Thursday, February 27, 2014

C8816 ( Android 4.3 Build Number 174 ) Firmware

C8816 ကို မြန်မာစာထည့်ချင်သူတွေအတွက် Root ဖောက်စရာမလိုပါဘူး။ မြန်မာစာထည့်စရာမလိုပါဘူး။

သူ့မှာကို က Hauwei ကုမဏီက နေ တစ်ခါတည်း မြန်မာစာထည့်ပေးလိုက်ပြီဂျာ။
ကြိုက်နှစ်သက်တဲ့ Myanmar Keyboard လေးထည့်သုံးရုံပါဘဲ။ ချိတ်တောင်မကောင်းဘူး ခိခိ။

Official Firmware လိုအပ်သူတွေကတော့ အောက်ကလင့်ကနေ ဒေါင်းလိုက်တော့နော်။

http://download-c.huawei.com/download/downloadCenter?downloadId=18473&version=27774&siteCode=cn

Sunday, February 23, 2014

MPT Gadget v1.0 for Android





Android ဖုန်းတွေအတွက် မြန်မာဆော့ဝဲအလန်းလေးတစ်ခုထပ်မံထွက်ရှိလာပါတယ်။
ယင်းဆော့ဝဲရဲ့နာမည်ကတော့ MPT Gadget လို့ခေါ်ပါတယ်။ ဒီဆော့ဝဲလေးရဲ့ထူးခြားချက်ကတော့
တခြားဖုန်းငွေစစ်ဆော့ဝဲတွေလို ဆော့ဝဲလေးအနေနဲ့တင်အသုံးပြုနိုင်ရုံသာမက ဖုန်းရဲ့ Home Screen
ပေါ်မှာပါ Widget Style အနေနဲ့လည်းအသုံးပြုနိင်မှာဖြစ်ပါတယ် ။

MPT Gadget ကိုရေးသားသူကတော့
Developer ကို ချမ်းမြေ့ကိုကို ဖြစ်ပါတယ်။

MPT Gadget v1.0 for Android ကို အောက်ကလင့်မှာယူလိုက်ပါ။

  
Post by: Ko Htoo(myanmar mobile tutorial facebook group)





Credit : ကိုချမ်းမြေ့ကိုကို

Nan Thiri Mg application for Andriod



နန်းသီရိမောင်ရဲ့ လန်းချက် (၉)လောက်ရှိတဲ့ ပုံတွေကို Andriod Application လေးလုပ်ပေးလိုက်ပါတယ်ဗျာ။
Android Magazine App Maker Professional နဲ့ လုပ်ထားတာပါ။
နန်းသီရိမောင်ရဲ့ ပုံပေါင်း 605 ပါတယ်နော်။

ဒေါင်းလိုက်ကြစို့


 
http://www.mediafire.com/download/6my3txk9ddx7kdl/Nan_Thiri_Mg.apk

Khin Wint War application for Andriod



Miss Myanmar ခင်ဝင်ဝါရဲ့ ပုံအလန်းလေးတွေ apk ထပ်လုပ်ထားပါတယ်။

ဒေါင်းလိုက်ကြစို့


http://www.mediafire.com/?c791b6w3agj8tdg

Huawei ရဲ့ စမတ်နာရီ အသစ်



Huawei Fun တွေတော့ စိတ်ဝင်စားမယ်ထင်ပါတယ်။ ဟန်းဆက်တွေနဲ့ မိုဘိုင်း အသုံးအဆောင် ပစ္စည်းတွေကအစ ဈေးနှုန်းချိုသာလေ့ရှိတဲ့ ‪#‎Huawei‬
ဟာ ယခု ထွက်ရှိမဲ့ Huawei စမတ်နာရီသာ အမှန်အကန်ထွက်ရှိခဲ့ပါမူ ကြိမ်းသေ ဈေးနှုန်းပိုင်းမှာလည်း ချိုသာလို့ မြန်မာပြည် Huawei ပရိသတ်တွေ
စမတ်နာရီ ကိုယ်တွယ် ၀တ်ဆင်နိင်ဦးမှာ ဖြစ်ပါတယ်။
အမှန်အကန် စမတ်နာရီ၊

