Saturday, May 18, 2013

Huawei U8815(G300) root လုပ်နည်း (baseband 2030 နဲ့ 109808 root)

  1. ပထမဆုံး Settings ထဲကိုသွားပါ။
  2. About Phone နှိပ်ပါ။
  3. Baseband version က 2030 လား 109808 လားဆိုတာကြည့်ပါ။ အောက်မှာ နှစ်မျိုးလုံးအတွက်ပြပေးထားပါတယ်။

 

Baseband version 2030 အတွက် Root လုပ်နည်း

  1. ပထမဆုံး ထုံးစံအတိုင်း ဖုန်းထဲက Settings -> Applications -> Development ထဲက USB debugging ကိုအမှန်ခြစ်ပါ။ ICS ဆိုရင်တော့ Settings -> Developer options ထဲက USB debugging ကိုအမှန်ခြစ်ပါ။
  2. ဖုန်းကိုကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ USB Storage ကို on မှာလားလို့မေးပါလိမ့်မယ်။ ဘာမှမနှိပ်ဘဲ ဖုန်းက Home button ကိုနှိပ်လိုက်ပါ။
  3. G300 root ဖိုင်အားဒေါင်းရန်
  4. ပေးထားတဲ့အပေါ်ကဖိုင်ဒေါင်းပြီးရန် RootG300.exe ဖိုင်ကို Run ပါ။
< waiting for device > ဆိုပြီး  ခဏနေ . ဖုန်းက reboot ကျသွားပါမယ်..(reboot ကျမသွားရင် driver ပြန်စစ်ပါ… ) reboot ကျပြီး ပြန်တက်လာရင် superuser လေး တွေ့ရပါလိမ့်မယ် …




Baseband version 109808 အတွက် Root လုပ်နည်း

  1. ဓာတ်ခဲဖြုတ်ပြီး 10 စက္ကန့်လောက်ထားပါ။ ပြီးရင်ဓာတ်ခဲပြန်တပ်လိုက်ပါ။
  2. ဖုန်းက Volume Down ရယ် Power button ရယ်ကို 15 စက္ကန့်လောက်ဖိထားပါ။ Your phone should freeze on the splash screen.
  3. ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။
  4. gingerbread-g300-root ဖိုင်အားဒေါင်းရန်
  5. ဒေါင်းထားတဲ့ GingerbreadRoot.exe. ဖိုင်ကို run လိုက်ပါ။
  6.  < waiting for device >,ဆိုပြီးစအလုပ်လုပ်ပါလိမ့်မယ်။


7.  ခဏနေရင် cmd window ပိတ်သွားပါလိမ့်မယ်။
8.  ဓာတ်ခဲကို 10 စက္ကန့်လောက်ခဏပြန်ဖြုတ်ထားပါ။
9.  ပြီးရင် Volume Up and Power button 15 စက္ကန့်လောက်ဖိထားလိုက်ပါ။
     recovery mode တက်လာပါလိမ့်မယ်။ အဲဒီထဲက reboot system now ကို power ခလုပ်နှိပ်ပြီးရွေးလိုက်ပါ။



စက်ပြန်တက်လာရင် super user လေးနဲ့လန်းနိုင်ပါပြီဗျာ။
 အားလုံးဘဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

Credit to: http://huaweig300.com/how-to-root-the-huawei-g300/check-baseband-root/#

Posted by: စိုင်းမောင်မောင်(Five Star Mobile)


No comments:

Post a Comment