Showing posts with label Mobile Phone News. Show all posts
Showing posts with label Mobile Phone News. Show all posts

Saturday, June 14, 2014

အရည်အသွေးမြင့် display ပါဝင်သည့် tablet ကွန်ပျူတာအသစ်များကို Samsung မိတ်ဆက်ပြသ



ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီးဖြစ်သည့် Samsung သည် လှပစိုပြည်သည့် အရောင်များကို
 ဖော်ပြပေးနိုင်သော အရည်အသွေးမြင့် display များ ပါဝင်သည့် Galaxy Tab S tablet ကွန်ပျူတာအသစ် နှစ်မျိုးကို ပွဲထုတ် မိတ်ဆက်ပြသခဲ့သည်။အဆိုပါ Galaxy Tab S tablet များကို
၈.၄ လက်မနှင့် ၁၀.၅ လက်မ အမျိုးအစားဖြင့် ရရှိနိုင်မည် ဖြစ်သည်။Galaxy Tab S tablet ကွန်ပျူတာများသည် အွန်လိုင်းဗီဒီယို ကြည့်ရှုခြင်းနှင့် မဂ္ဂဇင်းဖတ်ရှုခြင်းတို့ အတွက်
 ယခင်ထက် အရည်အသွေးမြင့်သည့် ရုပ်ပုံများဖြင့် ကြည့်ရှုနိုင်ပြီးNetflix နှင့် YouTube မှ HD ဗီဒီယိုများကိုလည်း ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း
Samsung Electronics America မှ စီနီယာ ဒုဥက္ကဋ္ဌ ဖြစ်သူ မိုက်ကယ် အေဘရီက ပြောကြားခဲ့သည်။အထက်ပါ tablet ကွန်ပျူတာသစ်များတွင် သုံးစွဲသူ၏ ပတ်ဝန်းကျင်အပေါ် မူတည်ကာ
display အရောင်ကို ချိန်ညှိအသုံးပြုနိုင်မည် ဖြစ်သည်။
ထို့အပြင် လက်ဗွေဖတ်စနစ်ပါဝင်သည့် အတွက် ထုတ်ကုန်တစ်ခုတည်းကို လူအများအပြားက home screen
Samsung Galaxy Tab S ကို ၈.၄ လက်မအတွက် ၃၉၉ ဒေါ်လာ၊ ၁၀.၅ လက်မ အတွက် ၄၉၉ ဒေါ်လာဖြင့် ဇူလိုင်လတွင်
 အမေရိကန်၌ စတင်ရောင်းချမည် ဖြစ်သည်။

Ref & Credit: Internet Journal

Friday, June 13, 2014

တယ်လီနောဆင်းမ်ကတ် စတင်ရောင်းချိန်တွင် မြို့အားလုံးအသုံးပြုနိုင်မည်မဟုတ်

Friday, June 13, 2014

တယ်လီနောမှ ဆင်းမ်ကတ်များစတင်ရောင်းချသည့် အချိန်တွင် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့နှင့် အခြားမြို့ကြီးအချို့တွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့ရဲ့ ကွန်ရက် ကို မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီး သုံးခုအပေါ်မှာ အခြေခံပြီးတော့ ကွန်ရက်ဖြန့်ကြက်သွားမှာဖြစ်တဲ့အတွက် ဆင်းမ်ကတ်စရောင်းတဲ့ အချိန်မှာ အဲဒီမြို့တွေနဲ့ တခြားမြို့ကြီးတွေမှာပဲ ကနဦးအသုံးပြုနိုင်ဦးမှာပါ။ မြို့ဘယ်နှခုပါမယ် ဆိုတာတော့ မသိသေးဘူး’’ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တယ်လီနောမြန်မာအနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာအတွင်း ငွေကျပ် ၁၅၀၀ ဖြင့် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး စတင်အသုံးပြုနိုင်မည့် မြို့ကြီးများကိုလည်း ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်သွားမည်ဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ရှိသူတိုင်း လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ပြီး ကန့်သတ်ထားခြင်းမရှိကြောင်းသတင်းရရှိသည်။

လက်ရှိတွင် တယ်လီနော အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အထက်မြန်မာပြည်မန္တလေးနှင့် အောက်မြန်မာပြည် ရန်ကုန်တို့တွင် အမြဲတမ်းပြန်လည်အဆင့်မြှင့်တင်နိုင်မည့် ဒေတာစင်တာနှစ်ခုတည်ဆောက်ထားပြီး ဆင်းမ်ကတ်များစတင်ရောင်းချမည့်အချိန်တွင် တာဝါတိုင်ပေါင်း၈၀၀ နှင့် ၁၀၀၀ ကြား တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းတွေကို နောက်ပိုင်းမှာ တစ်လကို ၃၀၀ နဲ့ ၄၀၀ လောက်ထိတိုးချဲ့တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် ကျန်တဲ့မြို့တွေမှာလည်း မကြာခင်ကာလမှာပဲ အသုံးပြုလို့ ရသွားမှာပါ’’ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တယ်လီနောအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးရာတွင် 2G နှင့် 3G ကွန်ရက် နှစ်ခုစလုံး ပေးသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင်လည်း ပိုက်ဆံကုန်မည်ကို စိုးရိမ်စရာမလိုအောင် သက်သာသော နှုန်းထားဖြင့် ပေးသွားမည်ဟုတယ်လီနောမြန်မာဥက္ကဋ္ဌ Mr.Petter Furberg က Net Mon-day တွင် တတိယအကြိမ်မြောက် ပြောကြားထားသည်။

Ref: 7Day News

ရတနာပုံတယ်လီပို့ မှ GSM SIM Card များ ၀န်ဆောင်မှုအပြည့်ဖြင့် အကန့်အသတ်မရှိ အလကားပေးတော့မည်

မြန်မာဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၃ ခုအနက် ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေးသွား မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီမှ ဇန်နဝါရီ ၂၉ ရက်နေ့ကသိရသည်။

ယင်းကဲ့သို့  အခမဲ့ဖြန်ဝေသည့် အခါတွင်လည်း Simcard ထဲတွင် voice Mail အပါအဝင် SMS အစောင် ၅၀ နှင့် စမ်းသပ်ခေါ်ဆိုခ မိနစ် ၂၀၀ အား ထည့်သွင်းပေးသွားမည်ဖြစ်ပြီး အခြားသော ဝန်ဆောင်မှုများကိုလည်း ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ မှ Board of Director ဦးရှိန်းသူအောင်က ပြောသည်။

“အရေအတွက်ကတော့ အကန့်အသတ် မရှိပါဘူး Simcard တွေကိုအခမဲ့ ဖြန့်ဝေပေးမှာပါသြဂတ် မှာဖြစ်နိုင်ဖို့ များပါတယ် ဒီထက်နောက်ကျဖို့ တော့ မရှိပါဘူး” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

