Friday, January 17, 2014

Samsung Galaxy Note 3 အတွက် Android 4.4 KitKat စတင် ဖြန့်ချိ


 Samsung Galaxy Note 3 နိုင်ငံတကာဗားရှင်း အသုံးပြုသူများသည် မကြာမီအချိန်အတွင်း ၎င်းတို့၏ phablet များ တွင် Android 4.4.2 KitKat ကို အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ Note 3 အတွက် Android နောက်ဆုံး ဗားရှင်းကို ပိုလန်နိုင်ငံတွင် မိတ်ဆက်ပြသခဲ့ကြောင်း Sammobile blog ၏ ဖော်ပြချက်အရ သိရသည်။

အသုံးပြုသူများ အနေဖြင့် Samsung ၏ Kies ဆော့ဖ်ဝဲလ်မှတစ်ဆင့် download ပြုလုပ်ကာ install ပြုလုပ်နိုင်သလို အွန်လိုင်းမှ တစ်ဆင့်လည်း install ပြုလုပ်နိုင်မည် ဖြစ်သည်။

Update ပြုလုပ်နိုင်သည့် နေ့ရက်နှင့် ဒေသအတိအကျကို ပြောကြားခြင်း မရှိခဲ့သော်လည်း Note 3 အသုံးပြုသူများ အနေဖြင့် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း အဆိုပါ update ကိုရရှိနိုင်ဖွယ်ရှိသည်။

သို့ရာတွင် အမေရိကန်ရှိ အသုံးပြုသူများသည် ယခု update ကိုရရှိနိုင်ဖွယ်မရှိပေ။ Update အသစ်အတွက် firmware ဗားရှင်းမှာ N9005XXUENA6 ဖြစ်ပြီး ၎င်းသည် Note 3 ၏ နိုင်ငံတကာဗားရှင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

Ref: CNET

Ref & Credit: Internet Mobile Guide Journal
Credit to: myanmarmobileapp.com

No comments:

Post a Comment