Saturday, June 29, 2013

Ascend Mate(MT1-U06) Official firmwareများ


Huawei ရေနင်နဲ့တော့ ရူးချင်တယ်။လာပြန်ပြီနောက်တစ်မျိုး။ Ascend Mate တဲ့။
ဆွဲထားကြဦးဘော်ဒါတို့ရေ။

Ascend Mate(MT1-U06,Android 4.1,Emotion UI,V100R001CHNC00B119)
Ascend Mate(MT1-T00,Android 4.1,Emotion UI,V100R001CHNC00B110)

Ascend Mate

Friday, June 28, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ကိုင်ခွင့်ရ နော်ဝေနှင့် ကာတာကုမ္ပဏီ လာမည့်နှစ်ဆန်းတွင် ဝန်ဆောင်မှုစမည်



အာရှတိုက်တွင် နောက်ဆုံး ကျန်ရှိနေသည့် အကြီးဆုံး ဆက်သွယ်ရေး ဈေးကွက်ကြီးအဖြစ် နိုင်ငံတကာ အိုင်တီ ကုမ္ပဏီများက သတ်မှတ်ထားသည့် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့် လက်ကျန်နှစ်နေရာကို ရရှိသွားသော နော်ဝေနိုင်ငံမှ Telenol နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့မှာ လာမည့် နှစ်ဆန်းပိုင်းမှ စတင်ကာ ပြည်တွင်းဈေးကွက်တွင် ဖုန်းဝန်ဆောင်မှုများ စပေးနိုင်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုတွင် နော်ဝေနိုင်ငံမှ Telenol နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ ရရှိသွားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာအပြီး နာရီပိုင်းအကြာတွင် ယင်းကုမ္ပဏီများက အထက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မည်သည့် ကုမ္ပဏီများနှင့်မျှ ပူးပေါင်းထားခြင်း မရှိသေးသော ယင်းကုမ္ပဏီများ၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် မေလ နောက်ပိုင်းတွင် ဖုန်းလိုင်ကတ်များ စတင်ရောင်းချပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများ စပေးနိုင်မည် ဖြစ်သည်။
ထို့အပြင် အကြောင်း အမျိုးမျိုးကြောင့် ရွေးချယ်ခံရသူများ မလုပ်ပါက အစားထိုးအနေနှင့် ပြင်သစ် တယ်လီကွန်း Orange နှင့် Marubeni ကော်ပိုရေးရှင်း ပူးတွဲကုမ္ပဏီကို အရန်အဖြစ် ရွေးချယ် လိုက်ကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ ယခုလာမည့် လွှတ်တော်တွင် အတည်ပြုပြီးမှသာ အဆိုပါ ဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီများကို လိုင်စင်များ တရားဝင် ချပေးမည် ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီနိုင်ငံမှာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းတစ်မျိုးလို ဖြစ်ခဲ့တာ။ အခုခေတ်ပြောင်းချိန် ရောက်ပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် အခုအနေအထားက သာတဲ့သူ စားစတမ်း ဖြစ်သွားပြီ။ ဘယ်သူဘယ်လောက် လုပ်နိုင် မလဲဆိုတာက စကားပြောသွားလိမ့်မယ်” ဟု Programmer တစ်ဦးဖြစ်သူ ဦးရဲဝင်းအောင်က မှတ်ချက်ပေးသည်။
ယခုကဲ့သို့ ကြေညာခဲ့ခြင်းသည် အစိုးရအပေါ် ပြည်တွင်းပြည်ပမှ ယုံကြည်မှု ပိုမို ရရှိစေနိုင်ကြောင်း၊ လုပ်ကိုင်ခွင့် ရရှိနေသော ကုမ္ပဏီများသည်လည်း သင့်တော်သည်ဟု ထင်မြင်မိကြောင်း ပြည်တွင်း နည်းပညာ ကုမ္ပဏီတစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက မှတ်ချက်ပေးသည်။
နော်ဝေ အစိုးရက ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော TELENOL ကုမ္ပဏီက မြန်မာနိုင်ငံတွင် လူတိုင်း မိုဘိုင်းလ်ဖုန်း၊ လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရမည်ဟု ဆက်သွယ်ရေးလိုင်စင် မရရှိမီက ကတိပေးထားသည်။
