Sunday, December 22, 2013

MPT Bill Check for Android





မြန်မာ့ဆက်သွယ်ရေးရဲ့ GSM/CDMA ဖုန်းတွေကို ကိုင်ဆောင်နေတဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် အသုံးဝင်မယ့် Android ဖုန်းဆော့ဝဲလေးတစ်ခုထပ်မံထုတ်ဝေပေးလိုက်ပါတယ်။ ဒီ application ကိုတော့ MPT Bill Check လို့နာမည်ပေးထားပါတယ်။ ဖုန်း Bill ဘယ်လောက်ကျန်သေးလဲဆိုတာကိုစစ်ပေးမယ့် ဆော့ဝဲဖြစ်ပါတယ်။ အခြားသော ဖုန်း Bill စစ်တဲ့ဆော့ဝဲတွေနဲ့မတူတဲ့အချက်က ဒီဆော့ဝဲလေးရဲ့ icon ကိုနှိပ်လိုက်တာနဲ့ ဆော့ဝဲက ဖုန်း Bill ဘယ်လောက်ကျန်သေးတယ်ဆိုတာကိုပြသပေးမှာဖြစ်ပါတယ်။ ဆော့ဝဲထဲတောင်ဝင်ပြီး ခလုတ်နှိပ်စရာမလိုပါဘူး ။ MPT Bill Check နဲ့ ဖုန်း Bill စစ်ပြီးသွားတာနဲ့ ဖုန်းရဲ့ Home Screen ပေါ်မှာလည်း နောင်အခါ Bill အလွယ်တကူစစ်လို့ရအောင် Shortcut icon လေးတစ်ခုပါတစ်ပါတည်းဖန်တီးပေးဦးမှာပါ ။ မြန်မာ့ဆက်သွယ်ရေးထုတ် GSM/CDMA တွေအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါမယ်။ Android version 2.2 နှင့်အထက်ဖုန်းတိုင်းမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါမယ်။ MPT Bill Check for Android ဆော့ဝဲကို Myanmar Mobile App Store မှ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) မှရေးသားထားပြီး Myanmar Mobile App Store (www.myanmarmobileapp.com) ရဲ့ Software Product တစ်ခုဖြစ်ပါတယ်။ MPT Bill Check for Android ကိုအောက်က link များမှာရယူနိုင်ကြပါပြီ။ MPT Bill Check for Android အားရယူရန် (Link 1)
MPT Bill Check for Android အားရယူရန် (Link 2)
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Sony Ericsson W8 E16i Firmware ပြန်တင်နည်းလေးပါ

အခုကျွန်တော်ပြောမှာက Sony Ericsson W8 E16i ဖုန်းအတွက်Firmware ပြန်တင်နည်းဖြစ်ပါတယ်။အခုနည်းကတော့ ကျွန်တော်စမ်းပီးသားနည်းပါ ရလို့ ပြန်လည်မျှဝေပေးလိုက်တာပါ။Firmware တင်ဖို့အတွက် ပထမဆုံး အောက်ကလင့်မှာ w8 အတွက် ဖိုင်ကို ဒေါင်းလုပ်ဆွဲလိုက်ပါ
   <<Download>>
Flash Tool ကတော့ ရှိပီးသားဖြစ်ကြမှာပါ ။တကယ်လို့  မရှိသေးသူများ ဒီလင့်မှာဒေါင်း လိုက်ပါ ပီးရင် flsahtool ကို install လုပ်ပါ။
W8 Firmwareဒေါင်းလို့ရလာတဲ့ဖိုင်ကို zip ဖြည်ပီးတော့ c:/flashtool /firmware file ထဲမှာထည့်ပေးလိုက်ပါ။ပီးရင် flashtool ကိုဖွင့်ပါ။

အပေါ်ဒေါင့်နားလေးမှာ
 မိုးကြိုးပုံလေးကို ကလစ်လုပ်လိုက်ရင် အောက်ကပုံအတိုင်း flashmode ဆိုတာပေါ်လာလိမ့်မယ်

ပုံမှာတွေ့ တဲ့အတိုင်း flashmode  ကို ok ပေးလိုက်ပါ ဒါဆို အောက်ကပုံမှာလို ပေါ်လာမယ်
ဒါဆို ကိုယ်လုပ်မဲ့ W8 E16i ကိုရွေးပေးပီးတော့ အောက်နားမှာ Ok ကိုနှိပ်လိုက်ပါ။ပီးရင် ခဏစောင့် ကြိုးထိုးဖို့ ပုံလေးပေါ်လာရင် ကိုယ့်ဖုန်းကို ပါဝါပိတ် ဘက်ထရီဖြုတ်ပီး ပြန်တပ် ပီးရင် back key ကိုနှိပ်ထားပီးတော့ ကြိုးထိုးပေးလိုက်ပါ သူ့ ဟာသူ အလုပ်လုပ်သွားလိမ့်မယ်။ဒီလောက်ဆို အိုကေလောက်ပါပီ 
အားလုံးအဆင်ပြေကြပါစေခင်ဗျား 
do you own risk ဆိုတာတော့ ပြောခဲ့ပါရစေ 
credit to Mg Soe Thu