အခမဲ့ဖြန့်ဝေပေးမည့် Simcrad များအတွက် လိုင်းအရေအတွက် ၁၀ သန်းအားချထားပေးပြီးဖြစ်ပြီး အဆိုပါ Simcard များ၏ နံပတ်အလုံးရေ အရေအတွက်သည် ၉ လုံးနှင့် ၁၀ ခန့်ရှိမည်ဖြစ်ကြောင်း ဦးရှိန်းသူအောင်က ဆက်လက်ပြောသည်။ “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချထားပေးနိုင် မယ်လို့ မျှော်မှန်း ထားပါတယ်။

ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေ အနေနဲ့ ကတော့ အားလုံးထက်သာအောင်ပေး မှာဖြစ်ပါတယ် ” ဟု ဦးရှိန်းသူအောင်က ထပ်လောင်း ပြောဆိုသည်။ ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန်အတွက် ၁.၅ ဘီလီယံအား သုံးဆွဲသွားမည်ဖြစ်ကိုလည်း သိရသည်။

ယခင်အစိုးရ လက်ထက်က ရတနာပုံတယ်လီပို့စ် ကုမ္ပဏီသည် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်းခဲ့ပြီး အဆိုပါကုမ္ပဏီသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု တစ်ဝက်ပါဝင်နေကြောင်း သိရသည်။