အထက်ပါပုံကတော့ တရုတ်ဆိုရှယ်နက်ဝပ်လ် တစ်ခုဖြစ်တဲ့ Weibo က ထွက်ရှိလာတဲ့ စမတ်နာရီ သတင်းထွက်ရှိမူ မကြာခင်တွင် Huawei က တင်လိုက်တဲ့ စမတ်နာရီ ပုံဖြစ်ပါတယ်။

Huawei ကုမ္ပဏီအနေနဲ့ မိုဘိုင်းဝေါ့လ်ကွန်ဂရပ်စ်တွင် မိတ်ဆက်ဖို့ မျှော်လင့်ထားပြီး မကြာခင် ရက်အနည်းငယ်အတွင်းမှာ တော့ အဆိုပါ စမတ်နာရီနဲ့ ပတ်သက်သော သတင်းအချက်အလက်များကို သိရတော့မှာ ဖြစ်ပါတယ်။

Cridit to :: Aung Heine ( www.smart.com.mm )

HTC စမတ်နာရီ မိတ်ဆက်မည်



လာမယ့်အပတ် Mobile World Congress မှာ ထိုင်ဝင် HTC ဟာ Samsung နဲ့ Sony ကိုယှဉ်ပြိုင်မယ့် စမတ်နာရီ တစ်မျိုးကို စတင် မိတ်ဆက်ပြသ မှာ ဖြစ်ကြောင်း သိရ ပါတယ်။ မိတ်ဆက်ပြသပြီးရင်တောင်မှ ချက်ချင်း ထုတ်လုပ်ရောင်းချမှာ မဟုတ် ပါဘူး။ ၂၀၁၄ ခရစ်စမတ်ပြီးမှ ရောင်းချနိုင်မှာ ဖြစ်ကြောင်း ခန့်မှန်းပြောဆို ထားပါတယ်။ အကြောင်းကတော့ မျက်နှာပြင် ဖြစ်ပါတယ်။ Mirasol screen technology ကို အသုံးပြုပြီး သာမန် စမတ်နာရီ၊ စမတ်ဖုန်းများထက် စွမ်းအင် အသုံးပြုမှု အတော်လေး သက်သာမှာ ဖြစ်ပါတယ်။ Ultra low power usage ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့် ထွက်ရှိလာရင်တော့ စမတ်နာရီလောက ကို တစ်ခေတ်ဆန်းစေမယ့် နာရီ တစ်မျိုး ဖြစ်ပါတယ်။ အခြားသော စမတ်နာရီ Feature အားလုံး ကတော့ Samsung, Sony တို့နဲ့ သိပ်ကွာမယ့် ပုံ မပေါ် ပါဘူး။ ဒီဇိုင်းကတော့ HTC ရဲ့ အသွင်အပြင် မပျက်အောင် ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

HTC ဟာ စမတ်နာရီ ပြီးရင် AMOLED မျက်နှာပြင် အသုံးပြု၊ Google Now ပါဝင်တဲ့ စမတ်နာရီ နောက်တစ်မျိုးလည်း ထုတ်လုပ်အုံးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ပြီးရင် စမတ်လက်ပတ်လည်း ထုတ်လုပ်ပြီး ဖန်သား မျက်နှာပြင်သေး ပါဝင်လို့ သီချင်းနားထောင်လို့လည်း ရမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ စမတ်နာရီ၊ စမတ် လက်ပတ် ထုတ်လုပ်မှုမှာလည်း HTC က ဈေးကွက် တစ်ခု ရရှိ နိုင်ပါတယ်။ လာမယ့် အပတ် ဘာစီလိုနာ မှာ ကျင်းပမယ့် Moblie World Congress မှာတော့ စမတ်နာရီ တစ်မျိုးကို အရင် မိတ်ဆက် ပြသ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Credit to: Aung Kham ( www.smart.com.mm )

