Thursday, October 10, 2013

iPhone 6 မျက်နှာပြင် ကျယ် ဖြင့် ထွက်ရှိမည်

iPhone 5S နဲ့ 5C တောင် ထွက်တာ မကြာ သေးဘူး။ iPhone 6 နဲ့ ပက်သက် တဲ့ သတင်း တွေက ထွက်ရှိ လာပြန်ပါ ပြီ။ Apple က ယခု ရက်ပိုင်း အတွင်း တင်ပဲ ၎င်း တို့ရဲ့  အသစ် ထုတ် လုပ် မယ့် ဖုန်း အတွက် မူပိုင် ခွင့် တင် လိုက်တဲ့ သတင်း ကြောင့် iPhone 6 ဘယ်လို ဖြစ်လာ မယ် ဆိုတာ ပညာရှင် များ က ခန့်မှန်းခြင်း ဖြစ်ပါတယ်။

အဓိက ကတော့ မျက်နှာ ပြင် ပိုကျယ် လာခြင်း ဖြစ် ပါတယ်။ အနည်း ဆုံး ၄.၈ လက်မ ကနေ ၆ လက်မ ကြား အထိ ကျယ်လာ နိုင်ပြီး Retina + IGZO အမျိုး အစား အရည် အသွေး ကောင်း မျက်နှာ ပြင် ကို အသုံး ပြုပြီး ကမ္ဘာ့ အကြည်လင် အပြတ်သား ဆုံး စမတ်ဖုန်း မျက်နှာပြင် အဖြစ် စံချိန် တင် အုံးမှာ လို့ ဆို ပါတယ်။ Chip အမျိုး အစား က A7 ထက် တစ်ဆင့် မြင့် တဲ့ A7X 64 Bit architechture, ကင်မရာ က 13 Megapixel ( 1.5u pixels f / 2.2 aperture ) တို့ ပါဝင်ပြီး မထုတ် ရသေး တဲ့ iOS ဗားရှင်း အသစ် နဲ့ မြင်တွေ့ ရမယ် လို့ ဆိုပါတယ်။

Samsung နဲ့ LG တို့က ကွေးကောက် မျက်နှာပြင် ထုတ်လုပ် မှု နဲ့ အတူ Apple ကလည်း လိုက်လံ စမ်းသပ် နေပေ မယ့် iPhone 6 မှာ လက်တွေ့ အသုံးချ ရန် ရှိမရှိ ကတော့ ဘယ်သူမှ မပြောနိုင်ေ သး ပါဘူး။ သေချာ တာ ကတော့ မျက်နှာ ပြင် ကြီးကြီး နဲ့ ထုတ်မှာ မို့ Display အကျယ်များ နဲ့ တ ကယ် လက်တွေ့ စမ်းသပ် လျက် ရှိပါ တယ်။

iPhone 6 အနေနဲ့ ဘယ်လို ဖြစ်လာမယ် ဆိုတာကို အောက်ပါ ဗီဒီယို က ခန့်မှန်းချက် မှာ လေ့ လာ နိုင် ပါတယ် ။

http://youtu.be/36d-U8AfxAk

Credit to:အောင်ခမ်း ( TSJ Team )
Golden Land Myanmar

No comments:

Post a Comment