Ref: The Express Times

Monday, May 26, 2014

တယ်လီနော မိုဘိုင်းလ်အင်တာနက်မြန်နှုန်း MPT ထက် နှစ်ဆပိုမည်ဟုဆို

တယ်လီနော ဆင်းမ်ကတ်များတွင် ပါဝင်မည့် မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုပါက လက် ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်ထက် နှစ်ဆမြန်မည်ဖြစ်ကာ အနည်းဆုံးမြန်နှုန်း 1 Mbps (Mega Byte per Second) ရှိမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။
မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲပါက အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်ချင်း ဆက်သွယ်ရန် Fiber Cable များတပ်ဆင် မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။ “မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲမယ်ဆိုရင် 2G နဲ့ရော 3G နဲ့ပါ သုံးလို့ရမယ်” ဟု Mr. Petter Furberg က မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တော် စိမ်းလန်းစိုပြေ ဥယျာဉ်တွင် ပြုလုပ်သည့် Net Monday အခမ်း အနား တွင် ပြောကြားသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုနေသူများမှာမူ မည် သည့် မြန်နှုန်းဖြင့် သုံးစွဲနေရသည်ကို မသိရဘဲ တစ်ခါတစ်ရံ 1 Kbps (Kilo Byte pre Second) အောက် အထိ ကျဆင်းကြောင်း သုံးစွဲသူများထံမှ သိရသည်။
“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ 1 Mbp ဆိုတာကတော့ တော်တော်ကို အဆင်ပြေတဲ့ အမြန်နှုန်းပါ။ ဖြစ်နိုင်ရင် ဆက်သွယ်ရေးဘက် က ပြည် တွင်းပြည်ပ Provider တွေထပ်ခေါ်ပြီး Fixed လိုင်းတွေကိုလည်း ပိုကောင်းအောင် လုပ်စေချင်တယ်” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ပြောဆိုသည်။
Ref & Credit: The Voice Weekly
~~~~~~~~~~~~~~~~~
Credit- MMAS

Saturday, May 3, 2014

Mobile Knowledge (မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရမည့် အချက်များ)

banner1
ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။
မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်
sleep_phone
ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့ – skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။
ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်
army.mil-54673-2009-11-02-091140
မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်းအသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။
မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်
iPhone_in_pocket1
မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။
မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်
Selena+Gomez+Tops+Crop+Top+mbdL0J_AuKpl
ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ
81107
မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။
အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

Creadit  Thaw Tar(myanmarmobileapp.com)

Sunday, February 23, 2014

Huawei ရဲ့ စမတ်နာရီ အသစ်



Huawei Fun တွေတော့ စိတ်ဝင်စားမယ်ထင်ပါတယ်။ ဟန်းဆက်တွေနဲ့ မိုဘိုင်း အသုံးအဆောင် ပစ္စည်းတွေကအစ ဈေးနှုန်းချိုသာလေ့ရှိတဲ့ ‪#‎Huawei‬
ဟာ ယခု ထွက်ရှိမဲ့ Huawei စမတ်နာရီသာ အမှန်အကန်ထွက်ရှိခဲ့ပါမူ ကြိမ်းသေ ဈေးနှုန်းပိုင်းမှာလည်း ချိုသာလို့ မြန်မာပြည် Huawei ပရိသတ်တွေ
စမတ်နာရီ ကိုယ်တွယ် ၀တ်ဆင်နိင်ဦးမှာ ဖြစ်ပါတယ်။
အမှန်အကန် စမတ်နာရီ၊

အထက်ပါပုံကတော့ တရုတ်ဆိုရှယ်နက်ဝပ်လ် တစ်ခုဖြစ်တဲ့ Weibo က ထွက်ရှိလာတဲ့ စမတ်နာရီ သတင်းထွက်ရှိမူ မကြာခင်တွင် Huawei က တင်လိုက်တဲ့ စမတ်နာရီ ပုံဖြစ်ပါတယ်။

Huawei ကုမ္ပဏီအနေနဲ့ မိုဘိုင်းဝေါ့လ်ကွန်ဂရပ်စ်တွင် မိတ်ဆက်ဖို့ မျှော်လင့်ထားပြီး မကြာခင် ရက်အနည်းငယ်အတွင်းမှာ တော့ အဆိုပါ စမတ်နာရီနဲ့ ပတ်သက်သော သတင်းအချက်အလက်များကို သိရတော့မှာ ဖြစ်ပါတယ်။

Cridit to :: Aung Heine ( www.smart.com.mm )

HTC စမတ်နာရီ မိတ်ဆက်မည်



လာမယ့်အပတ် Mobile World Congress မှာ ထိုင်ဝင် HTC ဟာ Samsung နဲ့ Sony ကိုယှဉ်ပြိုင်မယ့် စမတ်နာရီ တစ်မျိုးကို စတင် မိတ်ဆက်ပြသ မှာ ဖြစ်ကြောင်း သိရ ပါတယ်။ မိတ်ဆက်ပြသပြီးရင်တောင်မှ ချက်ချင်း ထုတ်လုပ်ရောင်းချမှာ မဟုတ် ပါဘူး။ ၂၀၁၄ ခရစ်စမတ်ပြီးမှ ရောင်းချနိုင်မှာ ဖြစ်ကြောင်း ခန့်မှန်းပြောဆို ထားပါတယ်။ အကြောင်းကတော့ မျက်နှာပြင် ဖြစ်ပါတယ်။ Mirasol screen technology ကို အသုံးပြုပြီး သာမန် စမတ်နာရီ၊ စမတ်ဖုန်းများထက် စွမ်းအင် အသုံးပြုမှု အတော်လေး သက်သာမှာ ဖြစ်ပါတယ်။ Ultra low power usage ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့် ထွက်ရှိလာရင်တော့ စမတ်နာရီလောက ကို တစ်ခေတ်ဆန်းစေမယ့် နာရီ တစ်မျိုး ဖြစ်ပါတယ်။ အခြားသော စမတ်နာရီ Feature အားလုံး ကတော့ Samsung, Sony တို့နဲ့ သိပ်ကွာမယ့် ပုံ မပေါ် ပါဘူး။ ဒီဇိုင်းကတော့ HTC ရဲ့ အသွင်အပြင် မပျက်အောင် ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