iPhone 6 နဲ့ iWatch မှာ အဖိုးတန်ကျောက် မျက်နှာပြင် သုံးမည်



Sapphire Crystal လို့ခေါ်တဲ့ အဖိုးတန် ကျောက်မျက်ရတနာ ကို အသုံးပြုပြီးတော့ iPhone 6 နဲ့ iWatch တို့ရဲ့ မျက်နှာပြင် ကို ပြုလုပ် မှာ ဖြစ်ကြောင်း သိရ ပါတယ်။ Apple က တရားဝင်ပြောဆိုတာ မဟုတ်သေးပေမယ့် အိုင်တီ မီဒီယာ အများစု က ဖော်ပြ လာတဲ့ သတင်း တစ်ရပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ကတည်းက Apple တို့က Sapphire Crystal ကို အသုံးပြုလို့ ဖန်သား မျက်နှာပြင် ဖန်တီးဖို့ စိတ်ကူး ရှိခဲ့ကြောင်း ဆိုပါတယ်။ iPhone6 ရဲ့ မျက်နှာပြင် အရွယ်အစားက ၅ လက်မ ရှိကြောင်း ဆိုပါတယ်။ ၄.၅ လက်မ အရွယ် မဟုတ်တော့ ပါဘူး။ iWatch လို့အမည်ပေးထားတဲ့ စမတ်နာရီလည်း ထွက်ရှိမှာ ဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင် iPhone တစ်လုံးနဲ့တစ်လုံး မိတ်ဆက်တာ၊ ရောင်းချ တာ တစ်နှစ်ခြားပါတယ်။ ဒီနှစ်တော့ စောစောစီးစီး ထွက်ရှိမှာ ဖြစ်ပါတယ်။ Appple 6 ကို ပုံမှန် ထုတ်နေကျ ၄.၅ လက်မ နဲ့ ၅ လက်မ အမျိုးအစား ဆိုပြီးတော့ ခွဲခြား ထွက်ရှိမယ်လို့ကော ပြောဆိုနေကြကြောင်း သိရ ပါတယ်။
 

Credit to: Aung Kham ( www.smart.com.mm )

၂၀၁၅ အတွင်းက စတီးဂျော့ဗ် စာပို့တံဆိပ်ခေါင်း



နည်းပညာဖခင်ကြီး တစ်ဦးဖြစ်တဲ့ စတီးဂျောဗ့်ကို ဂုဏ်ပြုသောအားဖြင့် အမှတ်တရ အထိမ်းအမှတ်ကျင်းပ ခြင်းဖြစ်ပါတယ်။ စာပို့တဲ့နေရာတွေမှာ စတီးဂျောဗ့်ပုံပါသည့် စာပို့တံဆိပ်ခေါင်းများ အသုံးပြုကာ စာပို့တဲ့ခြင်းကို လုပ်ဆောင်လာနိင်မှာ ဖြစ်ပါတယ်။ Apple ရဲ့ co-founder တစ်ဦးဖြစ်သူ စဟတီးဂျော့ဗ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထိုတံဆိပ်ခေါင်းများတွင် ဌင်းပုံကို ၂၀၁၅ နှစ်တွင် စတင်ကာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ US စာပို့ခြင်းဝန်ဆောင်မူ လုပ်ငန်းက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ ၀ါရှင်တန် ပို့စ်မှ ပြီးခဲ့တဲ့ကြသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ လာမည့် စာပို့တံဆိပ်ခေါင်းဂုဏ်ပြုခြင်းစာရင်းများက တစ်ဆင့် သိရှိရခြင်း ဖြစ်ပါတယ်။

Source: Washington post
Credit to: Aung Heine ( www.smart.com.mm )

အပါးလွှားဆုံး ဖုန်း တစ်လုံးဖြစ်စေမဲ့ Gionee Elife S5.5




Hauwei နဲ့ Oppos တို့လို့ China ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Gionee ဟာ ကမ္ဘာ့ အပါးလွှားဆုံးဖြစ်တဲ့ Elife S5.5 ကို ထုတ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အထူ 5.5mm နဲ့ ဖြစ်မဲ့ Elife S5.5 ဟာ i Phone 5s(7.6mm), ViVo X3 (5.75mm ) တို့ကိုကျော်လွန်လို့ အပါးလွှားဆုံး ဖုန်းတစ်ခု အဖြစ် တည်ရှိဖို့ ရှိပါတယ်။ ဖုန်းတစ်လုံးမှာ အရေးကြီးဆုံးအရာ တစ်ခု ဖြစ်တဲ့ ဘတ္တရီအားဖြည့်မူအပိုင်းမှာလည်း တစ်နေ့လုံးသုံးနိင်စေမဲ့ 2300mAh ဘတ္တရီကို အသုံးပြုလို့ထားမှာ ဖြစ်ပါတယ်။ အသေးစိတ်အတွင်းအချက်အလက်အနေနဲ့ မသိရှိရသေးပေမဲ့ 1.7GHz quad-core CPU, 2GB of RAM , ကင်မရာအားဖြင့် အနောက် 13-megapixel၊ အရှေ့ 5-megapixel တို့ကို တပ်ဆင်သွားမှာပါ။ LTE ဗားရှင်းကို ဇွန်လထဲတွင်ရရှိမှာ ဖြစ်ပြီး 3G model ကိုတော့ China မှာ ကြိုတင်အော်ဒါမှာယူနိင်နေပါပြီ။ နိင်ငံပေါင်း ၄၀မှာ ဖြန့်ဖြူးသွားမှာ ဖြစ်ပြီး သုံးစွဲသူများအနေနဲ့ အနည်းငယ်စောင့်ဆိုင်းရဖို့တော့ ရှိနေပါတယ်။

