးတော့ အသုံးပြုနိုင်ပါပြီ။

V-Root
http://www.mediafire.com/download/idsvi99ekijtjgv/VRoot_1.5.2.3544_Setup.7z  
ဒေါင်းရန်

Saturday, July 20, 2013

G610S အထွက် (လုံးဝ)မှန်မည့် မြန်မာဖောင့်


 ဒီဖောင့်ကိုအားတို့အားလုံးပိုင်တယ် ဆိုပြီးတော့ Kyaw Swar Thwin ကနေ ဖန်တီးလိုက်ပါတယ်ဗျာ။ ကိုကျော်စွာသွင်ရေ ဒီနေရာကနေ Andriod ဖုန်းပိုင်ရှင်အားလုံးအတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ဂုဏ်လည်းယူပါတယ်။ ဂုဏ်ပြုလိုက်ပါတယ်ဗျာ။ ကိုကျောစွာသွင်ရဲ့ပုံပါထည့်ပေးလိုက်ပါတယ်ဗျာ။

မြန်မာစာလုံးဝမှန်ရမည် Smart Zawgyi...
G610S မကလို့ ဘာလာလာကွာ
လူကြိုက်အများဆုံး နောက်ဆုံးထွက် Frozen Keyboard Pro နဲ့လဲရတယ်
တရုတ်စာဘာစာညာစာလဲရတယ်
ရှိသေးရင်စမ်းကြည့် အရင် Gingerbread Sony တွေမှာ
ဖောင့်တစ်ခုထဲနဲ့ဖုန်းအတော်များများရမယ်
ကြိုက်သလိုရှယ်ကြိုက်သလိုပြင်ကြိုက်တဲ့ Software တွေထဲထည့်သုံးနိုင်ပါပြီဗျာ။
Smart_Zawgyi ဒေါင်းရန်  
Credit to: ကိုကျော်စွာသွင် (https://www.facebook.com/kyawswar.thwin.16?hc_location=stream)
Posted by: စိုင်းမောင်မောင် (Five Star Mobile)

Thursday, July 18, 2013

Huawei G610 Myanmar Font


အခုတင်ပြမယ့် အကြောင်းအရာကတော့...Huawei G610 မှာ...Myanmar Font ထည့်နည်းကို....
အဆင့်ဆင့်တင်ပြသွားမှာ...ဖြစ်ပါတယ်....။
ပထမဆုံး...၀န်ခံလိုတာကတော့...ကျွန်တော်....စံမြန်မာရဲ့... Sanpya.ttf ကို..ယူသုံးထားပါတယ်...။
စီးပွားရေးအရ....ဘာရည်ရွယ်ချက်မှ...မရှိပါဘူး....မြန်မာစာ(ဇော်ဂျီ)..အဆင်မပြေတာလေးကို.....
စမ်းသပ်ပြီး...ရရှိလာတာလေးကို...ဘ၀တူချင်း...မျှဝေပေး...တာ...ဖြစ်ပါတယ်....။ ကျွန်တော်ကတော့...
font မဖန်တီးနိုင်သေးပါ...။အခုတင်ပြချက်ကို...လေ့လာပြီး....စံမြန်မာကို လေ့လာပြီး...zawgyione font
ကို...ပြုပြင်ပြောင်းလဲပေးနိုင်မည့်သူများကိုလည်း...ဖိတ်ခေါ်ပါတယ်...ခင်ဗျာ.......။


ပထမဆုံး...root အရင်လုပ်ပါ။မလုပ်သေးပါက...vroot 1.4.2 နဲ့...လုပ်နိုင်ပါတယ်...။

V Root 1.4.2





root ပြီးပြီဆိုရင်တော့....root explorer လေးကို...အောက်မှာ..ဒေါင်းပြီး...သွင်းထားလိုက်ပါ။

Root Explorer

root explorer သွင်းပြီးရင်တော့....အောက်ကလင့်မှာ...fonts.7z ကို..ဒေါင်းပါ။ပြီးရင်...ဖြည်လိုက်လို့..
ထွက်လာတဲ့...fonts..ဆိုတဲ့ဖိုဒါကို ဖုန်းရဲ့ Internal Storage ထဲကို...အရင်ကူးထည့်လိုက်ပါ.ပြီးရင်root explorer ကို...အသုံးပြုပြီး..."system\" အောက်ကို..ကူး
ထည့်ပေးပါ...။(system အောက်မှာ...အစကတည်းက...fonts ဆိုတဲ့...ဖိုဒါ..ရှိပြီးသားပါ...အဲဒီနေရာမှာ
အစားထိုးလိုက်တဲ့...သဘောပါ။) see--> figure 01

fonts

figure 01->>



ကူးတာ...ပြီးသွားပြီဆိုရင်တော့...ဘယ်ကိုမှ...မသွားတော့ဘဲ.... power ပိတ်တဲ့...ခလုတ်ကို...အသုံး
ပြုပြီး...ပိတ်လိုက်ပါ။ပြီးရင်...ပြန်ဖွင့်ပါ...ပြန်တက်လာပြီဆိုရင်တော့...ပထမအဆင့်ပြီးသွားပါပြီ။
ပြန်တက်မလာရင်တော့...firmware ပြန်တင်ရပါမယ်...ခင်ဗျာ...။
G610-U00 firmware download

