Showing posts with label Hardware. Show all posts
Showing posts with label Hardware. Show all posts

Friday, January 17, 2014

Huawei G610S နှင့် Safemode ပြဿနာ

Huawei G610S တလုံး လာပြင်ပါတယ်
Display Screen ရဲ့ အလယ်လောက်မှာ new:risk , old:risk ဆိုတဲ့
စာတန်းအဖြုလေး နှစ်ကြောင်းထဲ ပေါ်နေပါတယ်
ဖြစ်ကြောင်းကို မေးကြည့်တော့ အားသွင်းထားရင်း သုံးလိုက်တာ
စာတန်းတွေ တက်လာပီး ပြန်ပွင့်လာတော့ အဲဒီ စာနှစ်ကြောင်းပဲ
ပေါ်လာတာတဲ့ … ဘာမှ ထပ်ပေါ်မလာတော့ပါဘူး တဲ့
……………………………………………………………..
စမ်းကြည့်လိုက်တော့ safe mode မှာပဲ ရပ်နေတယ်
firmware (G610-U00 B138 ) တင်ပါတယ်
OK ပြပီး Restart ကျသွားပါတယ် …
ပြန်ပွင့်လာတော့ safe mode ပါပဲ
သုံးကြိမ်ထိအောင် firmware တင်စမ်းပါတယ် ဒီအတိုင်းပါပဲ …
……………………………………………………………..
နောက်တခု ထူးခြားတာ တွေ့မိတာက Vol Down Key ပါ
သံသယရှိလို့ သူ့ကို လွှတ်ထားပီး Firmware တင်တဲ့အခါ Vol Up နဲ့ Power
နှစ်ခုတွဲနှိပ်တာတောင် အလုပ်လုပ်နေပါတယ်
Hardware Error ဖြစ်နိုင်မယ်ထင်လို့ ဖြုတ်စစ်လိုက်ပါတယ် …
နှိပ်တဲ့ Key အတွဲ (Power, Vol Up, Vol down) ကို အရင်စစ်တော့
Vol down key က နဲနဲ ကျွံဝင်နေပါတယ် ကျန်တဲ့နှစ်ခုက ကောင်းပါတယ်
ကျွံနေတဲ့ Vol down ကို ပြန်ခွါပီး သေချာ တိတ်နဲ့ထိန်းပီး ပြန်ကပ်ပေးလိုက်ပါတယ်
အဲဒါနဲ့ အဲဒီ Key တွေ လမ်းကြောင်းအတိုင်း ဆားကစ်ပြားကို ဆက်စစ်ပါတယ်
ပုံထဲမှာ ပြထားတဲ့အတိုင်း ကော်နက်တာ လေးခုက အစဉ်လိုက်အတိုင်းဆိုရင်
1.Power , 2.Ground , 3.Vol Up , 4.Vol down တို့ပါ
Ground ကို အနက်တံထားပီး ကျန်တဲ့ သုံးငုတ်ကို မီတာ ×10 မှာထားပီးတိုင်းပါတယ်
အားလုံး နဲနဲစီပဲ ပြပါတယ် …
နောက်တခါ Ground ကို အနီတံထားပီး ကျန်တဲ့ သုံးငုတ်ကို ဆက်တိုင်းပါတယ်
Vol down နဲနဲပြနေတာက လွဲလို့ ကျန်တဲ့နှစ်ခုက လုံးဝ မပြပါဘူး
အဲဆိုရင်တော့ Vol down မှာ Error ရှိလောက်မယ်ထင်လို့ သူ့လိုင်းကို လိုက်ကြည့်ပါတယ်
Key အားလုံးက ဒိုင်အုတ်နဲ့ ကွန်ဒင်ဆာ အပြိုင်ဆက်ပီး
Ground ချထားတာပါ … အဲဒီထဲကမှ Vol down နဲ့ Ground နဲ့ ဆက်ထားတဲ့ ဒိုင်အုတ်ကို
မီတာ တိုင်းကြည့်လိုက်တော့ အပြန်အလှန် ပြနေတာပါ …
လဲစမ်းစရာ မရှိတာနဲ့ ဖြုတ်ချလိုက်ပါတယ် ဒိုင်အုတ်က သေးလွန်းတော့
ခဲဂေါက်မှာ ကပ်ပါသွားတာဗျာ ကျွန်တော့် မျက်လုံးမကောင်းတော့ ရှာလို့ကို မတွေ့တော့ဘူး