အဆိုပါ ကုမ္ပဏီသည် ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နော်ဝေ၊ ဆွီဒင်၊ မွန်တီနီဂရိုး၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ ဆားဘီးယားအစရှိသော နိုင်ငံများတွင် ဝန်ဆောင်မှု ပေးနေပြီး ယင်းဝန်ဆောင်မှုကို သုံးစွဲသူ အရေအတွက် ၂၁၄ သန်းရှိပြီး ကမ္ဘာပေါ်တွင် ကိုးခုမြောက် အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သည်။
အဆိုပါ ကုမ္ပဏီအနေနှင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီ ဖြစ်စေရန် HSPA နှင့် LTE နည်းပညာများကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ငါးနှစ်အတွင်း မိုဘိုင်းလ် ကွန်ရက်ကို တစ်နိုင်ငံလုံး ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် မတ်လ ကျော်လွန်ပါက စတင်ဖြန့်ဖြူး ရောင်းချနိုင်မည် ဖြစ်ကြောင်း TELENOL က တင်ဒါအောင်မြင်ပြီး နာရီပိုင်းအတွင်း ထုတ်ပြန် ကြေညာခဲ့သည်။
ထို့အပြင် ကုမ္ပဏီ၏ အမည်ကိုလည်း မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့် တစ်သားတည်း ဖြစ်စေရန် မြန်မာနိုင်ငံနှင့် လိုက်ဖက်သော အမည်တစ်ခုလည်း ပေးသွားမည်ဟု ယင်းကုမ္ပဏီထံမှ သိရသည်။
အခြားလုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခု ဖြစ်သည့် ကာတာ၊ အိုမန်၊ အင်ဒိုနီးရှား၊ အီရတ်၊ ကူဝိတ်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား အစရှိသော နိုင်ငံများတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသော Ooredoo ကုမ္ပဏီသည် အသုံးပြုသူ ၉၁ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးနေပြီး မြန်မာနိုင်ငံတွင် မည်သည့် ဝန်ဆောင်မှုများ ပေးအပ်သွားမည်ကိုမူ မသိရှိရသေးပေ။
ယင်းကုမ္ပဏီမှာ အခြားယှဉ်ပြိုင်ဘက် ကုမ္ပဏီများကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ပြီး ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်း ပြောကြားထားခြင်း မရှိသော်လည်း ဇွန်လ ၂၇ ရက်နေ့ ဆက်သွယ်ရေး လိုင်စင်ရရှိကြောင်း ထုတ်ပြန်အပြီး နာရီပိုင်း အကြာတွင် Ooredoo ၏ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“Ooredoo အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် ပိုမိုကောင်းမွန်စေဖို့အတွက် အာဆီယံ ဒေသတွင်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ယူဆောင်လာမှာပါ။ Ooredoo ဟာ ဆက်သွယ်ရေး ကွန်ရက်တွေကို အသုံးပြုရ လွယ်ကူအောင်၊ အသုံးပြုသူတွေ အဆင်ပြေအောင်၊ လူသားတွေရဲ့ လူမှုဘဝတွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးမှာဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့အဓိကဈေးကွက် ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု Ooredoo ၏ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al-Thani က ပြောကြားသည်။
ယခုလိုင်စင် ရရှိသော ပြည်ပကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်းမှ Myanmar Telecom၊ ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီတို့ အနေနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားသော ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်းလိုင်း သုံးဆယ့်ကိုးသန်း ငါးသိန်းကို ချထားပေးရမည် ဖြစ်ရာ၊ ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒသမ ၅ သန်းတို့ကို ပြည့်မီအောင် တပ်ဆင်ပေးရမည် ဖြစ်သည်။

