Saturday, June 14, 2014

အရည်အသွေးမြင့် display ပါဝင်သည့် tablet ကွန်ပျူတာအသစ်များကို Samsung မိတ်ဆက်ပြသ



ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီးဖြစ်သည့် Samsung သည် လှပစိုပြည်သည့် အရောင်များကို
 ဖော်ပြပေးနိုင်သော အရည်အသွေးမြင့် display များ ပါဝင်သည့် Galaxy Tab S tablet ကွန်ပျူတာအသစ် နှစ်မျိုးကို ပွဲထုတ် မိတ်ဆက်ပြသခဲ့သည်။အဆိုပါ Galaxy Tab S tablet များကို
၈.၄ လက်မနှင့် ၁၀.၅ လက်မ အမျိုးအစားဖြင့် ရရှိနိုင်မည် ဖြစ်သည်။Galaxy Tab S tablet ကွန်ပျူတာများသည် အွန်လိုင်းဗီဒီယို ကြည့်ရှုခြင်းနှင့် မဂ္ဂဇင်းဖတ်ရှုခြင်းတို့ အတွက်
 ယခင်ထက် အရည်အသွေးမြင့်သည့် ရုပ်ပုံများဖြင့် ကြည့်ရှုနိုင်ပြီးNetflix နှင့် YouTube မှ HD ဗီဒီယိုများကိုလည်း ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း
Samsung Electronics America မှ စီနီယာ ဒုဥက္ကဋ္ဌ ဖြစ်သူ မိုက်ကယ် အေဘရီက ပြောကြားခဲ့သည်။အထက်ပါ tablet ကွန်ပျူတာသစ်များတွင် သုံးစွဲသူ၏ ပတ်ဝန်းကျင်အပေါ် မူတည်ကာ
display အရောင်ကို ချိန်ညှိအသုံးပြုနိုင်မည် ဖြစ်သည်။
ထို့အပြင် လက်ဗွေဖတ်စနစ်ပါဝင်သည့် အတွက် ထုတ်ကုန်တစ်ခုတည်းကို လူအများအပြားက home screen
Samsung Galaxy Tab S ကို ၈.၄ လက်မအတွက် ၃၉၉ ဒေါ်လာ၊ ၁၀.၅ လက်မ အတွက် ၄၉၉ ဒေါ်လာဖြင့် ဇူလိုင်လတွင်
 အမေရိကန်၌ စတင်ရောင်းချမည် ဖြစ်သည်။

Ref & Credit: Internet Journal

Friday, June 13, 2014

တယ်လီနောဆင်းမ်ကတ် စတင်ရောင်းချိန်တွင် မြို့အားလုံးအသုံးပြုနိုင်မည်မဟုတ်

Friday, June 13, 2014

တယ်လီနောမှ ဆင်းမ်ကတ်များစတင်ရောင်းချသည့် အချိန်တွင် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့နှင့် အခြားမြို့ကြီးအချို့တွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့ရဲ့ ကွန်ရက် ကို မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီး သုံးခုအပေါ်မှာ အခြေခံပြီးတော့ ကွန်ရက်ဖြန့်ကြက်သွားမှာဖြစ်တဲ့အတွက် ဆင်းမ်ကတ်စရောင်းတဲ့ အချိန်မှာ အဲဒီမြို့တွေနဲ့ တခြားမြို့ကြီးတွေမှာပဲ ကနဦးအသုံးပြုနိုင်ဦးမှာပါ။ မြို့ဘယ်နှခုပါမယ် ဆိုတာတော့ မသိသေးဘူး’’ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တယ်လီနောမြန်မာအနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာအတွင်း ငွေကျပ် ၁၅၀၀ ဖြင့် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး စတင်အသုံးပြုနိုင်မည့် မြို့ကြီးများကိုလည်း ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်သွားမည်ဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ရှိသူတိုင်း လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ပြီး ကန့်သတ်ထားခြင်းမရှိကြောင်းသတင်းရရှိသည်။

လက်ရှိတွင် တယ်လီနော အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အထက်မြန်မာပြည်မန္တလေးနှင့် အောက်မြန်မာပြည် ရန်ကုန်တို့တွင် အမြဲတမ်းပြန်လည်အဆင့်မြှင့်တင်နိုင်မည့် ဒေတာစင်တာနှစ်ခုတည်ဆောက်ထားပြီး ဆင်းမ်ကတ်များစတင်ရောင်းချမည့်အချိန်တွင် တာဝါတိုင်ပေါင်း၈၀၀ နှင့် ၁၀၀၀ ကြား တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းတွေကို နောက်ပိုင်းမှာ တစ်လကို ၃၀၀ နဲ့ ၄၀၀ လောက်ထိတိုးချဲ့တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် ကျန်တဲ့မြို့တွေမှာလည်း မကြာခင်ကာလမှာပဲ အသုံးပြုလို့ ရသွားမှာပါ’’ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တယ်လီနောအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးရာတွင် 2G နှင့် 3G ကွန်ရက် နှစ်ခုစလုံး ပေးသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင်လည်း ပိုက်ဆံကုန်မည်ကို စိုးရိမ်စရာမလိုအောင် သက်သာသော နှုန်းထားဖြင့် ပေးသွားမည်ဟုတယ်လီနောမြန်မာဥက္ကဋ္ဌ Mr.Petter Furberg က Net Mon-day တွင် တတိယအကြိမ်မြောက် ပြောကြားထားသည်။