HTC ဟာ စမတ်နာရီ ပြီးရင် AMOLED မျက်နှာပြင် အသုံးပြု၊ Google Now ပါဝင်တဲ့ စမတ်နာရီ နောက်တစ်မျိုးလည်း ထုတ်လုပ်အုံးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ပြီးရင် စမတ်လက်ပတ်လည်း ထုတ်လုပ်ပြီး ဖန်သား မျက်နှာပြင်သေး ပါဝင်လို့ သီချင်းနားထောင်လို့လည်း ရမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ စမတ်နာရီ၊ စမတ် လက်ပတ် ထုတ်လုပ်မှုမှာလည်း HTC က ဈေးကွက် တစ်ခု ရရှိ နိုင်ပါတယ်။ လာမယ့် အပတ် ဘာစီလိုနာ မှာ ကျင်းပမယ့် Moblie World Congress မှာတော့ စမတ်နာရီ တစ်မျိုးကို အရင် မိတ်ဆက် ပြသ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Credit to: Aung Kham ( www.smart.com.mm )

iPhone 6 နဲ့ iWatch မှာ အဖိုးတန်ကျောက် မျက်နှာပြင် သုံးမည်



Sapphire Crystal လို့ခေါ်တဲ့ အဖိုးတန် ကျောက်မျက်ရတနာ ကို အသုံးပြုပြီးတော့ iPhone 6 နဲ့ iWatch တို့ရဲ့ မျက်နှာပြင် ကို ပြုလုပ် မှာ ဖြစ်ကြောင်း သိရ ပါတယ်။ Apple က တရားဝင်ပြောဆိုတာ မဟုတ်သေးပေမယ့် အိုင်တီ မီဒီယာ အများစု က ဖော်ပြ လာတဲ့ သတင်း တစ်ရပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ကတည်းက Apple တို့က Sapphire Crystal ကို အသုံးပြုလို့ ဖန်သား မျက်နှာပြင် ဖန်တီးဖို့ စိတ်ကူး ရှိခဲ့ကြောင်း ဆိုပါတယ်။ iPhone6 ရဲ့ မျက်နှာပြင် အရွယ်အစားက ၅ လက်မ ရှိကြောင်း ဆိုပါတယ်။ ၄.၅ လက်မ အရွယ် မဟုတ်တော့ ပါဘူး။ iWatch လို့အမည်ပေးထားတဲ့ စမတ်နာရီလည်း ထွက်ရှိမှာ ဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင် iPhone တစ်လုံးနဲ့တစ်လုံး မိတ်ဆက်တာ၊ ရောင်းချ တာ တစ်နှစ်ခြားပါတယ်။ ဒီနှစ်တော့ စောစောစီးစီး ထွက်ရှိမှာ ဖြစ်ပါတယ်။ Appple 6 ကို ပုံမှန် ထုတ်နေကျ ၄.၅ လက်မ နဲ့ ၅ လက်မ အမျိုးအစား ဆိုပြီးတော့ ခွဲခြား ထွက်ရှိမယ်လို့ကော ပြောဆိုနေကြကြောင်း သိရ ပါတယ်။
 

Credit to: Aung Kham ( www.smart.com.mm )

၂၀၁၅ အတွင်းက စတီးဂျော့ဗ် စာပို့တံဆိပ်ခေါင်း



နည်းပညာဖခင်ကြီး တစ်ဦးဖြစ်တဲ့ စတီးဂျောဗ့်ကို ဂုဏ်ပြုသောအားဖြင့် အမှတ်တရ အထိမ်းအမှတ်ကျင်းပ ခြင်းဖြစ်ပါတယ်။ စာပို့တဲ့နေရာတွေမှာ စတီးဂျောဗ့်ပုံပါသည့် စာပို့တံဆိပ်ခေါင်းများ အသုံးပြုကာ စာပို့တဲ့ခြင်းကို လုပ်ဆောင်လာနိင်မှာ ဖြစ်ပါတယ်။ Apple ရဲ့ co-founder တစ်ဦးဖြစ်သူ စဟတီးဂျော့ဗ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထိုတံဆိပ်ခေါင်းများတွင် ဌင်းပုံကို ၂၀၁၅ နှစ်တွင် စတင်ကာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ US စာပို့ခြင်းဝန်ဆောင်မူ လုပ်ငန်းက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ ၀ါရှင်တန် ပို့စ်မှ ပြီးခဲ့တဲ့ကြသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ လာမည့် စာပို့တံဆိပ်ခေါင်းဂုဏ်ပြုခြင်းစာရင်းများက တစ်ဆင့် သိရှိရခြင်း ဖြစ်ပါတယ်။

Source: Washington post
Credit to: Aung Heine ( www.smart.com.mm )

အပါးလွှားဆုံး ဖုန်း တစ်လုံးဖြစ်စေမဲ့ Gionee Elife S5.5




Hauwei နဲ့ Oppos တို့လို့ China ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Gionee ဟာ ကမ္ဘာ့ အပါးလွှားဆုံးဖြစ်တဲ့ Elife S5.5 ကို ထုတ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အထူ 5.5mm နဲ့ ဖြစ်မဲ့ Elife S5.5 ဟာ i Phone 5s(7.6mm), ViVo X3 (5.75mm ) တို့ကိုကျော်လွန်လို့ အပါးလွှားဆုံး ဖုန်းတစ်ခု အဖြစ် တည်ရှိဖို့ ရှိပါတယ်။ ဖုန်းတစ်လုံးမှာ အရေးကြီးဆုံးအရာ တစ်ခု ဖြစ်တဲ့ ဘတ္တရီအားဖြည့်မူအပိုင်းမှာလည်း တစ်နေ့လုံးသုံးနိင်စေမဲ့ 2300mAh ဘတ္တရီကို အသုံးပြုလို့ထားမှာ ဖြစ်ပါတယ်။ အသေးစိတ်အတွင်းအချက်အလက်အနေနဲ့ မသိရှိရသေးပေမဲ့ 1.7GHz quad-core CPU, 2GB of RAM , ကင်မရာအားဖြင့် အနောက် 13-megapixel၊ အရှေ့ 5-megapixel တို့ကို တပ်ဆင်သွားမှာပါ။ LTE ဗားရှင်းကို ဇွန်လထဲတွင်ရရှိမှာ ဖြစ်ပြီး 3G model ကိုတော့ China မှာ ကြိုတင်အော်ဒါမှာယူနိင်နေပါပြီ။ နိင်ငံပေါင်း ၄၀မှာ ဖြန့်ဖြူးသွားမှာ ဖြစ်ပြီး သုံးစွဲသူများအနေနဲ့ အနည်းငယ်စောင့်ဆိုင်းရဖို့တော့ ရှိနေပါတယ်။

Credit to: Aung Heine ( www.smart.com.mm )

WhatsApp ကို Facebook တို့ အပြီးပိုင် ဝယ်ယူ



WhatsApp လို့အမည်ရတဲ့ ကမ္ဘာ့လူသုံးများ Messaging App တစ်ခုကို Faecbook တို့ အပြီးတိုင် ဝယ်ယူ လိုက်ကြောင်း သိရ ပါတယ်။ ငွေကြေး အားဖြင့် ၁၆ ဘီလျံနဲ့ ဝယ်ယူလိုက်ခြင်း ဖြစ်ပြီး WhatsApp ဝန်ထမ်း များကို ၃ ဘီလျံ ပေးအပ်ခြင်းကြောင့် စုစုပေါင်း ၁၉ ဘီလျံ တန်ဖိုးနဲ့ ဝယ်ယူ လိုက်ခြင်း ဖြစ်ပါတယ်။ လက်ရှိ WhatsApp ကို အသုံးပြုသူ ကမ္ဘာပေါ်မှာ သန်း ၄၅၀ ကျော် ရှိပြီး Facebook နဲ့ ပူးပေါင်းလိုက်ခြင်း ကြောင့် ၁ ဘီလျံမကသော ကမ္ဘာ့လူဦးရေ သို့ ပျံ့နှံ့စေမှာ ဖြစ်ကြောင်း ဇူကာဘတ်က ဆိုပါတယ်။ လက်ရှိ Facebook ရဲ့ အောင်မြင်နေတဲ့ Messenger နဲ့လည်း ပြိုင်ဘက် ဖြစ်စေမှာ မဟုတ်ကြောင်း ဆိုပါတယ်။ WhatsApp ကိုလည်း ဝယ်ယူလိုက်ပေမယ့် တစ်သီးတစ်ခြား ရပ်တည်စေမှာ ဖြစ်ပါတယ်။ ဝန်ထမ်းကော၊ စီအီးအို ကော လက်ရှိ လုပ်ကိုင်ပုံကိုကော ပြောင်းလဲမှာ မဟုတ် ပါဘူး။ WhatsApp ကို Android, iOS, Windows Phone, BlackBerry တို့မှာ အသုံးပြုနိုင်အောင် ဖန်တီး