Credit to: Aung Heine ( www.smart.com.mm )

LG G flex မြန်မာပြည်မှာ ဝယ်နိုင်ပြီ



ကွေးကောက်လို့ရတဲ့ LG ရဲ့ G Flex စမတ်ဖုန်းကို သိတဲ့သူများ သိကြမယ် ထင်ပါတယ်။ ယခု အဲ့ဒီဖုန်းကို မြန်မာပြည်မှာ ဝယ်ယူ ရရှိ နိုင်ပါပြီ။ လက်တလော ဈေးက ၇၂၀၀၀၀ ကျပ် ဖြစ်ပါတယ်။ LG G flex က LG G2 ထက် ပိုမြင့်တဲ့ Specification များ ပါဝင် ပါတယ်။ အဓိက အထူးခြားချက် တစ်ခု ရှိပါတယ်။ အဲ့ဒါက Self Healing ပါ။ ဘယ်လို အစင်းရာ၊ ခြစ်ရာတွေပဲ ထင်ထင် သူ့ဘာသူ ပြန်ကောင်း နိုင်တဲ့ နည်းပညာ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ဖုန်းကို ပျော့ပြောင်းတဲ့ အသွင်အပြင် ရှိအောင် အသုံးပြုတဲ့ ပစ္စည်းများက သာမန်ဖုန်းတွေနဲ့ မတူပါဘူး။ ဖန်သားမျက်နှာပြင်က အစ ဖြစ်ပါ တယ်။ နောက်ထပ် ထူးခြားချက်က ကွေးကောက်ပြီး Lock ချ၊ unlock လုပ်တဲ့ function တွေ၊ ဂိမ်းတွေ ပါဝင် ပါတယ်။ နဝေးဒေးလမ်းနဲ့ ရွှေဒဂုံဘုရားလမ်းထောင့်က The White House Collection က သတင်းပေးလို့ Smart က သိရှိရ ပါတယ်။ thewhitehouse.mm@gmail.com ကိုလည်း စုံစမ်း မေးမြန်း နိုင်ပါတယ်။
 

Credit to: Aung Kham ( www.smart.com.mm )

