Friday, January 17, 2014

Huawei G610S နှင့် Safemode ပြဿနာ



Huawei G610S တလုံး လာပြင်ပါတယ်
Display Screen ရဲ့ အလယ်လောက်မှာ new:risk , old:risk ဆိုတဲ့
စာတန်းအဖြုလေး နှစ်ကြောင်းထဲ ပေါ်နေပါတယ်
ဖြစ်ကြောင်းကို မေးကြည့်တော့ အားသွင်းထားရင်း သုံးလိုက်တာ
စာတန်းတွေ တက်လာပီး ပြန်ပွင့်လာတော့ အဲဒီ စာနှစ်ကြောင်းပဲ
ပေါ်လာတာတဲ့ … ဘာမှ ထပ်ပေါ်မလာတော့ပါဘူး တဲ့
……………………………………………………………..
စမ်းကြည့်လိုက်တော့ safe mode မှာပဲ ရပ်နေတယ်
firmware (G610-U00 B138 ) တင်ပါတယ်
OK ပြပီး Restart ကျသွားပါတယ် …
ပြန်ပွင့်လာတော့ safe mode ပါပဲ
သုံးကြိမ်ထိအောင် firmware တင်စမ်းပါတယ် ဒီအတိုင်းပါပဲ …
……………………………………………………………..
နောက်တခု ထူးခြားတာ တွေ့မိတာက Vol Down Key ပါ
သံသယရှိလို့ သူ့ကို လွှတ်ထားပီး Firmware တင်တဲ့အခါ Vol Up နဲ့ Power
နှစ်ခုတွဲနှိပ်တာတောင် အလုပ်လုပ်နေပါတယ်
Hardware Error ဖြစ်နိုင်မယ်ထင်လို့ ဖြုတ်စစ်လိုက်ပါတယ် …
နှိပ်တဲ့ Key အတွဲ (Power, Vol Up, Vol down) ကို အရင်စစ်တော့
Vol down key က နဲနဲ ကျွံဝင်နေပါတယ် ကျန်တဲ့နှစ်ခုက ကောင်းပါတယ်
ကျွံနေတဲ့ Vol down ကို ပြန်ခွါပီး သေချာ တိတ်နဲ့ထိန်းပီး ပြန်ကပ်ပေးလိုက်ပါတယ်
အဲဒါနဲ့ အဲဒီ Key တွေ လမ်းကြောင်းအတိုင်း ဆားကစ်ပြားကို ဆက်စစ်ပါတယ်
ပုံထဲမှာ ပြထားတဲ့အတိုင်း ကော်နက်တာ လေးခုက အစဉ်လိုက်အတိုင်းဆိုရင်
1.Power , 2.Ground , 3.Vol Up , 4.Vol down တို့ပါ
Ground ကို အနက်တံထားပီး ကျန်တဲ့ သုံးငုတ်ကို မီတာ ×10 မှာထားပီးတိုင်းပါတယ်
အားလုံး နဲနဲစီပဲ ပြပါတယ် …
နောက်တခါ Ground ကို အနီတံထားပီး ကျန်တဲ့ သုံးငုတ်ကို ဆက်တိုင်းပါတယ်
Vol down နဲနဲပြနေတာက လွဲလို့ ကျန်တဲ့နှစ်ခုက လုံးဝ မပြပါဘူး
အဲဆိုရင်တော့ Vol down မှာ Error ရှိလောက်မယ်ထင်လို့ သူ့လိုင်းကို လိုက်ကြည့်ပါတယ်
Key အားလုံးက ဒိုင်အုတ်နဲ့ ကွန်ဒင်ဆာ အပြိုင်ဆက်ပီး
Ground ချထားတာပါ … အဲဒီထဲကမှ Vol down နဲ့ Ground နဲ့ ဆက်ထားတဲ့ ဒိုင်အုတ်ကို
မီတာ တိုင်းကြည့်လိုက်တော့ အပြန်အလှန် ပြနေတာပါ …