Ref: 7Day News

ရတနာပုံတယ်လီပို့ မှ GSM SIM Card များ ၀န်ဆောင်မှုအပြည့်ဖြင့် အကန့်အသတ်မရှိ အလကားပေးတော့မည်

မြန်မာဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၃ ခုအနက် ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေးသွား မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီမှ ဇန်နဝါရီ ၂၉ ရက်နေ့ကသိရသည်။

ယင်းကဲ့သို့  အခမဲ့ဖြန်ဝေသည့် အခါတွင်လည်း Simcard ထဲတွင် voice Mail အပါအဝင် SMS အစောင် ၅၀ နှင့် စမ်းသပ်ခေါ်ဆိုခ မိနစ် ၂၀၀ အား ထည့်သွင်းပေးသွားမည်ဖြစ်ပြီး အခြားသော ဝန်ဆောင်မှုများကိုလည်း ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ မှ Board of Director ဦးရှိန်းသူအောင်က ပြောသည်။

“အရေအတွက်ကတော့ အကန့်အသတ် မရှိပါဘူး Simcard တွေကိုအခမဲ့ ဖြန့်ဝေပေးမှာပါသြဂတ် မှာဖြစ်နိုင်ဖို့ များပါတယ် ဒီထက်နောက်ကျဖို့ တော့ မရှိပါဘူး” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

အခမဲ့ဖြန့်ဝေပေးမည့် Simcrad များအတွက် လိုင်းအရေအတွက် ၁၀ သန်းအားချထားပေးပြီးဖြစ်ပြီး အဆိုပါ Simcard များ၏ နံပတ်အလုံးရေ အရေအတွက်သည် ၉ လုံးနှင့် ၁၀ ခန့်ရှိမည်ဖြစ်ကြောင်း ဦးရှိန်းသူအောင်က ဆက်လက်ပြောသည်။ “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချထားပေးနိုင် မယ်လို့ မျှော်မှန်း ထားပါတယ်။

ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေ အနေနဲ့ ကတော့ အားလုံးထက်သာအောင်ပေး မှာဖြစ်ပါတယ် ” ဟု ဦးရှိန်းသူအောင်က ထပ်လောင်း ပြောဆိုသည်။ ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန်အတွက် ၁.၅ ဘီလီယံအား သုံးဆွဲသွားမည်ဖြစ်ကိုလည်း သိရသည်။

ယခင်အစိုးရ လက်ထက်က ရတနာပုံတယ်လီပို့စ် ကုမ္ပဏီသည် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်းခဲ့ပြီး အဆိုပါကုမ္ပဏီသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု တစ်ဝက်ပါဝင်နေကြောင်း သိရသည်။

Ref: The Express Times

ငရဲကြီး(၈)ထပ် apk .....For Android


မိမိရဲ့ သားသားမီးမီးတွေသာမက မသိသေးသောသူတွေပါ
အသိပညာရရှိစေနိုင်မည့် ဆော့ဝဲလေးပါ
စာတင်မက ပုံနှင့်တကွရှင်းပြထားလို့
သားသားမီးမီးတို့ အလိမ်မာ ပိုမိုတိုးပွားလာစေနိုင်မှာပါ
Screen Shot လေးတွေကို တချက်ကြည့်လိုက်ပါ
 လိုချင်တယ်ဆိုရင်အောက်မှာရယူနိုင်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~
Credit - JAS Myanmar Market

Wednesday, June 4, 2014

Huawei Honor 3C Root



Huawei Honor 3C ကို Root လုပ်ရန်အခက်အခဲဖြစ်နေသူများအတွက်

ကျတော့်ရထားတာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လုပ်ပုံလုပ်နည်းလေးက နှစ်ခုရှိပါတယ်။

အရင်ဆုံးလိုအပ်တာလေးတွေ ဒေါင်းလိုက်ပါ။


                                   







ဒေါင်းပြီးပြီဆိုရင် စကြတာပေါ့ ☺

Boot file နှစ်ခုရှိပါတယ်။

1. ပထမပေးထားတဲ့ Honor3C_Insecure_Boot က Custom Recovery သဘောမျိုးပါ။

အဲဒီကောင်လေးကို ပေးထားတဲ့ SP Flash Tool လေးကိုဖွင့်ပြီး Boot ရွေးတဲ့နေရာမှာ 

အဲဒီကောင်လေးကို ထည့်ပြီး Flash ပေးလိုက်ပါ။

Flash ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ Root Tool နဲ့ Root နိုင်ပါပြီ။


2. ဒုတိယပေးထားတဲ့ Honorc 3C Super Boot ကတော့ တစ်ခါထဲ Root ဖောက်

Myanmar Font ထည့်နိုင်တဲ့ Boot file ပါ။

ဒီကောင်ကိုလဲ သုံးမယ်ဆို SP Flash Tool လေးနဲ့ပဲ သုံးရမှာ ဖြစ်ပါတယ်။



ပထမ Boot file ကတော့ ကိုဝင်းကမ္ဘာကျော် upload လုပ်ထားတာလေးပါ။

ဒုတိယ Boot file ကတော့ ကိုဖြိုးချမ်း ရဲ့ Boot file လို့ သိရပါတယ်။



Credit : ကိုဝင်းကမ္ဘာကျော် နဲ့ ကိုဖြိုးချမ်း


ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်

အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။



 ..........::::: အဆင်ပြေပါစေ :::::..........
 
Posted by: 
Kaung Htoo San