WhatsApp ကို Facebook တို့ အပြီးပိုင် ဝယ်ယူ



WhatsApp လို့အမည်ရတဲ့ ကမ္ဘာ့လူသုံးများ Messaging App တစ်ခုကို Faecbook တို့ အပြီးတိုင် ဝယ်ယူ လိုက်ကြောင်း သိရ ပါတယ်။ ငွေကြေး အားဖြင့် ၁၆ ဘီလျံနဲ့ ဝယ်ယူလိုက်ခြင်း ဖြစ်ပြီး WhatsApp ဝန်ထမ်း များကို ၃ ဘီလျံ ပေးအပ်ခြင်းကြောင့် စုစုပေါင်း ၁၉ ဘီလျံ တန်ဖိုးနဲ့ ဝယ်ယူ လိုက်ခြင်း ဖြစ်ပါတယ်။ လက်ရှိ WhatsApp ကို အသုံးပြုသူ ကမ္ဘာပေါ်မှာ သန်း ၄၅၀ ကျော် ရှိပြီး Facebook နဲ့ ပူးပေါင်းလိုက်ခြင်း ကြောင့် ၁ ဘီလျံမကသော ကမ္ဘာ့လူဦးရေ သို့ ပျံ့နှံ့စေမှာ ဖြစ်ကြောင်း ဇူကာဘတ်က ဆိုပါတယ်။ လက်ရှိ Facebook ရဲ့ အောင်မြင်နေတဲ့ Messenger နဲ့လည်း ပြိုင်ဘက် ဖြစ်စေမှာ မဟုတ်ကြောင်း ဆိုပါတယ်။ WhatsApp ကိုလည်း ဝယ်ယူလိုက်ပေမယ့် တစ်သီးတစ်ခြား ရပ်တည်စေမှာ ဖြစ်ပါတယ်။ ဝန်ထမ်းကော၊ စီအီးအို ကော လက်ရှိ လုပ်ကိုင်ပုံကိုကော ပြောင်းလဲမှာ မဟုတ် ပါဘူး။ WhatsApp ကို Android, iOS, Windows Phone, BlackBerry တို့မှာ အသုံးပြုနိုင်အောင် ဖန်တီး ထားပါတယ်။ ပထမနှစ် အသုံးပြုမှုအတွက် အခမဲ့ သတ်မှတ် ထားပြီး နောက်နှစ်တွေကျရင် တစ်နှစ်ကို ၉၉ ဆန့် ကောက်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီတော့ မြန်မာငွေ နဲ့ တွက်ရင် လက်ရှိကာလ အရ ၈၀၀ ဝန်းကျင်လောက် ကုန်ကျမှာ ဖြစ် ပါတယ်။ တစ်နှစ်စာဆိုတော့ တန်ပါတယ်။ သို့ပေမယ့် အရင်တုန်းက အခမဲ့ အသုံးပြုခွင့်ပေးခဲ့ ရာကနေ ငွေ စကောက်တာ ဆိုတော့ စီးပွားအမြတ် တစ်ခု ရှာဖွေခြင်း တစ်မျိုးသာ သာ ဖြစ်ပါတယ်။ အသုံးပြုသူ ၁ ဘီလျံရှိလာရင် တစ်ဦးကို ၁ ဒေါ်လာဆိုတော့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလျံက ဝင်နေမှာ ဖြစ်ပါတယ်။ Facebook က WhatsApp ကိုဝယ်ဖို့ အတွက် ၄ ဘီလျံကို လက်ငင်း ရှင်းလိုက်ပြီး ၁၂ ဘီလျံကို စတော့ထဲကနေ ပေးခြင်း ဖြစ်ပါတယ်။ WhatsApp အဖွဲ့မှလည်း Facebook နဲ့ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိခြင်း အတွက် အထူးပင် ဝမ်းသာကြောင်း ပြောကြားခဲ့ ပါတယ်။

Credit to: Aung Kham ( www.smart.com.mm )

ကိုရီးယားမှာ မိတ်ဆက်ပေးလိုက်တဲ့ LG G Pro 2



LG ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ LG G Pro 2 ဟာ တရားဝင်ထွက်ရှိလာခဲ့ပြီး ကိုရီးယားမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ LG ဟာ Samsung ရဲ့ Galaxy Note 2 ကို တိုက်ရိုက်ယှဉ်ပြိုင်ရန် G Pro ကို ထုတ်လုပ်ခဲ့ပေမယ့် ယခုအခါမှာတော့ ဈေးကွက်တွင်ရောက်နှင့်နေပြီးသော Galaxy Note 3 အပြင် အခြား phalet တန်းဝင်စမတ်ဖုန်းများကိုပါ

စိန်ခေါ်ယှဉ်ပြိုင်နိုင်ရန်အတွက် G Pro 2 ကို ပွဲထုတ်ခဲ့တယ်လို့ ယူဆရပါတယ်။ Snapdragon 800 platform ပေါ်မှာ အချိန်တော်ကြာ develop လုပ်ပြီးသွားတဲ့နောက် LG team ဟာ G2 မှာ ချန်ထားခဲ့ရတဲ့ camera feature တွေကို ထည့်သွင်းပေးလာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် LG G Pro 2 ဟာ ဗီဒီယိုတွေကို 120 frames per second နဲ့ ရိုက်ကူးပေးနိုင်ပြီး user တွေအနေနဲ့ ရိုက်ကူးထားတဲ့ဗီဒီယိုတွေကို 4X slow motion အနေဖြင့် 30 FPS ပြန်လည် playback လုပ်နိုင်ရုံသာမက သဘာဝမြင်ကွင်းတွေကို အသေးစိတ် နဲ့ အကောင်းဆုံးမြင်နိုင်တဲ့ 4K ဗီဒီယိုတွေကိုပါ ရိုက်ကူးပေးနိုင်ပါတယ်။



