Thursday, May 2, 2013

Samsung galaxy S4 (GT I9500) android version 4.2.2 အား CWM သွင်းပြီး root လုပ်ခြင်း

 
Samsung Galaxy S4 က တဖြည်းဖြည်း နဲ့ မြန်မာပြည်ကိုရောက်ရှိလို့လာပါပြီ….ဒါကြောင့် galaxy S4(GTI9500) ရဲ့ root နည်းကို ပြန်လည် ဝေမျှလိုက်ပါတယ် …
အရင်ဆုံးလိုအပ်တဲ့ဖိုင်တွေ ကို အရင် ဒေါင်းပါမယ် …
CWM Recovery for Galaxy S4 ကို ဒေါင်းရန်
SuperSU flashable zip ဒေါင်းရန်
Samsung Driver ဒေါင်းရန်
Driver ဒေါင်းပြီးသွားရင် ကွန်ပျူတာ မှာ သွင်းထားလိုက်ပါ ..
အားလုံးဒေါင်းပြီးရင်  CWM recovery for galaxy S4 လေးကို ဇစ်ဖြေလိုက်ပါ … အထဲမှာ
cofface_I9500_cwm_recovery_en_new.tar”‘ နဲ့  odin ပါပါလိမ့်မယ် …  Odinကို  ကွန်မှာ ရမ်းလိုက်ပါ …
ပြီးရင် Odin ရဲ့  PDA အကွက်မှာ အပေါ်က ဇစ်ဖြေထားတဲ့အထဲက  cofface_I9500_cwm_recovery_en_new.tar” ဖိုင်လေး သွင်းပေးပါ..
ပြီးရင် ဖုန်းကို  USb debugging on ပြီးပိတ်လိုက်ပါ …. download mode ကို  vol-  power   home  ကို 3-4 စက္ကန့် လောက်  တွဲနှီပ်ထားပါ ..
ဒီပုံစံ တက်လာပါလိမ့်မယ် …

 
. vol+ ခလုတ် ကို နှိပ်ပေးလိုက်ပါ … ဒီလိုလေးဖြစ်သွားပါလိမ့်မယ် ..


အပေါ်က ပုံအတိုင်းဆိုရင် download mode ရောက်သွားပါပြီ … ဖုန်းကို  USB ကြိုးနဲ့ ကွန်မှာ ထိုးလိုက်ပါ ….
Odin ရဲ့ ID.com အောက်နားမှာ အ၀ါရောင်ဖြစ်ဖြစ်၊အစိမ်းရောင်ဖြစ်ဖြစ်၊ အပြာရောင်ဖြစ်ဖြစ် သန်းလာပါလိမ့်မယ် ..အဲဒါဆိုရင် ဆက်လုပ်လို့ရပါမယ် အဲလိုမှ မဟုတ်ရင် ဆက်လုပ်လို့မရပါဘူး ..ဒီပုံစံလေးအတိုင်းပါ ..

အရောင်လေးတက်မလာဘူးဆိုရင် USB ကြိုး၊ Driver ပြန်စစ်ပြန်သွင်းရပါမယ် …အရောင် တက်လာပြီဆိုရင်  Odin ရဲ့ Start ခလုတ်ကို နှိပ်ပေးလိုက်ပါ …  CWM သွင်းနေပါလိမ့်မယ် .. ပြီးသွားတဲ့အခါမှာ Odin မှာ  PASS ပြပါလိမ့်မယ် … ဒီပုံစံလေးအတိုင်းပါ  :D 



အဲလို PASS ပြသွားရင် မိမိဖုန်း CWM သွင်းပြီးပါပြီ .. reboot ကျပြီးရင်  ပြန်တက်လာရင် CWM သွင်းပြီးသားဖြစ်ပါလိမ့်မယ် …
CWM သွင်းပြီးပြီ ဆိုတော့ root  နည်းစပါမယ် .. အပေါ်မှာ ဒေါင်းထားတဲ့  CWM-SuperSU-v0.99.zip ဖိုင်လေးကို  sd ကဒ်ထဲကို folder မဆောက်ပဲ ထည့်ထားပါ …. ပြီးရင် ဖုန်းပိတ်  recovery mode ကို vol+  power home တွဲနှိပ်ပြီး ၀င်ပါမယ် ..ကြာကြာနှိပ်ထားပါ ..logo တက်လာရင် လွှတ်လိုက်ပါ .ဒီပုံစံလေး တက်လာရင် recovery mode ထဲကိုရောက်ပါပြီ..  :v

No comments:

Post a Comment