ထားပါတယ်။ ပထမနှစ် အသုံးပြုမှုအတွက် အခမဲ့ သတ်မှတ် ထားပြီး နောက်နှစ်တွေကျရင် တစ်နှစ်ကို ၉၉ ဆန့် ကောက်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီတော့ မြန်မာငွေ နဲ့ တွက်ရင် လက်ရှိကာလ အရ ၈၀၀ ဝန်းကျင်လောက် ကုန်ကျမှာ ဖြစ် ပါတယ်။ တစ်နှစ်စာဆိုတော့ တန်ပါတယ်။ သို့ပေမယ့် အရင်တုန်းက အခမဲ့ အသုံးပြုခွင့်ပေးခဲ့ ရာကနေ ငွေ စကောက်တာ ဆိုတော့ စီးပွားအမြတ် တစ်ခု ရှာဖွေခြင်း တစ်မျိုးသာ သာ ဖြစ်ပါတယ်။ အသုံးပြုသူ ၁ ဘီလျံရှိလာရင် တစ်ဦးကို ၁ ဒေါ်လာဆိုတော့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလျံက ဝင်နေမှာ ဖြစ်ပါတယ်။ Facebook က WhatsApp ကိုဝယ်ဖို့ အတွက် ၄ ဘီလျံကို လက်ငင်း ရှင်းလိုက်ပြီး ၁၂ ဘီလျံကို စတော့ထဲကနေ ပေးခြင်း ဖြစ်ပါတယ်။ WhatsApp အဖွဲ့မှလည်း Facebook နဲ့ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိခြင်း အတွက် အထူးပင် ဝမ်းသာကြောင်း ပြောကြားခဲ့ ပါတယ်။

Credit to: Aung Kham ( www.smart.com.mm )

ကိုရီးယားမှာ မိတ်ဆက်ပေးလိုက်တဲ့ LG G Pro 2



LG ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ LG G Pro 2 ဟာ တရားဝင်ထွက်ရှိလာခဲ့ပြီး ကိုရီးယားမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ LG ဟာ Samsung ရဲ့ Galaxy Note 2 ကို တိုက်ရိုက်ယှဉ်ပြိုင်ရန် G Pro ကို ထုတ်လုပ်ခဲ့ပေမယ့် ယခုအခါမှာတော့ ဈေးကွက်တွင်ရောက်နှင့်နေပြီးသော Galaxy Note 3 အပြင် အခြား phalet တန်းဝင်စမတ်ဖုန်းများကိုပါ

စိန်ခေါ်ယှဉ်ပြိုင်နိုင်ရန်အတွက် G Pro 2 ကို ပွဲထုတ်ခဲ့တယ်လို့ ယူဆရပါတယ်။ Snapdragon 800 platform ပေါ်မှာ အချိန်တော်ကြာ develop လုပ်ပြီးသွားတဲ့နောက် LG team ဟာ G2 မှာ ချန်ထားခဲ့ရတဲ့ camera feature တွေကို ထည့်သွင်းပေးလာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် LG G Pro 2 ဟာ ဗီဒီယိုတွေကို 120 frames per second နဲ့ ရိုက်ကူးပေးနိုင်ပြီး user တွေအနေနဲ့ ရိုက်ကူးထားတဲ့ဗီဒီယိုတွေကို 4X slow motion အနေဖြင့် 30 FPS ပြန်လည် playback လုပ်နိုင်ရုံသာမက သဘာဝမြင်ကွင်းတွေကို အသေးစိတ် နဲ့ အကောင်းဆုံးမြင်နိုင်တဲ့ 4K ဗီဒီယိုတွေကိုပါ ရိုက်ကူးပေးနိုင်ပါတယ်။



ဒါ့အပြင် LG က ပုံတွေကိုေ၀၀ါးခြင်းမရှိအောင် ဘယ် degree ကနေ ထိန်းချုပ်ရိုက်ကူးရမယ်ဆိုတဲ့ Magic Focus ဆိုတဲ့ feature သစ်ကိုလည်း မိတ်ဆက်ပေးခဲ့တဲ့အပြင် Natural flash ဆိုတဲ့ feature ကိုလည်း ပေါင်းထည့်ပေးထားပါသေးတယ်။ အဲဒီ feature က ပုံတွေကို ပိုပြီးသဘာဝကျကျမြင်နိုင်အောင် intensity နဲ့ flash color တွေကို လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိပေးပြီး Iphone 5s မှာပါတဲ့ flash technique နဲ့ သဘောတရားဆင်တူပါတယ်။ G Pro 2 ဟာ G2 လိုပဲ Snapdragon 800 2.26 GHZ processor နဲ့ Adreno 330 Graphic ပါဝင်ပြီး G2၊ G Pro တို့ထက် ပိုမိုကြီးမားတဲ့ 5.9" IPS 1080p display ကို တပ်ဆင်ပေးထားပြီး G Pro 2 မျက်နှာပြင်ဟာလဲ အကောင်းဆုံးဖြစ်နေမှာပါ။ ဖုန်း နဲ့ စနစ်တစ်ခုလုံးကို ပိုမိုကောင်းမွန်တဲ့ 3200mAh battery နဲ့ ထောက်ပံ့ပေးထားပြီး G flex ရဲ့ 3500 mAh၊ Huawei Mate 2 ရဲ့ 4000 mAh ဘက်ထရီတို့နဲ့ နှိုင်းယှဉ်ရင်တော့ မျက်နှာငယ်စေပါတယ်။ ကျောဘက်မှာ G2 camera ကဲ့သို့ ကောင်းမွန်ပြီး technical baseline တူညီတဲ့ 13 Megapixel ရှိတဲ့ main camera ကို တပ်ပေးထားပါတယ်။

အရွယ်အစားအနေနဲ့ 157,9 x 81.9 x 8.3mm (172g) ရှိပြီး ကျယ်ပြန်တဲ့ ဒီဇိုင်းက G2 နဲ့ တူညီနေသယောင်ရှိပါတယ်။ ထူးခြားမှုအနေနဲ့ LG ဟာ သူ့ရဲ့software team ကိုနှစ်ဆကျော် ပြန်လည်ဖွဲ့စည်းထားပြီး Andriod ကို ပိုမိုကောင်းမွန်စေခဲ့တာကြောင့် G Pro 2 မှာ မည့်သည့်ဖိုင်ကိုမဆို password ဖြင့် lock ချနိုင်တဲ့ privacy feature ဖြစ်သော Content Lock Feature ပါဝင်လာပါတယ်။ ဒါအပြင့် နည်းပညာမြင့်မားပြီး မျက်နှာပြင်ကြီးမားသော စမတ်ဖုန်းများမှာသာ တွေ့ရနိုင်တဲ့ specific feature တွေ ပါဝင်လာပါသေးတယ်။ အဲဒါတွေကတော့ ဖုန်းကို 3.4" to 4.7" နဲ့တူညီတဲ့ display ဖြစ်သွားအောင် ချုံ့ပေးနိုင်တဲ့ Mini View၊ screen မြင်ကွင်းကို နှစ်ခုခွဲပြီး browser နှစ်ခုပြိုင်တူအသုံးပြုနိုင်တဲ့ Split mode အပြင် LTE 4G ကွန်ရက်မှာလဲ အသုံးပြုနိုင်တဲ့ LG ရဲ့G Pro2 ဟာ နိုင်ငံတကာဈေးကွက်ထဲကို ဘယ်အချိန်ရောက်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Credit to: Smart Pro journal

Friday, January 17, 2014

Samsung Galaxy Note 3 အတွက် Android 4.4 KitKat စတင် ဖြန့်ချိ


 Samsung Galaxy Note 3 နိုင်ငံတကာဗားရှင်း အသုံးပြုသူများသည် မကြာမီအချိန်အတွင်း ၎င်းတို့၏ phablet များ တွင် Android 4.4.2 KitKat ကို အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ Note 3 အတွက် Android နောက်ဆုံး ဗားရှင်းကို ပိုလန်နိုင်ငံတွင် မိတ်ဆက်ပြသခဲ့ကြောင်း Sammobile blog ၏ ဖော်ပြချက်အရ သိရသည်။

အသုံးပြုသူများ အနေဖြင့် Samsung ၏ Kies ဆော့ဖ်ဝဲလ်မှတစ်ဆင့် download ပြုလုပ်ကာ install ပြုလုပ်နိုင်သလို အွန်လိုင်းမှ တစ်ဆင့်လည်း install ပြုလုပ်နိုင်မည် ဖြစ်သည်။