အားလုံး ပြန်တတ်စမ်းပါတယ် … safe mode ပါပဲ
ဒါနဲ့ မထူးပါဘူးဆိုပီး Vol up နဲ့ Vol down လမ်းကြောင်းမှာရှိတဲ့ ဒိုင်အုတ်နဲ့ ကွန်ဒင်ဆာတွေ
အားလုံး ဖြုတ်ချလိုက်ပါတယ် …ပြန်တတ်စမ်းတယ် …
Logo တက်လာပီး Boot Animation ဆက်တက်လာတယ်
ပီးတော့ ပုံမှန် ဖန်းဝဲ တက်လာပါတယ်
ပုံမှန် ပွင့်နေတဲ့ အချိန်မှာ Vol up နဲ့ Vol down စမ်းကြည့်တယ် … အလုပ်မလုပ်တော့ပါ
အားလုံး အဆင်ပြေလောက်ပီထင်လို့ ပစ္စည်းစုံတပ်ပီး စမ်းကြည့်တယ်
ပြန်တက်လာတော့ safe mode
ကျွန်တော်လဲ မျက်ရိုးတွေ ကိုက်လှပီ ခေါင်းလဲ နောက်နေပီ components တွေက
အရမ်းသေးလွန်းတော့ မျက်မှန် နဲ့ မှန်ဘီလူး နှစ်ခုပေါင်းကြည့်မှ မြင်ရတာ
ဒါနဲ့ပဲ ပစ်ထားလိုက်တယ် …
…………………………………………………………………..
နောက်ထပ် သုံးရက်လောက်နေတော့ သတိရလို့ စမ်းကြည့်လိုက်တယ်
ပုံမှန် ပွင့်နေသဗျ … အိုကေပီပေါ့
ဓါတ်ခဲ ဖြုတ်ပီး ပြန်တတ်စမ်းတယ် safe mode ….
အဲဒါနဲ့ ပစ်ထားလိုက်တယ် နောက်တရက် ထပ်စမ်းတယ် ရပြန်တယ်
ဓါတ်ခဲ ဖြုတ်ပီး ပြန်တတ်လိုက်ရင်ပဲ ထုံးစံအတိုင်း safe mode …
ကျွန်တော်လဲ G610S တလုံးနဲ့ကို ရူးချင်သလိုလို ဖြစ်လာပါတယ်
အဖြေ မတွေ့သေးလေ သိချင်လေ ရှာလေ တိုင်ပတ်လေ ဖြစ်နေတယ်
………………………………………………………………………………..
ဒါနဲ့ ပိုင်ရှင်ကို မေးကြည့်လိုက်တော့
ဘုရားဖူးခရီးစဉ်တခုမှာ အဲဖုန်းနဲ့ တယောက်တလှည့်စီ ဓါတ်ပုံရိုက်ကြသတဲ့
ဖုန်းက လူတကာ လက်ထဲ ရောက်နေတာ အကိုင်များနေတယ်
ချောင်းသာ တည်းခိုခန်းမှာ အားသွင်းရင်း
ဖေါက်သွားတာ ဆိုတော့ …. ရေငွေ့ကို သတိရသွားတယ်
အဲဒါနဲ့ ပေါင်းစက်နဲ့ 30M (50W) ထားပီး ပေါင်းကြည့်တယ်
ပေါင်းပီးတော့ ပြန်တတ်စမ်းတယ် ပုံမှန် ပြန်ပွင့်လာပါတယ်
ဓါတ်ခဲ ဖြုတ် ပြန်တတ် အကြိမ်ကြိမ် စမ်းပါတယ် ပုံမှန် အတိုင်းပါပဲ
Vol up နဲ့ Vol down ခိုင်းမရတော့ပါ
ဖြုတ်ထားတဲ့ ပစ္စည်းတွေ အစားထိုး ပြန်တတ်စမ်းပီး
Vol up နဲ့ Vol down ပြန်စမ်းမလို့ပါပဲ
ပိုင်ရှင်ကလဲ ပြန်လိုချင်နေလို့ အဲဒီ အခြေအနေအတိုင်းပဲ ပြန်ပေးလိုက်ပါတယ်
ကျွန်တော်ဖြုတ်တာ နဲနဲ လွန်သွားတယ်ဗျ သတိထားနိုင်ဖို့ပါ
………………………………………………………………………………….
ဒါဟာ သေချာတဲ့ Solution မဟုတ်ပေမယ့် ကျွန်တော် ပြင်ထားတဲ့အတိုင်း
ပြန်ပြောပြတာပါ … Error တခုထဲပေမယ့် Solution တူနိုင်မှာ မဟုတ်ပါဘူး
ကြုံလာတဲ့အခါ ထည့်သွင်း စဉ်းစားလို့ရအောင် ပြောပြပေးတာပါဗျာ ။