 Ref & Credit to The Voice Weekly and myanmarmobiletutorial.com









Thursday, June 27, 2013

C8810,Android 2.3,V100R001C92B862) ရဲ့ Official Firmware



တစ်ကျော့ပြန်လည်လာတဲ့ C8810
ခု 1500 တန် CDMA တွေ တစ်ခေတ်ပြန်ထလာပြန်တော့။ C8810 တွေ ဆန်းပြန်ထလာပြန်ပြီဗျာ။
မရှိသေးတဲ့သူတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်။
အဆင်ပြေကြပါစေဗျာ။

ဒေါင်းရန်

Posted by : စိုင်းမောင်မောင် (Five Star Mobile)

Wednesday, June 26, 2013

ShuameSetup_1.2.1

 http://collectionofandroids.files.wordpress.com/2013/02/006.jpg?w=593&h=440
 တရုတ်ဖုန်းတော်တော်များများကို root လုပ်လို့ရတဲ့ ShuameSetup_1.2.1

ဒေါင်းရန်

ဓာတ်ပုံပေါ်မှာမမြင်စေချင်တဲ့စာတွေဖျောက်မယ်


အားလုံးအတွက်အသုံးဝင်မယ်ထင်ပါတယ်ဗျာ။ APK ရဲ့နာမည်လေးကတော့ secretimage တဲ့။
ဓာတ်ပုံတွေပို့တဲ့အခါ ဓာတ်ပုံပေါ်မှာ စာတွေထည့်ရေးရင် သူများတွေမြင်ကုန်မှာပေါ့။ အဲဒီစာလေးဟာ လှို့ဝှက်စရာရှိတဲ့ကိစ္စဆိုရင်ပိုဆိုးသွားပြီ။ :P
အဲဒီစာတွေကို တစ်ခြားသူမသိစေချင်ရင်၊ မမြင်စေချင်ရင် secretimage ဆိုတဲ့ apk လေးကို သုံးပြီးဖျောက်နိုင်ပါတယ်။
application ကိုသုံးပြီး ရေးချင်တဲ့စာရေးပြီးရင် hide it ကိုနှိပ်လိုက်။ ရေးတဲ့စာတွေပျောက်ပြီး သာမာန်ဓါတ်ပုံ တစ်ပုံလို ဖြစ်သွားပါလိမ့်မယ်။
စာဖျောက်ပြီးသားဓါတ်ပုံ ကိုတော့ file manager ထဲက secret image ဖိုလ်ဒါထဲမှာမှတ်ပြီးတော့ ပြန်ဖော်တာကတော့ REVEAL secret ကိုနှိပ်ပြီး စာဖွက်ထားတဲ့ ဓါတ်ပုံကို ရွေးပေးရမှာပါ။
လိုမယ့်သူတွေ ဒေါင်းလို့ရပါပြီနော်။
အားလုံးကြိုက်ကြမယ်ထင်ပါတယ်။

secretimagev211 ဒေါင်းရန်

Post by: စိုင်းမောင်မောင် (Five Star Mobile)

Monday, June 24, 2013

Semi-Restore For iOS 5.0 To 6.1.2 ထွက်လာပါပြီ

Semi-Restore For iOS 5.0 To 6.1.2 ထွက်လာပါပြိး ios သမားတွေအတွက် အစဉ်ပြေမဲ့ Tools လေး တစ်ခုပါ အောက်ကလင့် မှာ ဒေါင်းလိုက်ပါ

http://semi-restore.com/

ဒီ Tools ကလေးက မိမိ iDevices တွေကို Version ကို ပြန်ပြိး Restore လုပ်ပေးနိုငိမှာဖြစ်ပါတယ်

ios veroion ကို Upgreade မလုပ်ဘဲ လက်ရှိ Version ကို Restore ပြန်လုပ်ပေးတဲ့ အတွက်

jailbreak မပျက်ပါဘူး   Restore လုပ်ပြိး တဲ့ အချိန်မှာ firmware က အသစ်ဖြစ်ပြိး Cydia ပြောက်မသွားပါဘူး မိမိ သွင်းထားတဲ့ Data တွေ အားလုံးပျက်မှာပါ Firmware ကို Restore ပြန်မလုပ်ခင်မှာ မိမိ Data တွေ ကို BackUp လုပ်ထားရင်အကောင်းဆုံးပါဘဲ