Update ပြုလုပ်နိုင်သည့် နေ့ရက်နှင့် ဒေသအတိအကျကို ပြောကြားခြင်း မရှိခဲ့သော်လည်း Note 3 အသုံးပြုသူများ အနေဖြင့် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း အဆိုပါ update ကိုရရှိနိုင်ဖွယ်ရှိသည်။

သို့ရာတွင် အမေရိကန်ရှိ အသုံးပြုသူများသည် ယခု update ကိုရရှိနိုင်ဖွယ်မရှိပေ။ Update အသစ်အတွက် firmware ဗားရှင်းမှာ N9005XXUENA6 ဖြစ်ပြီး ၎င်းသည် Note 3 ၏ နိုင်ငံတကာဗားရှင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

Ref: CNET

Ref & Credit: Internet Mobile Guide Journal
Credit to: myanmarmobileapp.com

Monday, October 14, 2013

HTC One Max တရားဝင်ကြေညာ


HTC One Max စမတ်ဖုန်းကို တရားဝင်ကြေညာလိုက်ပါပြီ။ One Family ထဲမှာ အကြီးဆုံး စမတ်ဖုန်း ဖြစ်တဲ့ HTC One Max ဟာ Phablet ဈေးကွက်ထဲကို ဝင်မှာပါ။

အရွယ်အားဖြင့် ၅.၉ လက်မ ရှိပြီး Super LCD 3 ကို အသုံးပြုထားပါတယ်။ 1920x1080 pixel resolution အရည်အသွေးရှိပြီး ppi က 373 အဆင့်ရှိတာကြောင့် ကြည်လင်ပြတ်သားမှု ကောင်းတဲ့ ဖုန်းတစ်လုံး စာရင်းထဲမှာ ပါဝင်ပါတယ်။ ထူးခြားချက်က စပီကာ ကိုအပေါ်မှာရော၊ အောက်မှာပါ တပ်ဆင်ထားခြင်း ဖြစ်ပြီး သူ့ကို BoomSound speaker လို့အမည်ပေး ပါတယ်။

၂၁၇ ဂရမ် အလေးချိန်ရှိပြီး Samsung Galaxy Note 3 ထပ် ၅၀ ဂရမ်ပိုလေးနေတာတော့ အမှန်ပါပဲ။ RAM က 2GB ရှိပါတယ်။ 1.7GHz quad –core Qualcomm Snapdragon 600 Chispet ကို အသုံးပြုထားပြီး 16GB နဲ့ 32 GB Internel memory ၂ မျိုး ထုတ်လုပ် ထားပါတယ်။ ကင်မရာ က 4 megapixel UltraPixel ဖြစ်ပြီး aperture f2.0 , Lens 28 mm ပါဝင် ပါတယ်။ ရှေ့ မှာက 2 megapixel ကင်မရာပါ။

ထူးခြားချက် နောက်တစ်ခု ရှိပါတယ်။ HTC One Max ဝယ်ယူသူအနေနဲပ Google Drive 50 GB space ရရှိမှာ ဖြစ်ပါတယ်။ Android 4.3 OS နဲ့ Sense 5.5 ပါဝင် ပါတယ်။ ဘက်ထရီက 3300 mAh မို့ talk time ၂၅ နာရီခံကြောင်း ဆိုပါတယ်။

ဈေးနှုန်းဘယ်လောက်ရှိတယ်ဆိုတာ မကြေညာသေးပါဘူး။ အရွယ်အစားအားဖြင့် ၅.၉ လက်မ ဆိုတော့ Note 3 ထပ်ကြီးတာတော့ အမှန်ပါပဲ။ RAM မှာတော့ 1GB နည်းပါတယ်။ HTC One Max ကို မကြာမီ ဈေးကွက် ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

http://blog.techspace.com.mm/2013/10/htc-one-max.html

Thursday, October 10, 2013

ကွေးကွေး ကောက်ကောက် Samsung စမတ် ဖုန်း တရား ဝင် ပြသပြီ

 
ဓာတ်ပုံ ကို eveleak မှ ဖော်ပြ လိုက်ခြင်း ဖြစ်ပြီး Samsung ရဲ့  တရား ဝင် မိတ်ဆက် ပွဲ ကိုေ တာ့ အောက်တိုဘာ လ အတွင်း မှာ ပဲ ပြုလုပ် သွား မှာ ဖြစ်ပါ တယ်။

ဖုန်း တစ်ခု လုံး ကို ကွေးကောက် သွား နိုင်တာ တစ်ခု ပိုသွား ပေမယ့် အတွင်း က Specification များက နိမ့် မသွား ပါဘူး။ Samsung Galaxy Note 3 က အရည် အသွေး များ ကိုပဲ အများ စု ပြန်လည် မြင် တွေ့ ရမယ် လို့ ဆိုပါတယ်။ အရွယ် အစား ကလည်း ၅ လက်မ နဲ့ ၆ လက်မ ကြား ရှိမယ် လို့ ခန့်မှန်း ထား ပါတယ်။ Note 3 လို Pen တော့ မပါ လာ လောက် ပါဘူး။ ကွေး ကော က် နိုင်တဲ့ OLED မျက်နှာပြင် ဖြစ်ပြီး အရည် အသွေး လည်း ပို ကောင်းလာ မှာ ဖြစ်ပါ တယ်။

Samsung နဲ့ ပြိုင်ဘက် ဖြစ်တဲ့ တစ်နိုင်ငံ တည်း ထွက် LG က လည်း ကွေးကောက် နိုင်တဲ့ OLED Display များ ကို ၎င်းတို့ စမတ်ဖုန်း မှာ အသုံးပြု ဖို့ အတွက် အရေ အတွက် အမြောက် အများ ထုတ်လုပ် နေပါပြီ။ လပိုင်း အတွင်း က LG က လည်း ရှေ့ ဆင့် နောက်ဆင့် Samsung နဲ့ ယှဉ်ပြိုင် ပွဲထုတ် မှာ ဖြစ်ပါတယ်။ Samsung ရဲ့  Curve လုပ် နိုင် တဲ့ စမတ်ဖုန်း ကို Galaxy Round လို့ အမည် ပေးထား ပါတယ်။

ဈေးနှုန်း က လည်း မသေး ပါဘူး။ အမေရိကန်ဒေါ်လာ ၉၃၃ သတ်မှတ် ထားပြီး မြန်မာ ပြည် မှာ လည်း ၉ သိန်းခွဲ ဝန်းကျင် လောက် ပေါက်ဈေး ရှိလာ နိုင်မယ့် စမတ်ဖုန်း ပါ။ ၂၀၁၄ ခုနှစ် နှစ်ဆန်း ပိုင်း မှာ တရားဝင် ရောင်း ချသွား နိုင်ချေ ရှိကြောင်း သိရ ပါတယ်။

အောင်ခမ်း ( TSJ Team )
Golden Land Myanmar

iPhone 6 မျက်နှာပြင် ကျယ် ဖြင့် ထွက်ရှိမည်

iPhone 5S နဲ့ 5C တောင် ထွက်တာ မကြာ သေးဘူး။ iPhone 6 နဲ့ ပက်သက် တဲ့ သတင်း တွေက ထွက်ရှိ လာပြန်ပါ ပြီ။ Apple က ယခု ရက်ပိုင်း အတွင်း တင်ပဲ ၎င်း တို့ရဲ့  အသစ် ထုတ် လုပ် မယ့် ဖုန်း အတွက် မူပိုင် ခွင့် တင် လိုက်တဲ့ သတင်း ကြောင့် iPhone 6 ဘယ်လို ဖြစ်လာ မယ် ဆိုတာ ပညာရှင် များ က ခန့်မှန်းခြင်း ဖြစ်ပါတယ်။

အဓိက ကတော့ မျက်နှာ ပြင် ပိုကျယ် လာခြင်း ဖြစ် ပါတယ်။ အနည်း ဆုံး ၄.၈ လက်မ ကနေ ၆ လက်မ ကြား အထိ ကျယ်လာ နိုင်ပြီး Retina + IGZO အမျိုး အစား အရည် အသွေး ကောင်း မျက်နှာ ပြင် ကို အသုံး ပြုပြီး ကမ္ဘာ့ အကြည်လင် အပြတ်သား ဆုံး စမတ်ဖုန်း မျက်နှာပြင် အဖြစ် စံချိန် တင် အုံးမှာ လို့ ဆို ပါတယ်။ Chip အမျိုး အစား က A7 ထက် တစ်ဆင့် မြင့် တဲ့ A7X 64 Bit architechture, ကင်မရာ က 13 Megapixel ( 1.5u pixels f / 2.2 aperture ) တို့ ပါဝင်ပြီး မထုတ် ရသေး တဲ့ iOS ဗားရှင်း အသစ် နဲ့ မြင်တွေ့ ရမယ် လို့ ဆိုပါတယ်။