G610-U00 ကို SP flash tool သုံးပြီး firmware တင်နည်း

အားလုံး သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ G610-U00 က MTK အလုံးပါ အဲ့တော့ firmware ကို dload > update.app နဲ့မှ တင်လို့မရတော့ဘူးဆိုရင် နောက်တစ်နည်းအနေနဲ့ sp flash tool နဲ့တင်လို့ရပါတယ် ။ အရင်က အဲ့လိုတင်ဖို့ဆိုရင် volcano box နဲ့ backup အရင်ယူပြီးမှ တင်ရပါတယ် အခု မလိုတော့ပါဘူး G610-U00 မှာ update.app ကို ခွဲထုတ်လိုက်တာနဲ့ ဖိုင် တစ်ခု ချင်းဆီ ကျလာမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ extractor ကို ဒီမှာဒေါင်းပါ ။ XDA ကနေ မလာတာပါ ။
Download Here
ပြီးရင် အဲ့ကောင်လေးကို ဖွင့်လိုက်ပါ။ update file ဆိုတဲ့ စာတန်း အနောက်ဆုံးနားမှာက open box ပါ။ ကျွန်တော်တို့ ခွဲချင်တဲ့ G610-U00 update.app ကိုရွေးပေးလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။
1
ပြီးရင်တော့ right click နှိပ်ပြီး extract all ဆိုတာကိုရွေးလိုက်ပါ ။
2
dialog box တစ်ခုကျလာပါလိမ့်မယ် ။ အောက်နားမှာ make a new folder ရှိပါတယ် folder အသစ်ဆောက်ပြီး extract လုပ်လိုက်ပါ။
3
2
ပြီးရင် sp flash tool ကိုဖွင့်ပါ ။ scatter_emmc.txt file တစ်ခု ကြိုက်ရာတစ်ခုကိုရွေးပေးပါ။ CPU တူကပါ့မယ် ။ မရှိသေးရင် ဒီဖိုင်လေးကို ဒေါင်းပြီးရွေးပေးလိုက်ပါ ။ Download Here
3
3
ပြီးရင် file တစ်ခုချင်းဆီ အစားပြန်ထိုးပါမယ်။ recovery ဖြည့်မယ်ဆိုရင် recovery ကို double click နှိပ်ပါပြီးရင် ခုနက ဖြည်ထားတဲ့ file ထဲက recovery ကိုရွေးပေးပါ။
3
ပုံမှန်အတိုင်းကတော့ ဖိုင်လေးခုဖြည့်ပေးလိုက်ရင်ကို တင်လို့ရပါပီ ၊ boot.img , recovery.img , Logo , Android တို့ပါ။ Android နေရာမှာ system.img ကိုထည့်ပေးရမှပါ။ ပြီးရင် download လုပ်ပြီးတင်နိုင်ပါပြီ ။
2
3
ကဲ အဆင်ပြေကြပါစေဗျာ။ ကျွန်တော်တစ်ယောက်တည်းရဲ့  စိတ်ကူးတော့မဟုတ်ပါဘူးဗျာ ။ ကိုငလူ တို့  ကိုသက်နိုင်စိုး တို့ရဲ့  စိတ်ကူးလေးတွေလည်းပါပါတယ်။ ဒီနည်းလမ်းလေးက ။
:)
Credit to: Hein Maung (MMAS Mobile Service Training Team)(http://www.myanmarmobileapp.com)

Friday, December 13, 2013

Android 4.1 နှင့်အထက်ဖုန်းများအား မြန်မာစာမှန်ကန်စွာ သွင်းပေးမည့် ဖုန်းဆော့ဝဲအဖြစ် MMAS Zawgyi Changer 2 version 1.0.6 (Beta) ထွက်ရှိ





