Thursday, June 6, 2013

၁၅၀၀ တန် SIM Card များအင်တာနက်လိုင်းပိုကောင်း

        CDMA 800 MHz အမျိုးအစား တန်ဖိုးနည်း Sim Card များအနေဖြင့် ယခင်ချထားပေးခဲ့ပြီးဖြစ်သော Sim Card များထက် အင်တာနက်လိုင်းဆွဲအား ပိုကောင်းလျှက်ရှိသည်ဟု နည်းပညာအသိုင်းအ၀ိုင်းမှတစ်ဆင့် ကြားသိရသည်။
        MEC TEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း  Sim Card များအနေဖြင့် အင်တာနက်လျှောက်ထား ရာတွင် သက်ဆိုင် ဒေသရှိမြန်မာ့ဆက်သွယ်ရေး မန်နေဂျာရုံးများတွင် သွားရောက်လျှောက် ထားနိုင်ပြီး ငွေကျပ်တစ်သောင်း၊ပေးသွင်းရန်လိုအပ်သည်။ ကျွန်တော့်နှမ GSM ဖုန်းနဲ့ ကျွန်တော်ရဲ့တန်ဖိုးနည်း Sim Card အင်တာနက်လိုင်းဆွဲအားမတူတာကိုတွေ့ရတယ်ဗျာ။ ကျွန်တော့်ဖုန်းက လိုင်းဆွဲအားပိုကောင်းတယ် ဟု အင်္ဂလိပ်စာ တတိယနှစ်ကျောင်းသား မောင်ရဲရင့်နောင်မှ ပြောကြားခဲ့သည်။
        လက်ရှိကာလတွင် MEC TEL အမှတ်တံဆိပ် တန်ဖိုးနည်း Sim Card များကို တစ်လလျှင် တန်ဖိုးနည်း Sim Card အရေအတွက် သုံးသိန်းခွဲအရေအတွက်ဖြင့် ဧပြီနှင့်မေ နှစ်လဆက်တိုက်ရောင်းချ ပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လက်ရှိမိုဘိုင်းကွန်ရက်အတွင်း တန်ဖိုးနည်း Sim Card အရေအတွက် စုစုပေါင်း ခုနှစ်သိန်းရှိပြီးဖြစ်သော်လည်း အချို့ Sim Card များမှာ အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုလျက်မရှိသေးကြောင်းသိရှိရသည်။ ထို့အပြင် တန်ဖိုးနည်း 1500 တန် Sim Card များကို Online မှတစ်ဆင့် ငွေဖြည့်သွင်းနိုင်ကြောင်းသိရှိရသည်။ Online မှတစ်ဆင့်ငွေဖြည့်သွင်းလိုသူများအနေဖြင့် MyanPay account ရှိရန်လိုအပ်ပြီးအသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 3456 သို့ ဆက်သွယ်မေးမြန်းနိုင်သည်။
        CDMA 800 MHz အမျိုးအစားတန်ဖိုးနည်း Sim Card များအနေဖြင့် အင်တာနက်အသုံးပြုရာတွင်  တစ်မိနစ် (၄)ကျပ်နှုန်း ပေးသွင်းရမည်ဖြစ်သည်။ CDMA 800 MHz, WCDMA အမျိုးအစား Sim Card များအနေဖြင့် အင်တာနက်အသုံးပြုရာတွင် တစ်မိတစ်(၄)ကျပ် ကျသင့်မည်ဖြစ်သည်။
                                                                                                        အောင်ရဲကျော်

Credit to: Digital Life Journal

No comments:

Post a Comment