အသုံးပြု ပုံ ကတော့ official ဆိုက်မှာ Vdo ကည့်ပြိး လုပ်နိုင်ပါတယ်

အားလုံးအစဉ်ပြေပါစေ

ကျွန်တော်ရဲ့  ပုံမှန်ဘဝထဲကို ပြန်လည်တိုးဝင်ဖို့  ကြိုးစားနေပေမယ့် ကျွန်တော်ဟာ ဘယ်တော့မှ စက်ရုပ်ဖြစ်လာမှာ မဟုတ်ပါဘူးကျွန်တော့် လည်ပြွန်ထဲမှာ ပန်းသီး တစ်ဖဲ့ ရှိနေသ၍ပန်းသီးအိမ်မက်ကို ကျွန်တော် ဆက်မက်နေဦးမှာပါ posts ရေးသားသူ Chitsanmg19 လိုအပ်တဲ့  software များနဲ့  ios အတွက်များကို skidrow993@gmail.com မှာမေးပို့ ပေးထားပါ လင့်တွေပြန်တင်ပေးပါမယ်

Sunday, June 23, 2013

C8650 နဲ့ C8650E Official Firmware စုစည်းမှု

HUAWEI C8500( V100R001C92B282) Official Firmware

 
ဒါလေးလည်းဆိုက်ထဲမှာ မရှိသေးလို့ပြန်တင်ပေးလိုက်ပါတယ်။
ရှာရခက်သွားတဲ့ Firmware လေးဖြစ်တာကတစ်ကြောင်း၊ ခုရေပန်းပြန်စားနေတာကတစ်ကြောင်းမို့ပြန်တင်ပေးလိုက်တာပါ။

ဒေါင်းရန်

Posted by: စိုင်းမောင်မောင်

Saturday, June 22, 2013

Myandroid V1.3

Featured :

Huawei & Other မြန်မာစာ၊မြန်မာစာလက်ကွက်သွင်းခြင်း
Sony မြန်မာစာ၊မြန်မာစာ လက်ကွက်သွင်းခြင်း
Android 2.3 Google App Installing,
Android 4.0 Google App Installing,
Android 4.1 Google App Installing,
HTC Unlock Bootloader,
Huawei Unlock Bootloader
Sony Unlock Bootloader,
Factory Rest,
Pattern Delete,
Download Mode,
Fastboot Mode,
Recovery Mode,
အစရှိတဲ့ Function တွေပါဝင်ပါတယ်။


Fix Bugs,

Myandroid v1.2.1 မှာ မြန်မာစာသွင်းရင်ဖြစ်တက်တဲ့ လေးထောင့်ဆန်သွားသော ပုံစံကိုပြင်ဆင်ထားပါတယ်။
Google App Installing Bugs များကိုပြင်ဆင်ထားပါတယ်..

Download Here
http://www.mediafire.com/download/tmp3n6fiy37fbt6/Myandroid_V1.3.rar

Screenshot - 6_21_2013 , 12_11_51 PM

Password: mmsd


Screenshot - 6_21_2013 , 12_12_04 PM


Friday, June 21, 2013

Zapya ထက်ပိုမြန်တဲ့ Flash_Transfer



Zapya လိုပဲ သုံးပုံခြင်းတူပါတယ်။ သူ့အသုံးကတော့ Zapya ထက် ဖိုင်တွေပို့ရမှာ ပိုမြန်တယ်ဆိုဘဲ။

