Tuesday, May 7, 2013

ဆက်သွယ်ရေး လုပ်ငန်း အော်ပရေတာ ဇွန်လကုန်ပိုင်းတွင် အပြီးသတ် ရွေးချယ်မည်



ဆက်သွယ်ရေး လုပ်ငန်း အော်ပရေတာ ဇွန်လကုန်ပိုင်းတွင် အပြီးသတ် ရွေးချယ်မည်
ရန်ကုန်၊ မေ ၂
ပြည်တွင်းတွင် မိုဘိုင်းဖုန်း ချထားပေးရေးအပါအ၀င် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အော်ပရာရွေးချယ်ခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်နေပြီဖြစ်ရာ ယင်းလုပ်ငန်းအတွက် အော်ပရေတာ ရွေးချယ်ခြင်းကို လာမည့် ဇွန်လကုန်ပိုင်းတွင် အပြီးသတ် ရွေးချယ်သွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောသည်။
ပြည်ထောင်စု ၀န်ကြီးက ပြောကြားခြင်းမှာ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် လိုသောကုမ္ပဏီများ ညှိနှိုင်းဆွေးနွေးပွဲကိုကျင်းပရာတွင် ပြောကြာခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးက ပြောကြားရာတွင် ယခုနှစ်ဇွန်လ ကုန်လောက်တွင် ဆက်သွယ်ရေးလုပ်ငန်းအတွက် နိုင်ငံတကာအော်ပရေ တာ(၂)ဦးကို အပြီးသတ်ရွေးချယ်မည်ဖြစ်ပြီး ယင်းသို့ ရွေးချယ် ပြီးနောက်(၈)လ မှ(၁)နှစ်အတွင်း ၄င်းအော်ပရေတာများဘက်က ဆက်သွယ်ရေးကွန်ရက် တပ်ဆင်မှုပြီးစီးလိမ့်မည်ဟု မျှော်လင့်သည်ဟုလည်း ပြောသည်။ ယင်းအပြင် ပူးပေါင်းဆောင်ရွက် လိုသည့် ကုမ္မဏီများ အနေဖြင့် ဆက်သွယ်ရေး လုပ်ငန်းပိုင်း၌ လုံခြုံရေးအရ ကန့်သတ်မှုရှိသည့် လုပ်ငန်းများမှလွဲ၍ ကျန်သည့်လုပ်ငန်းများကို လွတ်လွတ်လပ်လပ်ပူးပေါင်းဆောင် ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာဆောင် ရွက်ကြရမည်ဖြစ်သဖြင့် ဆက်သွယ်ရေးကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ညှိနှိုင်းဆောင်ရွက်ပေးကြရန် လည်း ပြောကြားသည်။
ဆက်သွယ်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းပေါင်း ၃၀ ရှိပြီး မိုဘိုင်းလုပ်ငန်း၊ အဝေး ဆက်သွယ်ရေး လုပ်ငန်း၊ အော်တိုဖုန်းလုပ်ငန်း၊ ပြည်ပဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာလုပ်ငန်း၊ စာတိုက်လုပ်ငန်းနှင့် ကြေးနန်းဆက်သွယ်ရေးနှင့်စာတိုက် သင်တန်းကျောင်း လုပ်ငန်းတို့ထဲမှ အကျိုးတူပူးပေါင်းဆောင်ရွက် နိုင်မည့်လုပ်ငန်း အမျိုးအစားများ ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာနယ်ပယ်မှ ကုမ္ပဏီအဖွဲ့ အစည်းပေါင်း (၈၅ခုမှ ကိုယ်စားလှယ်ပေါင်း(၁၅၅)ဦး တက်ရောက်သည်ဟုလည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနက သိရသည်။
credit to : Mobile Guide Journal

No comments:

Post a Comment