Friday, June 14, 2013

Huawei Version 4.1.1 တွေအတွက် Theme တွေကို ကိုယ်ပိုင်စတိုင်နဲ့ ပြင်ကြမယ်



Huawei Version 4.1.1 တွေအတွက် မိမိကိုယ်ပိုင် Theme လေးဖန်တီးဖို့အတွက် Huawei Company က  Hisute version အသစ်ထုတ်ပေးလိုက်ပါပြီ။ ကလိချင်သူတွေအတွက်တော့ စမ်းစရာရပြီပေါ့။
Hisute Version အသစ်မှာ EmotionUITOOL ဆိုပြီး Tab အသစ်တစ်ခုတိုးလာပါပြီ။

HiSuiteSetup ဒေါင်းရန်

ပထမဆုံးဒေါင်းထားတဲ့ ဖိုင်ကို install တင်လိုက်ပါ။
အောက်ဆုံးက Emotion UI Tool ကိုနှိပ်လိုက်ပါ။




Start Up Themes UI Tool ကိုနှိပ်လိုက်ပါ။



ပြီးသွားရင်တော့ မိမိ ပြင်ဆင်မဲ့ Hwt ဖိုင်ကိုရွေးပေးရပါမယ်။
 open ကို နှိပ်ပြီးရွေးပေးလိုက်ပါ။


Title မှာ မိမိ Themes နာမည်ကိုပြောင်းပါ။
Author တို့ဘာတို့မှာ စိတ်ကြိုက်နာမည်ထည့်လိုက်ပါ။
Wallpaper မှာ မိမိ အသုံးပြုလိုတဲ့ Wallpaper ကို ထည့်ပေးရုံပါပဲ

Wallpaper Size ကတော့ 960 x 854 ပါ။
အဲ Size ရှိတဲ့ Wallpaper ကို မူရင်းနေရာမှာအစားထိုးရပါမယ်…
Wall Paper ကိုနှိပ်လိုက်ပါ။
Main Wall paper ပြောင်းဖို့အတွက် Home_wallpaper မှာပြောင်းနိုင်ပါတယ်။  Lock Screen မှာသုံးဖို့အတွက် Unlock-Wallpaper မှာပြောင်းနိုင်ပါတယ်။
ပြီးရင် Change locally ကို နှိပ်လိုက်ပါ။ မိမိရဲ့ ပုံကို အစားထိုးပြီးရင် အောက်က Confirm ဆိုတာကိုနှိပ်ရမှာပါ။

ဒီနည်းလမ်းနဲ့ပဲအားလုံးကိုပြောင်းရမှာပါ။
icon တွေ Lock Scrren အကုန်ပြောင်းလို့ရပါတယ်။
ကိုယ်စွမ်းရှိသလိုပြောင်းနိုင်ပါတယ်။
အားလုံးပြီးသွားရင်တော့ ညာဘက်ဒေါင်စွန်းက Pack Local ကိုနှိပ်ပြီး Save လုပ်လိုက်ပါ။

အားလုံးအဆင်ပြေကြပါစေဗျာ။
 

Posted by: စိုင်းမောင်မောင်(Five Star Mobile)

No comments:

Post a Comment