ဒေါင်းရန်









SIM ကဒ် အခမဲ့ နှင့် ဖုန်းခေါ်ခ ပြား ၈၀


SIM ကဒ် အခမဲ့ နှင့် ဖုန်းခေါ်ခ ပြား ၈၀


ဆက်သွယ်ရေး လုပ်ကိုင်ခွင့်နဲ့ ပက်သတ်ပြီး အပြိုင်အဆိုင်လျှောက်ထားသည့် ကုမ္ဗဏီပေါင်း ၁၂ ခုထဲက ပြင်သစ်အခြေစိုက် Orange ဆက်သွယ်ရေး ကုမ္ဗဏီတစ်ခုက ယနေ့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စာနယ်ဇင်း မိတ်ဆက်ပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ခန်းမ၌ ကျင်းပ ခဲ့သည်။
၎င်းကုမ္မဏီက မြန်မာ့ဆက်သွယ်ရေး အတွက် လုပ်ပိုင်ခွင့် ရရှိလာပါက (၅) နှစ် အတွင်း တစ်တိုင်းတပြည်လုံး အတွက် ဖြန့်ချိသွားမည်ဟုသိရှိရသည်။
ရွေးချယ်ခံရပါက SIM ကဒ်ကို အခမဲ့ ဖြန့်ဝေမည်ဖြစ်ပြီး ခေါ်ဆိုခနှုန်းအဖြင့် ၀.၈ ကျပ် (ပြား ၈၀) နှုန်းဖြင့် သတ်မှတ်ပေးမည်ဟုလည်း သိရှိရသည်။
Ref & Credit to Mizzima News in Burmese

Wednesday, June 19, 2013

OneT Picture Matching game for andriod

 


တစ်ချိန်က ကွန်ပျူတာမှာ အရမ်းရေပန်းစားခဲ့တဲ့ဂိမ်းလေးတစ်ခုပါ။ Window XP မှာတုန်းကပေါ့။
ခုတော့ Andriod ဖုန်းတွေအတွက် apk ဖိုင်ထွက်လာပါပြီ။ ဒီနေ့ PlayStore မှာဝင်မွှေရင်းနဲ့မထင်မှတ်ဘဲရခဲ့တာပါ။
အတန်းလိုက်ရှိတဲ့ ထဲကရုပ်ပုံတွေထဲက တူတဲ့နှစ်ခုကို Match လုပ်ပေးရတာပါ။
Match လုပ်ပုံကိုအောက်ကပုံထဲမှာကြည့်ပါ။



ဒီပုံလေးတွေ့ရင် သူငယ်ချင်းတို့မှတ်မိပြီထင်တယ်နော်
အားလုံးကြိုက်လိမ့်မယ်လို့ထင်ပါတယ်။

Credit to : Play Store
Posted by: စိုင်းမောင်မောင် (Five Star Mobile)




Y210S(C8685,Android 2.3,V100R001C92B824) ရဲ့ Official Firmware

 
လာပြန်ပြီဟ နောက်တစ်မျိုး Huawei ကတော့ တစ်နေ့တစ်မျိုးမရိုးရအောင်လုပ်ပြန်ပြီ
Y210S တဲ့။ ကဲဆွဲထားကြဦးဘော်ဒါတို့ရေ။

Y210S ဒေါင်းရန်


Tuesday, June 18, 2013

Huawei Y500-T00 B025 4.0.x official Rom

အသစ်ထွက် Huawei Y500-T00 B025 4.0.x official Rom ကိုတင်ပေးလိုက်ပါတယ် အောက်ကလင့်မှာဒေါင်းလိုက်ပါ
                               
华为Y500-T00

http://www.huaweidevice.com/cn/downloadCenter.do?method=toDownloadFile&flay=software&softid=NDI0MDE=


အားလုံးအစဉ်ပြေပါစေ

ကျွန်တော်ရဲ့  ပုံမှန်ဘဝထဲကို ပြန်လည်တိုးဝင်ဖို့  ကြိုးစားနေပေမယ့် ကျွန်တော်ဟာ ဘယ်တော့မှ စက်ရုပ်ဖြစ်လာမှာ မဟုတ်ပါဘူးကျွန်တော့် လည်ပြွန်ထဲမှာ ပန်းသီး တစ်ဖဲ့ ရှိနေသ၍ပန်းသီးအိမ်မက်ကို ကျွန်တော် ဆက်မက်နေဦးမှာပါ posts ရေးသားသူ Chitsanmg19 လိုအပ်တဲ့  software များနဲ့  ios အတွက်များကို skidrow993@gmail.com မှာမေးပို့ ပေးထားပါ လင့်တွေပြန်တင်ပေးပါမယ်