နောက်ထပ်အဆင့်ကတော့....huawei font ဆိုတဲ့..ဇစ်ဖိုင်ကို...ဒေါင်းပါ။
huawei font

အဲဒါလေးကို...ဖြည်လိုက်တဲ့...အခါမှာ...."fallback_fonts" နဲ့ "Sanpya"ဆိုတဲ့...ဖိုင်နှစ်ခုတွေ့ရပါမယ်..။
အဲဒီနှစ်ဖိုင်လုံးကို...ဖုန်းရဲ့ Internal Storage ထဲကို...အရင်ကူးထည့်လိုက်ပါ။

fallback_fontsဆိုတဲ့ xml ဖိုင်ကို root explorer ကို..အသုံးပြုပြီး.....figure-> 2 မှာ..ပြထားတဲ့..အတိုင်း system\etc\ အောက်ကို..ကူးထည့်လိုက်ပါ...။
(ရှိပြီးသား...မူရင်း..နေရာမှာ..အစားထိုးလိုက်တာပါပဲ)

figure 02->

နောက်တစ်ဆင့်ကတော့....Sanpya ဆိုတဲ့..ဖောင့်ဖိုင်ကို...figure->3မှာပြထားတဲ့အတိုင်း...
system\fonts\ အောက်ကို..ကူးထည့်လိုက်ပါ။
ပြီးရင်တော့...ဘယ်မှ..မသွားဘဲ...ပါဝါ တန်းပိတ်ပြီးပြန်ဖွင့်ပါ။(restart ချပါ။)
ပြန်တက်လာပြီိဆိုရင်တော့...frozenkeyboard 1.1.3 ကို...အသုံးပြုပြီးစမ်းကြည့်နိုင်ပါပြီ။

frozenkeyboard 1.1.3

figure ->3

အားလုံး...အဆင်ပြေကြပါစေ...။

ငလူ (Nga Luu)

(လက်ဆော့သူမဟုတ်ပါ....နည်းပညာတွေကို..ဥာဏ်မီသလောက်လေ့လာနေသူပါ Mobile Mother
ရဲ့..fb pageမှာ....လက်ဆော့သူ ငလူ လို့.. ရေးထားလို့ပါ။..စိတ်တော့မဆိုးပေမဲ့..အောင့်
သက်သက်နဲ့ဗျာ...)
(မှတ်ချက်။   ။ကျွန်တော်...စမ်းပြီးသား..ဖြစ်လို့...ဒီ..ပို့စ်ကို...တင်တာပါ...။ဒါပေမဲ့....လုပ်ရင်း...ကိုင်ရင်း
နောက်ဆက်တွဲ...ဖြစ်လေ့..ရှိတတ်သော...ပြဿနာများကိုတော့...တာဝန်ယူမှာမဟုတ်ပါ။)



Credit to: Nga Luu
              http://amarasuper.blogspot.com/2013/07/huawei-g610-myanmar-font.html?showComment=1374155099331#c1348746927855802158 

Posted by: စိုင်းမောင်မောင် (Five Star Mobile)

Saturday, July 6, 2013

Huawei Y310-T10 Y310S CWM + ROOT

Huawei Y310-T10 Y310S CWM + ROOT ပါ pac နဲ့ လုပ်ရပါမယ်လိုအပ်ဒါလေးတွေ အောက် ကလင့်မှာဒေါင်းလိုက်ပါ







Y310S Y310-T10 CWM

http://www.mediafire.com/download/xaja5c4163yjoek/Y310S_Y310-T10_CWM_Upload_By_Chitsanmg19.rar

SuperSU-PRO-1.25.zip

http://www.mediafire.com/download/vnmn977907pq6wa/SuperSU-PRO-1.25.zip

Y310S Y310-T10 ResearchDownload

http://www.mediafire.com/download/3lx0h2exghq9m7v/Y310S_Y310-T10_ResearchDownload_-_R2.9.7005_Upload_By_Chitsanmg19.rar

Cwm သွင်းနည်းကတော့ Y220T Root လုပ်တုန်းကလိုပါဘဘဲ Cwm သွင်းပြိးပြိ ဆိုရင်


SuperSU-PRO-1.25.zip  ကို sd card ထံ ထည့်ပါ Vol down + powerိကိုနိုပ်ထားပါ CWM ထဲရောက်သွားပါမယ်