Samsung နဲ့ LG တို့က ကွေးကောက် မျက်နှာပြင် ထုတ်လုပ် မှု နဲ့ အတူ Apple ကလည်း လိုက်လံ စမ်းသပ် နေပေ မယ့် iPhone 6 မှာ လက်တွေ့ အသုံးချ ရန် ရှိမရှိ ကတော့ ဘယ်သူမှ မပြောနိုင်ေ သး ပါဘူး။ သေချာ တာ ကတော့ မျက်နှာ ပြင် ကြီးကြီး နဲ့ ထုတ်မှာ မို့ Display အကျယ်များ နဲ့ တ ကယ် လက်တွေ့ စမ်းသပ် လျက် ရှိပါ တယ်။

iPhone 6 အနေနဲ့ ဘယ်လို ဖြစ်လာမယ် ဆိုတာကို အောက်ပါ ဗီဒီယို က ခန့်မှန်းချက် မှာ လေ့ လာ နိုင် ပါတယ် ။

http://youtu.be/36d-U8AfxAk

Credit to:အောင်ခမ်း ( TSJ Team )
Golden Land Myanmar

Saturday, October 5, 2013

ကွေးကောက်မျက်နှာပြင်ဖြင့် LG Z


ကွေးကောက်နိုင်သော ပျော့ပြောင်းမျက်နှာပြင်နဲ့ စမတ်ဖုန်း ထုတ်မှာက Samsung တို့ပဲ မဟုတ်ပါဘူး။ တောင်ကိုရီးယား တစ်နိုင်ငံတည်းက ထွက်တဲ့ LG ကလည်း ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းကို တောင်ကိုရီးယား နည်းပညာ ဝဘ်ဆိုဒ်တစ်ခု က ပြသသွားခြင်း ဖြစ်ပါတယ်။ ကွေးကောက်နိုင်တဲ့ OLED မျက်နှာပြင်ကို တပ်ဆင်ထားပြီး Entertainment Utility တစ်ခု ဖြစ်လာမယ်လို့ ဆိုထား ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါ၊ ဂိမ်းဆော့တဲ့ အခါ ယင်းကွေးကောက် နိုင်မှုက အသုံးဝင်လာမှာမို့ပါ။ အတွင်းက Specification ကတော့ LG တိ့ နောက်ဆုံး မိတ်ဆက်ထားတဲ့ LG G2 နဲ့ အတူတူပဲလို့ ဆိုပါတယ်။ quad-core Qualcomm Snapdragon 800 processor ကို အသုံးပြုထားပြီး အခြားသော Graphic , Memory တို့ကလည်း အတူတူပဲ လို့ ဆိုပါတယ်။

Android OS ကိုပဲ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ LG Z လို့အမည်ပေး ထားတဲ့ ယင်းဖုန်းကို CES အမှီ LG တို့ မိတ်ဆက် ပြသနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (TSJ Team)

ယခုလကုန်တွင် အင်တာနက် ပိုမို မြန်လာမည်ဟု ဆို

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက နိုင်ငံတကာနှင့် ဆက်သွယ်ထားသော ဖိုင်ဘာဆက်ကြောင်းတခု၏ Bandwidth ကို နှစ်ဆ တိုးလိုက်သည့်အတွက် ယခုလကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများသည် သတင်း အချက်အလက်များကို ပိုမိုလျှင်မြန်စွာ ပေးပို့ ရယူနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

Bandwidth ဆိုသည်မှာ အင်တာနက်ဆက်ကြောင်း တလျှောက်တွက် သယ်ယူပို့ဆောင်ပေးနိုင်သည့် အချက်အလက် ပမာဏကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းကို တစက္ကန့် အချိန်အပိုင်းအခြားအတွင်း စီးဆင်းနိုင်သည့် သတင်းအချက်အလက် ပမာဏကို မူတည်၍ တိုင်းတာဖော်ပြပြီး ကွန်ရက်၏ စွမ်းဆောင်ရည်ကို ကိုယ်စားပြုသည်။

မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများ လိုင်းကြပ်ခြင်း၊ နှေးကွေးခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရခြင်းသည် လက်ရှိ Bandwidth ကျဉ်းမြောင်းနေသည့်အတွက် ဖြစ်သည်။ လူသုံးများသည့် နေ့ခင်း အချိန်များတွင် အင်တာနက် ပို၍နှေးသည်။

အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အဆိုအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ သွယ်တန်းထားသော အင်တာနက် ဆက်ကြောင်းသည် Bandwidth 2.5 Gbps (gigabytes per second)၊ SEAMEWE-3 ဟု သိကြသော ပင်လယ် ရေအောက် ဆက်ကြောင်းက Bandwidth 6.2 Gbps နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ထားသော ဆက်ကြောင်းက Bandwidth 8.5 Gbps ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ထိုင်းနိုင်ငံဖက်သို့ ဆက်သွယ်ထားသော ဆက်ကြောင်းကို ယခုလအတွင်းတွင် Bandwitdh 20 Gbps အထိ တိုးမြှင့်မည်ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။ စမ်းသပ်ခြင်းလုပ်ငန်းများ မည်သည့်နေ့တွင် ပြီးဆုံးမည်ကို တိကျစွာ မပြောနိုင်သေးသော်လည်း “အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ ဖြစ်ပါလိမ့်မယ်” ဟု သူကဆိုသည်။ ဒေသတွင်း အားကစားပြိုင်ပွဲဖြစ်သည့် အဆိုပါ အားကစားပွဲကို ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပတော့မည် ဖြစ်သည်။

ထိုင်းနိုင်ငံ နှင့်ဆက်သွယ်ထားသည့် ဆက်ကြောင်းကို အဆင့်မြှင့်နိုင်ခြင်းမှာ အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ကြီး ၃ မြို့ဖြစ်သော နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များတွင် အင်တာနက်အမြန်နှုန်းကို 20 Gbps အထိရှိအောင် လုပ်ဆောင်ပေးမည့် ဂျပန်အစိုးရမှ ကူညီသော စီမံကိန်းအရ ပြုလုပ်နိုင်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ အဆင့်မြှင့်တင်ရေး အကူညီဖြင့် ဆီးဂိမ်း အားကစားပွဲ ကာလအတွင်းတွင် 4G မိုဘိုင်းကွန်ရက်ကို ယာယီ အသုံးပြုနိုင်ရန်လည်း နောက်တဆင့်အဖြစ် မျှော်မှန်းထားကြောင်း သိရသည်။

Bandwidth ကို တိုးမြှင့်လိုက်ခြင်းအားဖြင့် ကွန်ရက်တခုလုံး၏ စွမ်းဆောင်ရည် တိုးတက်လာမည်ဟု သာမန်အားဖြင့် ဆိုနိုင်သော်လည်း ကွန်ရက်အတွင်း အချက်အလက်များ စီးဆင်းရန် ကြာမြင့်ချိန် (မြန်နှုန်း) နှင့် သုံးစွဲသူ ပမာဏ စသည့် အချက်များသည်လည်း စွမ်းဆောင်ရည်အပေါ်တွင် သက်ရောက်မှုရှိနိုင်ကြောင်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။