G309T Pro(T8830Pro,Android 4.0) ရဲ့ Official Firmware များ



အဟောင်းလေးဖြစ်ပါတယ်ဗျာ။ ဆိုက်ထဲမှာမရှိသေးတာကတစ်ကြောင်း။ အသုံးဝင်မယ်ထင်လို့ကတစ်ကြောင်းမို့ ပြန်တင်ပေးလိုက်ပါတယ်။

G309T Pro(T8830Pro,Android 4.0,V100R001CHNC462B108)ဒေါင်းရန်

G309T Pro(T8830Pro,Android 4.0,V100R001CHNC01B109)ဒေါင်းရန်

G309T(T8830,Android 4.0,V100R001CHNC01B923)

Posted by: စိုင်းမောင်မောင် (Five Star Mobile)



Saturday, June 15, 2013

Apple Introduces iOS 7

iOS 7 concept (Simply Zesty)
iOS 7 concept (Simply Zesty, Widget Centre)
iOS 7 concept (Simply Zesty, Lock screen)

iOS 7 concept (Simply Zesty, App icons)

iOS 7 concept (Simply Zesty, Stock App icons)


iOS 7 concept (Simply Zesty, Music)

iOS 7 concept (Simply Zesty, Calendar and Camera)

iOS 7 concept (Simply Zesty, Siri)

design_functional_gallery1



အားလုံးအစဉ်ပြေပါစေ

ကျွန်တော်ရဲ့  ပုံမှန်ဘဝထဲကို ပြန်လည်တိုးဝင်ဖို့  ကြိုးစားနေပေမယ့် ကျွန်တော်ဟာ ဘယ်တော့မှ စက်ရုပ်ဖြစ်လာမှာ မဟုတ်ပါဘူးကျွန်တော့် လည်ပြွန်ထဲမှာ ပန်းသီး တစ်ဖဲ့ ရှိနေသ၍ပန်းသီးအိမ်မက်ကို ကျွန်တော် ဆက်မက်နေဦးမှာပါ posts ရေးသားသူ Chitsanmg19 လိုအပ်တဲ့  software များနဲ့  ios အတွက်များကို skidrow993@gmail.com မှာမေးပို့ ပေးထားပါ လင့်တွေပြန်တင်ပေးပါမယ်။





Frozen Keyboard Pro v 0.6.0 for android(latest version)

Android ဖုန်း/Tablet တွေအတွက် ၂၀၁၃ ဇွန်လ 15 ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာကီးဘုတ် “Frozen Keybord Pro” version အသစ် 0.6.0 ကိုတင်ပေးလိုက်ပါတယ်။ Frozen Keyboard ကတော့ Android ဖုန်းအသုံးပြုသူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ယခု Pro version 0.6.0 မှာတော့ ဇော်ဂျီဖောင့်ကိုအမှန်အတိုင်းမြင်ရပါပြီ ၊ စာရိုက်ရင်စာလုံးလွဲတာတွေမဖြစ်တော့ပါဘူး ။ ဒီဇိုင်းကလည်းအရင် Frozen keyboard ထက်ပိုပြီး သပ်ရပ်လှပတာကိုတွေ့ရပါတယ်။ Frozen Keyboard Pro ရဲ့အသွင်အပြင်ကို Android 4.0 အထက်ဖုန်းတွေရဲ့ Default Keyboard ဒီဇိုင်းမျိုးနဲ့ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ ယခု Frozen Keyboard Pro မှာတစ်ချို့သော မြန်မာစာလုံးပေါင်းများကို shift key ရိုက်၍အချိန်မကုန်ရအောင် key တစ်ခုချင်းစီကို long press နှိပ်ထားရုံနဲ့ Shift နဲ့တွဲရိုက်ရမယ့် အက္ခရာများကို Pop-up key အနေနဲ့ပြပေးမှာဖြစ်ပါတယ်။ Frozen Keyboard Pro ကိုရေးသားသူကတော့ Android Developer ကိုသီဟအေးကျော် ပဲဖြစ်ပါတယ်။ Myanmar Android users များအတွက် Developer ကိုသီဟအေးကျော်ရဲ့ ကြိုးပမ်းမှုများက ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ Frozen Keyboard Pro ဟာ မြန်မာစာရိုက်ဖို့သာဖြစ်ပြီး မြန်မာလိုဖတ်ရှုဖို့ကတော့ မိမိတို့ရဲ့ Android ဖုန်း/Tablet များမှာ ဇော်ဂျီမြန်မာစာ font သွင်းထားဖို့လိုပါတယ်။ အခုထွက်ရှိလာတဲ့ ဗားရှင်းအသစ်မှာ keyboard Theme နှစ်မျိုး ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပြီးFrozen Keyboard Pro v0.6.0for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။