Credit to:  http://www.myanmarmobileapp.com

Android 4.1 နှင့်အထက်ဖုန်းများအား မြန်မာစာမှန်ကန်စွာ သွင်းပေးမည့်
ဖုန်းဆော့ဝဲအဖြစ် MMAS Zawgyi Changer 2 version 1.0.6 (Beta) ကိုထပ်မံရေးသားထုတ်လုပ်လိုက်ပါတယ်။ ယခု version အသစ်ကိုတော့ Beta version အနေနဲ့ထုတ်ပေးလိုက်ပါတယ်။ MMAS Zawgyi Changer 2 v1.0.6 ကိုရေးသားသူကတော့ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်ပါတယ်။ ယခု MMAS Zawgyi Changer 2 v1.0.6 (Beta) ကနေ လုပ်ပေးနိုင်တဲ့ features တွေကတော့
- Android 4.1 နှင့်အထက်ဖုန်းတော်တော်များများမှာ မြန်မာစာမှန်ကန်စေရန်ထည့်သွင်းပေးနိုင်တဲ့ ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro feature ကိုအခြေခံတဲ့ font သွင်းနည်းများနဲ့ Smart Zawgyi Pro font ကိုထည့်သွင်းထားခြင်း - မြန်မာစာဖောင့်နှင့်အတူ မြန်မာစာကီးဘုတ်ကိုပါထည့်သွင်းပေးမှာဖြစ်ပြီး Bagan Keyboard Pro Latest version ကိုထည့်သွင်းပေးမှာဖြစ်ပါတယ်။
- အကယ်၍ MMAS Zawgyi Changer 2 v1.0.6 (Beta) ရဲ့ Smart Zawgyi Pro အခြေပြု font သွင်းနည်းများနဲ့သွင်းလို့ မြန်မာစာမမှန်သေးဘူးဆိုပါက နောက်ထပ် method တစ်ခုအနေနဲ့ပြုလုပ်နိုင်ရန် မြန်မာစာသွင်းပြီးသားဖုန်းများကို မြန်မာစာမှန်ကန်စေတဲ့ Developer ကိုကျော်ဇောနိုင် ရဲ့ Font Engine Patcher for Zawgyi (latest version) ကိုပါ ဖုန်းထဲသို့တစ်ပါတည်း install လုပ်ပေးမှာပါ။ ယင်း application ကိုသုံးပြီး MMAS Zawgyi Changer 2 နဲ့ font ထည့်ထားတာကို မြန်မာစာမှန်သွားအောင်လုပ်ပေးနိုင်ပါတယ်။
- MMAS Zawgyi Changer 2 v1.0.6 (Beta) မှာ Smart Zawgyi Pro, Zawgyi , စံမြန်မာ , Sony Zawgyi, Dancing Zawgyi, Zawgyi Flower စတဲ့ font style ၆ မျိုးထည့်သွင်းပေးထားပြီး မိမိနှစ်သက်ရာ font ကိုရွေးချယ်ထည့်သွင်းနိုင်ပါတယ်။
-MMAS Zawgyi Changer 2 v1.0.6 (Beta) ကို Android 4.1.1 နှင့်အထက်ဖုန်းတော်တော်များများနဲ့ကိုက်ညီစေရန် ရေးသားထားသော်လည်း ဖုန်းတစ်ချို့မှာ အဆင်မပြေခဲ့ဘူးဆိုရင်တော့ myanmarmobileapp@gmail.com သို့မေးလ်ပို့ပြီး feedback ရေးသားပေးပို့နိုင်ပါတယ်။
-MMAS Zawgyi Changer 2 v1.0.6 (Beta) သည် Myanmar Mobile Application Store (www.myanmarmobileapp.com) ၏ Product တစ်ခုဖြစ်ပါတယ်။
MMAS Zawgyi Changer 2 v1.0.6 (Beta) for Android ကိုအောက်က link ကနေ download ရယူနိုင်ပါတယ်။
MMAS Zawgyi Changer 2 v1.0.6(Beta) အားရယူရန်
အားလုံးပဲအဆင်ပြေကြပါစေ ။
သက်နိုင်စိုး ( Myanmar Mobile App Store )
https://www.facebook.com/thetnaing.mmas?ref=tn_tnmn