အားလုံးကိုကျေးဇူးတင်ပါတယ်။
Credit to: ကိုစိုးမြတ်သူ(myanmarmobileapp.com)

Mobile Hardware Service လေ့လာသူများအတွက် Digital Multi Meter အသုံးပြုနည်း

Mobile Hardware Service လေ့လာသူများအတွက် Digital Multi Meter အသုံးပြုနည်းဖြစ်ပါတယ်။ ‘Myanmar Mobile Phone Hardware Solution’ Facebook Group မှာ Ko Htut တင်ထားတဲ့ Knowledge Note ကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ Myanmar Mobile Application Store မှ Mobile Hardware လေ့လာသူများ ဗဟုသုတရစေရန်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Digital Multi Meter တစ်လုံးမှာ တိုင်းတာလို့ရတဲ့ ယေဘူယျ စနစ်တွေကတော့
AC Voltage
DC Voltage
AC Current
DC Current
Risistance
Diode
Capacitor (n F)
Temperature (ံC)
Continuity Measurement ( အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု အဆက်အသွယ် ရှိမရှိတိုင်း၊Circuit လမ်းကြောင်းပြတ်မပြတ် တိုင်းတာခြင်း စသည့်စနစ်တွေကို တိုင်းတာသော အခါ ကောင်းမွန်ပါက တတီတီ နှင့် အသံမြည် အချက်ပြသောစနစ် (Buzzer Alarm)
Battery Test အစရှိသည်တို့ဖြစ်ပါသည်။
(မှတ်ချက်။ ။ဖော်ပြပါ ယေဘူယျ အချက်များတွင်ပဲ မိမိ အသုံးပြုသော မီတာအမျိုးအစား၊ မော်ဒယ်လ်ကိုလိုက်ကာ အနည်းငယ်ကွဲလွဲနိုင်ပါသည်။)
အချို့ Digital Multimeter များတွင် AC V,DC V,A အစရှိသည်တို့ တိုင်းတာသော အခါတွင် Auto Range စနစ်ပါရှိသည် (ထိုစနစ်ပါရှိသော Digital Multimeter မျိုးသည် ပိုမိုကောင်းမွန်သလို ဈေးလည်း အလွန်ကြီးပါသည်။ထိုစနစ်ရဲ့အားသာချက်ကတော့ မီတာမှ V,A,Ohm တို့ကို အလိုအလျောက်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။)
DC Voltage Range
200mV (100 μV မှ 200mV ထိ )
2000mV (1mV မှ 2000mV ထိ)
20V (10mV မှ 20V ထိ)
200V (100mV မှ 200V ထိ)
500V (1V မှ 500V ထိ) တိုင်းတာနိုင်ပါသည်။
AC Voltage Range
200V (100mV မှ 200V ထိ)
DC Current Range