Credit to: Myo Minn Thant ( myanmarmobileapp.com)

ဖုန်းပြင်ဆိုင် ဖုန်းအရောင်းဆိုင် သစ်များအတွက် လိုင်စင်တွေဖွင့်ပြီ


ဖုန်းပြင်ဆိုင် ဖုန်းအရောင်းဆိုင် ဖွင့်ထားတဲ့ ညီအစ်ကိုတွေရေ မြန်မာ့ဆက်သွယ်ရေးကတော့ လိုင်စင်အသစ်တွေ ထုတ်ပြန်ပြီဗျို့...
ဒီတစ်ခုက ရောင်းဝယ်ခွင့် လိုင်စင် နှင့် စမ်းသပ်ပြသခွင့် လိုင်စင် တဲ့
http://www.mpt.net.mm/sites/default/files/pdf/Licence%20Form/Licence_1.pdf
ဒီဟာကတော့ ပြင်ဆင်ခွင့် လိုင်စင် တဲ့ဗျာ
http://www.mpt.net.mm/sites/default/files/pdf/Licence%20Form/Licence_2.pdf
လိုင်စင်မရှိရင် ထောင်နန်းစံရမယ် ဆိုပဲ


Credit to: http://www.facebook.com/kyawswar.thwin.16

MEC ရဲ့ SEAGAME Promotion



ခုရက်ပိုင်းအတွင်း ၁၅၀၀ တန် MEC က အာစီယံ ၁၀ နိုင်ငံကို
ပြည်တွင်းခေါ်ဆိုခ အတိုင်းခေါ်ဆိုနိုင်ပါပြီ။

Singapore --010065,
Malaysia -- 010060,
Thailand -- 010066,
Brunei -- 0100673,
Indonesia -- 010062,
Laos --0100856,
Vietnam -- 010084,
Cambodia -- 0100855,
Philippines -- 010063,

နိုင်ငံ code ရှေ့မှ 01 00 ခံပြီး ခေါ်ဆိုနိုင်ပါတယ်။

Credit to: အလင်းသစ် မီဒီယာ

Sony Xperia Z (C6602/C6603) သမားများအတွက် 4.2.2 Jelly Bean Firmware Update

Sony Xperia Z သမားများအတွက် jellybean 4.2.2 leaked firmware လေးဖြစ်ပါတယ်.. unlocked bootloaders လုပ်ထားတဲ့ဖုန်းများ စမ်းသပ်တင်နိုင်ပါပြီ..CWM တင်ထားရပါမယ် ..
ပထမဆုံး မိမိဖုန်းရဲ့ အရေးကြီး Data တွေကို backup လုပ်ထားပါ.. USB debugging ကို  enable လုပ်ထားပါ . leaked firmware ဖြစ်တဲ့အတွက် တချို့သော functions များက အပြည့်အ၀ အလုပ်မလုပ်နိုင်ပါဘူး၊

