မဟုတ်ပါဘူး အခုကျနော်ပြောမယ်ပုံစံက Display မီပဲမလာတာပါ ရုပ်ထွက်နေပါတယ် အများဆုံးကရေ၀င်လို့ပျက်တာများတယ် ရုပ်ရောမီးရောမလာရင်တော့ LCD တစ်ချပ်လုံးလဲရမှာပါ
အောက်ကပုံတွေကိုကြည့်ရင်သဘောပေါက်မှာပါ

ပျက်နိုင်တဲ့နေရာတွေကိုအနီရောင်နဲ့ဝိုင်းပြထားပါတယ် ဓါတ်ပုံနဲ့သေချာတင်ချင်ပေမဲ့ကင်မရာအဆင်မပြေသေးလို့နာလည်းပေးပါခင်ဗျာ
M1 / M2 ကတော့ကြိုးဆက်ဖို့အတွက် လွယ်အောင်ပြထားပေးတာပါ တစ်ခုတောင်းပန်ချင်ပါတယ် အပေါ်ကပုံမှာ M1 နဲ့ M2 ကိုပြောင်းလဲကြည့်ပေးပါ Edit လုပ်တုန်းကနဲ့နဲ့လွဲသွားတာပါ ခိခိ....စိတ်
မရှိကြပါနဲ့ဗျာ....ညနက်နေပြီးမို့လို့ပြင်မအားတော့ပါ.................

LCD မှန်ကကြိုးပြားပါ LCD Supply အပေါင်း(+)က M1 ပါ အနုတ်ကတော့ M2 ပေါ့ အောက်ပုံဆက်ကြည့်လိုက်ပါ

ကြိုးဆက်ရလွဲအောင်မှန်ရဲ့နောက်ဘက်ကနေပြထားပေးပါတယ် (+)က M1 ပါ M1
ကိုဆက်ပေးရပါမယ် M1 ကိုတိုင်းကြည့်လို့ 3.4V မရှိရင် M1 ကနေ
ကွန်ဒင်ဆာအပေါင်း(+)ကိုကြိုးနဲ့ဆက်ပေး
လိုက်ပါ အဆင်ပြေပါတယ် ဒိုင်အုတ်အမဲရစ်ပါတဲ့ဘက်(+)3.4V ကနေလဲဆက်ပေးလို့ရပါတယ်
လိုက်ပါ အဆင်ပြေပါတယ် ဒိုင်အုတ်အမဲရစ်ပါတဲ့ဘက်(+)3.4V ကနေလဲဆက်ပေးလို့ရပါတယ်

ဒီပုံကတော့ကြိုးဆက်လို့အောင်မြင်ထားတဲ့ပုံပါ 210 ရယ် 8620 ရယ်တူတူလောက်ပါပဲ နောက်ပြီး Huawei တော်တော်များများဒီပုံစံတွေနဲ့ပဲတည်ဆောက်ထားတာများပါတယ် အဆင်ပြေမယ်လို့ထင်ပါတယ်
Credit to: http://tetpaingoo.blogspot.com
No comments:
Post a Comment