200 μ A (0.1 μA မှ 200 μA ထိ)
2000 μA (1 μA မှ 2000 μA ထိ)
20mA (10 μA မှ 20mA ထိ)
200mA (100 μA မှ 200mA ထိ)
10A (10mA မှ 10A ထိ) တိုင်းတာနိုင်ပါသည်။
ၽResistance Ohm (Ω) Range
200 Ω (0.1 Ω မွ 200 Ω ထိ)
2000 Ω (1 Ω မွ 2000 Ω ထိ)
20K Ω (10 Ω မွ 20K Ω ထိ)
200K Ω (100 Ω မွ 200K Ω ထိ)
20M Ω (10K Ω မွ 20M Ω ထိ)
200M Ω (100K Ω မှ 200M Ω ထိ) တိုင်းတာနိုင်ပါသည်။
(eg။ ။360 Ω ရှိသော resistor တစ်လုံးအား 200 Ω Range တွင် တိုင်းတာသောအခါ မီတာ စကေးတွင် 358,359 Ωခန့်ပြသပါမည်။20k Ω Range တွင်တိုင်းပါက 0.36 Ω ပြသပါမည်။)
Diode တိုင်းခြင်း
Digital Multimeter တွေမှာ Diode တိုင်းရန်အတွက် သီးသန့် Diode Range (scale) ပါရှိပါသည်။ကောင်းမွန်သော Diode တစ်ခုအား Diode Range မှာထားပြီးတိုင်းပါက 518,519,714,713 အစရှိသဖြင့် ဖော်ပြပါမည်။
Diode Range တွင်ထားပါက မီတာတွင် 1 (သို့) 0L ပေါ်ပါမည်။
မီတာတစ်လုံးနှင့်တစ်လုံးကြား အနည်းငယ်ကွဲလွဲနိုင်ပါသည်။
(သတိပြုရန်။ ။Digital Multimeter တွင် Diode Scale တွင်တိုင်းတာပါက မီတာ Probe တံ အနီတွင် (+V) မီတာ Probe တံ အနက်တွင် (-V) ရောက်ရှိနေပါမည်။
ယခုအချက်သည် Analog Multimeter နှင့် ပြောင်းပြန် အချက်ဖြစ်ပါသည်။
ထို့ကြောင့် Digital Multimeter ဖြင့် Diode တိုင်းတာလျှင် Diode ၏ Cathode (-)တွင် မီတာ Probe တံ အနက်ကိုထား ပြီး Anode (+) တွင် မီတာ Probe တံ အနီကိုထားပြီးတိုင်းရပါမည်။မှားတိုင်းမိပါက မီတာတွင်ဘာမှ မပြပါ 1 (သို့) 0L သာပြပါမည်။
Batter တိုင်းခြင်း
Battery တိုင်းသော အခါ မီတာလက်တံ အနီ အနက် တို့ကိုမှန်ကန်စွာ ထားပြီး တိုင်းတာရပါမည်။မှားယွင်းပါက ကိန်းဂဏန်းများ၏ ရှေ့တွင် – ပြနေပါမည်။
ဒါလေးတွေလဲ သိထားသင့်ပါတယ်…….
အောက်မှာပုံတင်ပေးထားပါတယ် Unit တွေပါ။

Ref & Thanks To Ko Htut & ‘Myanmar Mobile Hardware Solution’ Facebook Group
 
Huawei Y210S မှာ Sdcard ကို မသိ တော့ တာကိုဖြေရှင်းခြင်း (Mobile Hardware Course)