 တရုတ်စာကြားက Zip ဆိုတဲ့ စာပါတဲ့ စာကြောင်းကနေ  install လုပ်ပေးလိုက်ပါ

ပြိရင်း Reboot လုပ်လိုက်ပါ ဖုန်းပြန်တက်လာရင် Root ပြိးပါပြိး


အားလုံးအစဉ်ပြေပါစေ

ကျွန်တော်ရဲ့  ပုံမှန်ဘဝထဲကို ပြန်လည်တိုးဝင်ဖို့  ကြိုးစားနေပေမယ့် ကျွန်တော်ဟာ ဘယ်တော့မှ စက်ရုပ်ဖြစ်လာမှာ မဟုတ်ပါဘူးကျွန်တော့် လည်ပြွန်ထဲမှာ ပန်းသီး တစ်ဖဲ့ ရှိနေသ၍ပန်းသီးအိမ်မက်ကို ကျွန်တော် ဆက်မက်နေဦးမှာပါ posts ရေးသားသူ Chitsanmg19 လိုအပ်တဲ့  software များနဲ့  ios အတွက်များကို skidrow993@gmail.com မှာမေးပို့ ပေးထားပါ လင့်တွေပြန်တင်ပေးပါမယ်

Thursday, June 13, 2013

Y500-T00 ကို ROOT ဖောက်မယ်ဗျာ

 
Y500-T00 အတွက် Root ဖောက်လို့ရပြီနော်။ သူမှာ နဂိုကတည်းက ဇော်ဂျီဖောင့်ရော မြန်မာ၃ ဖောင့်ရော ပါပြီးသားပါ။ FrozenKeyboard လေးထည့်ရုံနဲ့တင် မြန်မာလို့ရိုက်လို့ရနေပါပြီ။ အဲဒါက ZawgyiOne ကို Default ပေးထားလို့ပါ။ 
အဲဒီလိုမဟုတ်ဘဲနဲ့  ROOT ချင်တယ် ဆိုရင်တော့ VRoot လေးနဲ့ အမြစ်တူးလိုက်ပါ။ တော်တော်တော့စောင့်ရပါတယ်..V Root 1.3.2 သို့ 1.4 နဲ့အမြစ်တူးပါ။ REBOOT သုံးခါလောက်ဖြစ်ပါတယ်။ 
နောက်ဆုံးပြန်တက်လာရင် ROOT ရပါပြီ....
ဒီနည်းနဲ့မရခဲ့ရင် insecure boot img လေးကို Fastboot ကနေ Flash လိုက်ပါ။ ပြီးရင် ROOT TOOL တခုခုနဲ့အမြစ်တူးလိုက်ပါ ကျွန်တော်ကတော့ unlock root နဲ့
အမြစ်တူးပါတယ်။ ပြန်တက်လာလို့ Super User တွေ့ရရင် အမြစ်တူးပြီးပါပြီ။

Fastboot mode က vol up + Power ပါ...
Recovery mode ကတော့ Vol up+ Power စာပေါ်နေရင် vol down နှိပ်ပေးလိုက်ပါ.....

insecure boot img လေးနဲ့ vroot 1.4 ဒေါင်းလုပ် ဖို့လင့်ပေးထားပါတယ်...

Vroot ဒေါင်းဖို့ပါ
insecure boot image ဒေါင်းဖို့ပါ 
Credit to: Oo JojOe    http://www.facebook.com/groups/MandalayHuaweiMobile/

 

Tuesday, June 11, 2013

Huawei4.1.1 ကို Bootloader Unlock မလုပ်ဘဲတစ်ချက်တည်းနဲ့ Root မယ်

 

 Download လုပ်ထားတဲ့ Software လေးကို install လုပ်လိုက်ပါ။
ပြီးရင် ထုံးစုံအတိုင်း USB Debugging လေး On ထားလိုက်ပေါ့။
ဖုန်းကို USB ထိုးပြီး Root ခလုပ်လေးကိုနှိပ်လိုက်ပါ။
ဖုန်းက Reboot ကျသွားပြီး Recovery mode ထဲကို ရောက်သွားပါလိမ့်မယ်။
ခဏလေးဘာမှမနှိပ်ဘဲ သည်းခံပြီးစောင့်ပေးပါ။
ပြီးရင် Reboot ထပ်ကျပါလိမ့်မယ်။
စက်ပြန်တက်လာရင် Super User လေးနဲ့လန်းနိုင်ပြီနော်။

 မြန်မာစာထည့်ဖို့အတွက် ဇော်ဂျီ changer ကိုသုံးတဲ့အခါ super user က Allow လုပ်မှာလားလို့မေးလိမ့်မယ်။ တရုတ်လိုဖြစ်နေပါလိမ့်မယ်။ ခလုပ်နှစ်ခုထဲက ညာဘက်ကခလုပ်ကိုရွေးလိုက်ပါ။

အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

ကျွန်တော်စမ်းထားတဲ့အလုံးတွေကတော့
G510(B173)
Y300C(B168)
Y300
C8813(B169)
C8813D(B172)
တွေမှာ အားလုံးအဆင်ပြေပါတယ်။ သူငယ်ချင်းများ စမ်းလို့အဆင်ပြေတဲ့ Model ရှိရင် commant လေးပေးပြီးအကြံပြုပေးကြပါဦးဗျာ။

Download ဆွဲရန်

Posted by: စိုင်းမောင်မောင်(Five Star Mobile)