ဖိုင်ဒေါင်းရန်

ဖိုင်ဒေါင်းပြီးတဲ့အခါ ဒေါင်းထားတဲ့ဇစ်ဖိုင်ကို  Sd ကဒ်ထဲ copy ကူထည့်ထားပါ ..ပြီးရင်ဖုန်းကို ပိတ် ပြီး  recovery mode ခေါ်ပါ ..recovery mode ရောက်ရင်
update from zip ကနေ မိမိထည့်ထားခဲ့သော zip file ကို  install လုပ်ပေးလိုက်ပါ …အချိန်နည်းနည်းကြာပါမယ် ..ပြီးရင် wipe the data and cache လုပ်ပြီး ဖုန်းကို reboot system now လုပ်လိုက်ပါ ..ပြန်တက်လာရင် သင့်ရဲ့ဖုန်းကို  android 4.2.2 rom လေးနဲ့ လန်းနိုင်ပါပြီ..
Ref & Credit to: www.technostall.com
Credit to: myanmarmobileapp.com

Friday, June 14, 2013

Y300(T8833,Android 4.0,V100R001CHNC01B207,)ရဲ့ Official Firmware

Huawei Version 4.1.1 တွေအတွက် Theme တွေကို ကိုယ်ပိုင်စတိုင်နဲ့ ပြင်ကြမယ်



Huawei Version 4.1.1 တွေအတွက် မိမိကိုယ်ပိုင် Theme လေးဖန်တီးဖို့အတွက် Huawei Company က  Hisute version အသစ်ထုတ်ပေးလိုက်ပါပြီ။ ကလိချင်သူတွေအတွက်တော့ စမ်းစရာရပြီပေါ့။
Hisute Version အသစ်မှာ EmotionUITOOL ဆိုပြီး Tab အသစ်တစ်ခုတိုးလာပါပြီ။

HiSuiteSetup ဒေါင်းရန်

ပထမဆုံးဒေါင်းထားတဲ့ ဖိုင်ကို install တင်လိုက်ပါ။
အောက်ဆုံးက Emotion UI Tool ကိုနှိပ်လိုက်ပါ။




Start Up Themes UI Tool ကိုနှိပ်လိုက်ပါ။



ပြီးသွားရင်တော့ မိမိ ပြင်ဆင်မဲ့ Hwt ဖိုင်ကိုရွေးပေးရပါမယ်။
 open ကို နှိပ်ပြီးရွေးပေးလိုက်ပါ။


Title မှာ မိမိ Themes နာမည်ကိုပြောင်းပါ။
Author တို့ဘာတို့မှာ စိတ်ကြိုက်နာမည်ထည့်လိုက်ပါ။
Wallpaper မှာ မိမိ အသုံးပြုလိုတဲ့ Wallpaper ကို ထည့်ပေးရုံပါပဲ

Wallpaper Size ကတော့ 960 x 854 ပါ။
အဲ Size ရှိတဲ့ Wallpaper ကို မူရင်းနေရာမှာအစားထိုးရပါမယ်…
Wall Paper ကိုနှိပ်လိုက်ပါ။
Main Wall paper ပြောင်းဖို့အတွက် Home_wallpaper မှာပြောင်းနိုင်ပါတယ်။  Lock Screen မှာသုံးဖို့အတွက် Unlock-Wallpaper မှာပြောင်းနိုင်ပါတယ်။
ပြီးရင် Change locally ကို နှိပ်လိုက်ပါ။ မိမိရဲ့ ပုံကို အစားထိုးပြီးရင် အောက်က Confirm ဆိုတာကိုနှိပ်ရမှာပါ။

ဒီနည်းလမ်းနဲ့ပဲအားလုံးကိုပြောင်းရမှာပါ။
icon တွေ Lock Scrren အကုန်ပြောင်းလို့ရပါတယ်။
ကိုယ်စွမ်းရှိသလိုပြောင်းနိုင်ပါတယ်။
အားလုံးပြီးသွားရင်တော့ ညာဘက်ဒေါင်စွန်းက Pack Local ကိုနှိပ်ပြီး Save လုပ်လိုက်ပါ။

အားလုံးအဆင်ပြေကြပါစေဗျာ။
 

Posted by: စိုင်းမောင်မောင်(Five Star Mobile)