Mobile Hardware Service လေ့လာနေသူတွေအတွက် ဗဟုသုတရစေရန်ရည်ရွယ်ပါတယ်။ Huawei Y210S မှာ Sdcard ကို မသိ တော့ တာ လေး Mobile Hardware Service ပညာရှင် ကိုနေလ ရဲ့ ဖြေရှင်းထားပုံလေးဖြစ်ပါတယ်။ ဆက်လက်လေ့လာကြည့်ရအောင်။
အရင်ဆုံး မြှားပြထားတဲ့ နေရာလေးက ကွန်ဒစ်ဇာ လေးမှာ 2.8V ရှိမရှိ တိုင်းကြည့် ရပါမယ် မရှိ ရင် ( 1 ) နေရာ က IC လေး ကို အရင် လဲ ပြီး စမ်းကြည့် ပါ ။ ကွန်ဒစ်ဇာ လေးမှာ 2.8V ရှိရင်တော့ ( 2 ) နေရာ က IC လေးကို လဲ ပေးလိုက်ရင် အဆင်ပြေပါပြီ ခင်ဗျာ ။

Thanks & Credit to : Ko Nay La

Sunday, December 1, 2013

Huawei 210 LCD မီးမလင်းတဲ့ပြသာနာဖြေရှင်းမယ်

Huawei 210 LCD Display မလာတာကိုပြုပြင်မှာပါ အခုပို့က LCD နဲ့ပတ်သတ်ပြီးအပြည်အစုံ
မဟုတ်ပါဘူး အခုကျနော်ပြောမယ်ပုံစံက Display မီပဲမလာတာပါ ရုပ်ထွက်နေပါတယ် အများဆုံးကရေ၀င်လို့ပျက်တာများတယ် ရုပ်ရောမီးရောမလာရင်တော့ LCD တစ်ချပ်လုံးလဲရမှာပါ
အောက်ကပုံတွေကိုကြည့်ရင်သဘောပေါက်မှာပါ

ပျက်နိုင်တဲ့နေရာတွေကိုအနီရောင်နဲ့ဝိုင်းပြထားပါတယ် ဓါတ်ပုံနဲ့သေချာတင်ချင်ပေမဲ့ကင်မရာအဆင်မပြေသေးလို့နာလည်းပေးပါခင်ဗျာ
M1 / M2 ကတော့ကြိုးဆက်ဖို့အတွက် လွယ်အောင်ပြထားပေးတာပါ တစ်ခုတောင်းပန်ချင်ပါတယ် အပေါ်ကပုံမှာ M1 နဲ့ M2 ကိုပြောင်းလဲကြည့်ပေးပါ Edit လုပ်တုန်းကနဲ့နဲ့လွဲသွားတာပါ ခိခိ....စိတ်
မရှိကြပါနဲ့ဗျာ....ညနက်နေပြီးမို့လို့ပြင်မအားတော့ပါ.................
 
LCD မှန်ကကြိုးပြားပါ LCD Supply အပေါင်း(+)က M1 ပါ အနုတ်ကတော့ M2 ပေါ့ အောက်ပုံဆက်ကြည့်လိုက်ပါ

ကြိုးဆက်ရလွဲအောင်မှန်ရဲ့နောက်ဘက်ကနေပြထားပေးပါတယ်  (+)က M1 ပါ M1 ကိုဆက်ပေးရပါမယ် M1 ကိုတိုင်းကြည့်လို့ 3.4V မရှိရင် M1 ကနေ ကွန်ဒင်ဆာအပေါင်း(+)ကိုကြိုးနဲ့ဆက်ပေး
လိုက်ပါ အဆင်ပြေပါတယ် ဒိုင်အုတ်အမဲရစ်ပါတဲ့ဘက်(+)3.4V ကနေလဲဆက်ပေးလို့ရပါတယ်

ဒီပုံကတော့ကြိုးဆက်လို့အောင်မြင်ထားတဲ့ပုံပါ  210 ရယ် 8620 ရယ်တူတူလောက်ပါပဲ နောက်ပြီး Huawei တော်တော်များများဒီပုံစံတွေနဲ့ပဲတည်ဆောက်ထားတာများပါတယ် အဆင်ပြေမယ်လို့ထင်ပါတယ်
 
 Credit to: http://tetpaingoo.blogspot.com