Sunday, February 23, 2014

ကိုရီးယားမှာ မိတ်ဆက်ပေးလိုက်တဲ့ LG G Pro 2



LG ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ LG G Pro 2 ဟာ တရားဝင်ထွက်ရှိလာခဲ့ပြီး ကိုရီးယားမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ LG ဟာ Samsung ရဲ့ Galaxy Note 2 ကို တိုက်ရိုက်ယှဉ်ပြိုင်ရန် G Pro ကို ထုတ်လုပ်ခဲ့ပေမယ့် ယခုအခါမှာတော့ ဈေးကွက်တွင်ရောက်နှင့်နေပြီးသော Galaxy Note 3 အပြင် အခြား phalet တန်းဝင်စမတ်ဖုန်းများကိုပါ

စိန်ခေါ်ယှဉ်ပြိုင်နိုင်ရန်အတွက် G Pro 2 ကို ပွဲထုတ်ခဲ့တယ်လို့ ယူဆရပါတယ်။ Snapdragon 800 platform ပေါ်မှာ အချိန်တော်ကြာ develop လုပ်ပြီးသွားတဲ့နောက် LG team ဟာ G2 မှာ ချန်ထားခဲ့ရတဲ့ camera feature တွေကို ထည့်သွင်းပေးလာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် LG G Pro 2 ဟာ ဗီဒီယိုတွေကို 120 frames per second နဲ့ ရိုက်ကူးပေးနိုင်ပြီး user တွေအနေနဲ့ ရိုက်ကူးထားတဲ့ဗီဒီယိုတွေကို 4X slow motion အနေဖြင့် 30 FPS ပြန်လည် playback လုပ်နိုင်ရုံသာမက သဘာဝမြင်ကွင်းတွေကို အသေးစိတ် နဲ့ အကောင်းဆုံးမြင်နိုင်တဲ့ 4K ဗီဒီယိုတွေကိုပါ ရိုက်ကူးပေးနိုင်ပါတယ်။



ဒါ့အပြင် LG က ပုံတွေကိုေ၀၀ါးခြင်းမရှိအောင် ဘယ် degree ကနေ ထိန်းချုပ်ရိုက်ကူးရမယ်ဆိုတဲ့ Magic Focus ဆိုတဲ့ feature သစ်ကိုလည်း မိတ်ဆက်ပေးခဲ့တဲ့အပြင် Natural flash ဆိုတဲ့ feature ကိုလည်း ပေါင်းထည့်ပေးထားပါသေးတယ်။ အဲဒီ feature က ပုံတွေကို ပိုပြီးသဘာဝကျကျမြင်နိုင်အောင် intensity နဲ့ flash color တွေကို လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိပေးပြီး Iphone 5s မှာပါတဲ့ flash technique နဲ့ သဘောတရားဆင်တူပါတယ်။ G Pro 2 ဟာ G2 လိုပဲ Snapdragon 800 2.26 GHZ processor နဲ့ Adreno 330 Graphic ပါဝင်ပြီး G2၊ G Pro တို့ထက် ပိုမိုကြီးမားတဲ့ 5.9" IPS 1080p display ကို တပ်ဆင်ပေးထားပြီး G Pro 2 မျက်နှာပြင်ဟာလဲ အကောင်းဆုံးဖြစ်နေမှာပါ။ ဖုန်း နဲ့ စနစ်တစ်ခုလုံးကို ပိုမိုကောင်းမွန်တဲ့ 3200mAh battery နဲ့ ထောက်ပံ့ပေးထားပြီး G flex ရဲ့ 3500 mAh၊ Huawei Mate 2 ရဲ့ 4000 mAh ဘက်ထရီတို့နဲ့ နှိုင်းယှဉ်ရင်တော့ မျက်နှာငယ်စေပါတယ်။ ကျောဘက်မှာ G2 camera ကဲ့သို့ ကောင်းမွန်ပြီး technical baseline တူညီတဲ့ 13 Megapixel ရှိတဲ့ main camera ကို တပ်ပေးထားပါတယ်။

အရွယ်အစားအနေနဲ့ 157,9 x 81.9 x 8.3mm (172g) ရှိပြီး ကျယ်ပြန်တဲ့ ဒီဇိုင်းက G2 နဲ့ တူညီနေသယောင်ရှိပါတယ်။ ထူးခြားမှုအနေနဲ့ LG ဟာ သူ့ရဲ့software team ကိုနှစ်ဆကျော် ပြန်လည်ဖွဲ့စည်းထားပြီး Andriod ကို ပိုမိုကောင်းမွန်စေခဲ့တာကြောင့် G Pro 2 မှာ မည့်သည့်ဖိုင်ကိုမဆို password ဖြင့် lock ချနိုင်တဲ့ privacy feature ဖြစ်သော Content Lock Feature ပါဝင်လာပါတယ်။ ဒါအပြင့် နည်းပညာမြင့်မားပြီး မျက်နှာပြင်ကြီးမားသော စမတ်ဖုန်းများမှာသာ တွေ့ရနိုင်တဲ့ specific feature တွေ ပါဝင်လာပါသေးတယ်။ အဲဒါတွေကတော့ ဖုန်းကို 3.4" to 4.7" နဲ့တူညီတဲ့ display ဖြစ်သွားအောင် ချုံ့ပေးနိုင်တဲ့ Mini View၊ screen မြင်ကွင်းကို နှစ်ခုခွဲပြီး browser နှစ်ခုပြိုင်တူအသုံးပြုနိုင်တဲ့ Split mode အပြင် LTE 4G ကွန်ရက်မှာလဲ အသုံးပြုနိုင်တဲ့ LG ရဲ့G Pro2 ဟာ နိုင်ငံတကာဈေးကွက်ထဲကို ဘယ်အချိန်ရောက်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Credit to: Smart Pro journal

No comments:

Post a Comment