Tuesday, December 10, 2013

Huawei Firmware update တွေရမယ်

HUAWEI ရဲ့နောက်ဆုံးထွက်မော်ဒယ်… ၀တ်မှုံရွှေရည် အဲ…ယောင်လို့ :D
HONOR 3 Firmware  နဲ့ တခြားမော်ဒယ်တွေရဲ့ Update Firmware လေးတွေပါ…လိုအပ်တဲ့သူတွေအောက်မှာဒေါင်းနိုင်ပါတယ်…
ကြုံတုန်း HONOR 3 ဆိုတာလေးး
huawei-honor-3-1
NETWORK – 2G /3G HSDPA
CPU – Quad Core 1.5 Huawei K3V2E
RAM – 2GB
ROM – 8GB
OS Version – 4.2.2
CAMERA – 13 mp / Front 1.3 mp
SCREEN – 4.7 inches (~312 ppi pixel density)
Wow  ^_^>> dust and water resistant Water resistant up to 1 meter and 30 minutes
ရေစိုခံ အကြမ်းခံ ဘက်ထရီခံတဲ့..ဗျာ…
ဈေးကွက်ထဲမှာ ၂၉၀၀၀၀ ကျော်လောက်ပဲရှိပါတယ်ခင်ဗျာ… :D
HONOR 3 Firmware ဒေါင်းရန်….
荣耀3固件(HN3-U01,Android 4.2,Emotion UI,V100R001CHNC00B118SP01,联通渠道)
G610 S Build Number 144 ဒေါင်းရန်…
Ascend G610 固件(G610-U00,Android 4.2,Emotion UI,V100R001CHNC17B144,中国联通)
G610C Build Number 127 ဒေါင်းရန် …
Ascend G610固件(G610-C00,Android 4.1,Emotion UI,V100R001C92B127,中国电信)
[ G610C ကို OEM Backup နဲ့ Net lock ဖြည်ထားတဲ့အလုံးတွေ ၁၂၇ တင်ရင်သတိထားနော်... Danger ! သိချင် KO Kyaw Swar Thwin မေးကြည့်သူပြောတာ :P ]
KO Kyaw Swar Thwin

Credit to: Oo JojOe (myanmarmobileapp.com)
mmsharingblogger@gmail.com

Tuesday, December 3, 2013

WRoot (English Superuser Icon)



WRoot ပါတဲ့။သူကလဲ VRoot လိုအစွမ်းထက်လှပါတယ်။

နောက်တခုကောင်းတာက သူ့မှာ English Superuser လေးနဲ့ပါ။

စမ်းချင်သူညီကိုတွေ စမ်းကြည့်ကြပါအုံး။


Download

Sunday, December 1, 2013

Huawei 210 LCD မီးမလင်းတဲ့ပြသာနာဖြေရှင်းမယ်

Huawei 210 LCD Display မလာတာကိုပြုပြင်မှာပါ အခုပို့က LCD နဲ့ပတ်သတ်ပြီးအပြည်အစုံ
မဟုတ်ပါဘူး အခုကျနော်ပြောမယ်ပုံစံက Display မီပဲမလာတာပါ ရုပ်ထွက်နေပါတယ် အများဆုံးကရေ၀င်လို့ပျက်တာများတယ် ရုပ်ရောမီးရောမလာရင်တော့ LCD တစ်ချပ်လုံးလဲရမှာပါ
အောက်ကပုံတွေကိုကြည့်ရင်သဘောပေါက်မှာပါ





 
ပျက်နိုင်တဲ့နေရာတွေကိုအနီရောင်နဲ့ဝိုင်းပြထားပါတယ် ဓါတ်ပုံနဲ့သေချာတင်ချင်ပေမဲ့ကင်မရာအဆင်မပြေသေးလို့နာလည်းပေးပါခင်ဗျာ
M1 / M2 ကတော့ကြိုးဆက်ဖို့အတွက် လွယ်အောင်ပြထားပေးတာပါ တစ်ခုတောင်းပန်ချင်ပါတယ် အပေါ်ကပုံမှာ M1 နဲ့ M2 ကိုပြောင်းလဲကြည့်ပေးပါ Edit လုပ်တုန်းကနဲ့နဲ့လွဲသွားတာပါ ခိခိ....စိတ်
မရှိကြပါနဲ့ဗျာ....ညနက်နေပြီးမို့လို့ပြင်မအားတော့ပါ.................
 
LCD မှန်ကကြိုးပြားပါ LCD Supply အပေါင်း(+)က M1 ပါ အနုတ်ကတော့ M2 ပေါ့ အောက်ပုံဆက်ကြည့်လိုက်ပါ

 
ကြိုးဆက်ရလွဲအောင်မှန်ရဲ့နောက်ဘက်ကနေပြထားပေးပါတယ်  (+)က M1 ပါ M1 ကိုဆက်ပေးရပါမယ် M1 ကိုတိုင်းကြည့်လို့ 3.4V မရှိရင် M1 ကနေ ကွန်ဒင်ဆာအပေါင်း(+)ကိုကြိုးနဲ့ဆက်ပေး
လိုက်ပါ အဆင်ပြေပါတယ် ဒိုင်အုတ်အမဲရစ်ပါတဲ့ဘက်(+)3.4V ကနေလဲဆက်ပေးလို့ရပါတယ်

 

 

ဒီပုံကတော့ကြိုးဆက်လို့အောင်မြင်ထားတဲ့ပုံပါ  210 ရယ် 8620 ရယ်တူတူလောက်ပါပဲ နောက်ပြီး Huawei တော်တော်များများဒီပုံစံတွေနဲ့ပဲတည်ဆောက်ထားတာများပါတယ် အဆင်ပြေမယ်လို့ထင်ပါတယ်
 
 Credit to: http://tetpaingoo.blogspot.com