ဒါ့အပြင် LG က ပုံတွေကိုေ၀၀ါးခြင်းမရှိအောင် ဘယ် degree ကနေ ထိန်းချုပ်ရိုက်ကူးရမယ်ဆိုတဲ့ Magic Focus ဆိုတဲ့ feature သစ်ကိုလည်း မိတ်ဆက်ပေးခဲ့တဲ့အပြင် Natural flash ဆိုတဲ့ feature ကိုလည်း ပေါင်းထည့်ပေးထားပါသေးတယ်။ အဲဒီ feature က ပုံတွေကို ပိုပြီးသဘာဝကျကျမြင်နိုင်အောင် intensity နဲ့ flash color တွေကို လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိပေးပြီး Iphone 5s မှာပါတဲ့ flash technique နဲ့ သဘောတရားဆင်တူပါတယ်။ G Pro 2 ဟာ G2 လိုပဲ Snapdragon 800 2.26 GHZ processor နဲ့ Adreno 330 Graphic ပါဝင်ပြီး G2၊ G Pro တို့ထက် ပိုမိုကြီးမားတဲ့ 5.9" IPS 1080p display ကို တပ်ဆင်ပေးထားပြီး G Pro 2 မျက်နှာပြင်ဟာလဲ အကောင်းဆုံးဖြစ်နေမှာပါ။ ဖုန်း နဲ့ စနစ်တစ်ခုလုံးကို ပိုမိုကောင်းမွန်တဲ့ 3200mAh battery နဲ့ ထောက်ပံ့ပေးထားပြီး G flex ရဲ့ 3500 mAh၊ Huawei Mate 2 ရဲ့ 4000 mAh ဘက်ထရီတို့နဲ့ နှိုင်းယှဉ်ရင်တော့ မျက်နှာငယ်စေပါတယ်။ ကျောဘက်မှာ G2 camera ကဲ့သို့ ကောင်းမွန်ပြီး technical baseline တူညီတဲ့ 13 Megapixel ရှိတဲ့ main camera ကို တပ်ပေးထားပါတယ်။

အရွယ်အစားအနေနဲ့ 157,9 x 81.9 x 8.3mm (172g) ရှိပြီး ကျယ်ပြန်တဲ့ ဒီဇိုင်းက G2 နဲ့ တူညီနေသယောင်ရှိပါတယ်။ ထူးခြားမှုအနေနဲ့ LG ဟာ သူ့ရဲ့software team ကိုနှစ်ဆကျော် ပြန်လည်ဖွဲ့စည်းထားပြီး Andriod ကို ပိုမိုကောင်းမွန်စေခဲ့တာကြောင့် G Pro 2 မှာ မည့်သည့်ဖိုင်ကိုမဆို password ဖြင့် lock ချနိုင်တဲ့ privacy feature ဖြစ်သော Content Lock Feature ပါဝင်လာပါတယ်။ ဒါအပြင့် နည်းပညာမြင့်မားပြီး မျက်နှာပြင်ကြီးမားသော စမတ်ဖုန်းများမှာသာ တွေ့ရနိုင်တဲ့ specific feature တွေ ပါဝင်လာပါသေးတယ်။ အဲဒါတွေကတော့ ဖုန်းကို 3.4" to 4.7" နဲ့တူညီတဲ့ display ဖြစ်သွားအောင် ချုံ့ပေးနိုင်တဲ့ Mini View၊ screen မြင်ကွင်းကို နှစ်ခုခွဲပြီး browser နှစ်ခုပြိုင်တူအသုံးပြုနိုင်တဲ့ Split mode အပြင် LTE 4G ကွန်ရက်မှာလဲ အသုံးပြုနိုင်တဲ့ LG ရဲ့G Pro2 ဟာ နိုင်ငံတကာဈေးကွက်ထဲကို ဘယ်အချိန်ရောက်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Credit to: Smart Pro journal