မည်သည့်အချိန်တွင် စတင် အသုံးပြုနိုင်မည်ကို တိကျစွာ မသိသေးသော်လည်း အဆင့်မြှင့်မှုများ မည်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဆိုသည်ကို အင်တာနက် အသုံးပြုသူများအား အသိပေးထားသင့်ကြောင်း၊ သို့မှာသာလျှင် သူတို့ နောက်တကြိမ် အင်တာနက် ဖွင့်လိုက်တိုင်း ထူးခြားမှုကို ခံစားသိနိုင်ကြမည် ဖြစ်ကြောင်း အင်တာနက် သုံးစွဲသူများက ဆိုသည်။
မူရင်းလင့် - http://burma.irrawaddy.org/news/2013/10/04/49070.html?utm_source=dlvr.it&utm_medium=facebook

Thursday, July 18, 2013

Telenor ဆင်းမ်ကတ်များတွင် အင်တာနက် တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး လိုင်စင်ရအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်

 
Telenor ဆင်းမ်ကတ်များတွင် အင်တာနက် တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး လိုင်စင်ရအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်

ဇူလိုင်လ ၁၈ ရက် ၂၀၁၃

Telenor မှ ဆင်းမ်ကတ်များတွင် အင်တာနက် ၀န်ဆောင်မှုပါ တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး ၎င်းတို့ကုမ္ပဏီ အနေနှင့် လိုင်စင်လက်ဝယ် ရရှိအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း Telenor Myanmar ၏ CEO အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ပတ်တာဖားဘတ်က ဇူလိုင် ၁၇ တွင် ပြောကြားလိုက်သည်။

"အခုက တာဝါတိုင်တွေဆောက်ဖို့ ပူးတွဲလုပ်ကိုင်မယ့် သူတွေနဲ့ ဆွေးနွေးညှိနှိုင်း နေပါတယ်။ တစ်နိုင်ငံလုံးမှာ 2G ရော 3G ပါ သုံးစွဲနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်ကိုလည်း ၁၅၀၀ ထက်နည်းတဲ့ ငွေကြေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။

တယ်လီနော် မြန်မာကုမ္ပဏီကို တယ်လီနော်မှ ရာနှုန်းပြည့် ပိုင်ဆိုင်မည်ဖြစ်ပြီး ငါးနှစ်အတွင်း တစ်နိုင်ငံလုံးကို ကွန်ရက်ဖြန့်ကြက် သွားမည်ဟု ဆိုသည်။

"ဆက်သွယ်ရေး ဥပဒေက မထွက်သေးဘူး ဆိုပေမယ့် အခုနောက်ဆုံးအဆင့် အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေရာမှာ ဥပဒေကြောင်းရာ တွေကိုလည်း ထည့်သွင်းဆွေးနွေးတာ ရှိပါတယ်။ ဒါ့ကြောင့် လိုင်စင်ရပြီး ရှစ်လကြာတာနဲ့ ၀န်ဆောင်မှုစပေးဖို့ နှောင့်နှေးမှုရှိမှာ မဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။ တယ်လီနော် ကုမ္ပဏီက ၎င်းတို့၏ ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၅ ကျပ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုပေးရာတွင် တစ်နိုင်ငံလုံး အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအနှံ့တွင် ၎င်းတို့၏ ဆင်းမ်ကတ်ကို ၀ယ်ယူနိုင်မည့် နေရာပေါင်း ခုနစ်သောင်းနီးပါးနှင့် ငွေဖြည့်ကတ် ၀ယ်ယူနိုင်မည့် နေရာပေါင်း ကိုးသောင်းမှ တစ်သိန်းကြား ထားရှိနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်း အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီနှစ်ခု အနေဖြင့် လိုင်စင်တွင် ပါဝင်သည့် ကတိများအတိုင်း မဆောင်ရွက်ပါက ဒေါ်လာ သန်း ၂၀၀ လျော်ကြေးပေးရမည်ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇူလိုင် ၁၀ ရက်တွင် နေပြည်တော်၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီတို့ကို ပြီးခဲ့သည့် ဇွန် ၂၇ ရက်က ရွေးချယ်ထားသည်။

Credit to: Eleven

Tuesday, July 2, 2013

Samsung Galaxy Grand နှင့် အခြားမော်ဒယ်မြင့် Samsung ဖုန်းများအားလုံးတွင်မြန်မာစာစနစ်တရားဝင် ထည့်သွင်းပေးလိုက်ပြီဟုဆို



Photo Credit: MinThu Naung
Samsung Galaxy S4 များကို Official မြန်မာစာ Support ပေးပြီးသည့် နောက် တစ်ပတ်အကြာ ၂၀၁၃ ဇူလိုင်လမှစတင်၍ Samsung Galaxy Grand (GT 9082) ဖုန်းနှင့် အခြား Android 4.1 နှင့်အထက် Official update ပေးသည့် Samsung ဖုန်းများကိုလည်း Samsung မှ မြန်မာစာတရားဝင်ထည့်သွင်းပေးလိုက်ပြီဟု သိရသည်။ Root လုပ်မထားသော မိမိတို့ Galaxy Grand ဖုန်းများကို Online မှတိုက်ရိုက် Update ပြုလုပ်လိုက်ပါက Update အသစ်တွင် မြန်မာစာပါဝင်လာပြီဟုသိရသည်။ မိုဘိုင်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကိုမင်းသုနောင်ကလည်း “Galaxy Grand (GT 9082) ကို ယနေ့ နေ့လယ်မှစတင်ကာ
မြန်မာစာ update ပေးလိုက်ပါပြီ။ Galaxy Grand (CDMA+GSM) မြန်မာစာ ပါတဲ့ဖုန်း ၀င်လာပြီးတဲ့ နောက်ပိုင်းမှာ Samsung က ကျန်တဲ့ ဖုန်းတွေရော တရားဝင် မြန်မာစာစနစ် ထည့်သွင်းပေးလိုက်ပါပြီ။ 4.1 Jelly Bean နဲ့အထက် Samusung ဖုန်းတွေ အကုန်လုံး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ ထဲမှာရှိရင် စမ်းသပ်ကြည့်ကြပါ။ ကျွန်တော့် Galaxy Grand လေးတော့ Built-in မြန်မာစာ စနစ် ရသွားပါပြီ။ဘာ app မှ သုံးစရာမလိုဘဲ system update ပြုလုပ်ရုံနဲ့ မြန်မာစာနဲ့ပတ်သက်တာ အကုန်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ်။ Samsung Galaxy Grand အပြင် Samsung ကလက်ရှိ မြန်မာစာ ပါဝင်သည့် Update ကို Online မှမြှင့်ရန်အဆင်မပြေပါက Samsung Show ROM များတွင်သွားရောက် Update လုပ်နိုင်ကြောင်းလည်းသိရသည်။ HTC ပြီးလျှင် Samsung ဖုန်းများသည် မြန်မာစာစနစ်တရားဝင်ပါဝင်လာသော ဒုတိယမြောက်နာမည်ကြီး ဖုန်းအမျိုးအစားလည်းဖြစ်သည်။
သက်နိုင်စိုး
Myanmar Mobile App Store (www.myanmarmobileapp.com)