လဲစမ်းစရာ မရှိတာနဲ့ ဖြုတ်ချလိုက်ပါတယ် ဒိုင်အုတ်က သေးလွန်းတော့
ခဲဂေါက်မှာ ကပ်ပါသွားတာဗျာ ကျွန်တော့် မျက်လုံးမကောင်းတော့ ရှာလို့ကို မတွေ့တော့ဘူး
အားလုံး ပြန်တတ်စမ်းပါတယ် … safe mode ပါပဲ
ဒါနဲ့ မထူးပါဘူးဆိုပီး Vol up နဲ့ Vol down လမ်းကြောင်းမှာရှိတဲ့ ဒိုင်အုတ်နဲ့ ကွန်ဒင်ဆာတွေ
အားလုံး ဖြုတ်ချလိုက်ပါတယ် …ပြန်တတ်စမ်းတယ် …
Logo တက်လာပီး Boot Animation ဆက်တက်လာတယ်
ပီးတော့ ပုံမှန် ဖန်းဝဲ တက်လာပါတယ်
ပုံမှန် ပွင့်နေတဲ့ အချိန်မှာ Vol up နဲ့ Vol down စမ်းကြည့်တယ် … အလုပ်မလုပ်တော့ပါ
အားလုံး အဆင်ပြေလောက်ပီထင်လို့ ပစ္စည်းစုံတပ်ပီး စမ်းကြည့်တယ်
ပြန်တက်လာတော့ safe mode
ကျွန်တော်လဲ မျက်ရိုးတွေ ကိုက်လှပီ ခေါင်းလဲ နောက်နေပီ components တွေက
အရမ်းသေးလွန်းတော့ မျက်မှန် နဲ့ မှန်ဘီလူး နှစ်ခုပေါင်းကြည့်မှ မြင်ရတာ
ဒါနဲ့ပဲ ပစ်ထားလိုက်တယ် …
…………………………………………………………………..
နောက်ထပ် သုံးရက်လောက်နေတော့ သတိရလို့ စမ်းကြည့်လိုက်တယ်
ပုံမှန် ပွင့်နေသဗျ … အိုကေပီပေါ့
ဓါတ်ခဲ ဖြုတ်ပီး ပြန်တတ်စမ်းတယ် safe mode ….
အဲဒါနဲ့ ပစ်ထားလိုက်တယ် နောက်တရက် ထပ်စမ်းတယ် ရပြန်တယ်
ဓါတ်ခဲ ဖြုတ်ပီး ပြန်တတ်လိုက်ရင်ပဲ ထုံးစံအတိုင်း safe mode …
ကျွန်တော်လဲ G610S တလုံးနဲ့ကို ရူးချင်သလိုလို ဖြစ်လာပါတယ်
အဖြေ မတွေ့သေးလေ သိချင်လေ ရှာလေ တိုင်ပတ်လေ ဖြစ်နေတယ်
………………………………………………………………………………..
ဒါနဲ့ ပိုင်ရှင်ကို မေးကြည့်လိုက်တော့
ဘုရားဖူးခရီးစဉ်တခုမှာ အဲဖုန်းနဲ့ တယောက်တလှည့်စီ ဓါတ်ပုံရိုက်ကြသတဲ့
ဖုန်းက လူတကာ လက်ထဲ ရောက်နေတာ အကိုင်များနေတယ်
ချောင်းသာ တည်းခိုခန်းမှာ အားသွင်းရင်း
ဖေါက်သွားတာ ဆိုတော့ …. ရေငွေ့ကို သတိရသွားတယ်
အဲဒါနဲ့ ပေါင်းစက်နဲ့ 30M (50W) ထားပီး ပေါင်းကြည့်တယ်
ပေါင်းပီးတော့ ပြန်တတ်စမ်းတယ် ပုံမှန် ပြန်ပွင့်လာပါတယ်
ဓါတ်ခဲ ဖြုတ် ပြန်တတ် အကြိမ်ကြိမ် စမ်းပါတယ် ပုံမှန် အတိုင်းပါပဲ
Vol up နဲ့ Vol down ခိုင်းမရတော့ပါ
ဖြုတ်ထားတဲ့ ပစ္စည်းတွေ အစားထိုး ပြန်တတ်စမ်းပီး
Vol up နဲ့ Vol down ပြန်စမ်းမလို့ပါပဲ
ပိုင်ရှင်ကလဲ ပြန်လိုချင်နေလို့ အဲဒီ အခြေအနေအတိုင်းပဲ ပြန်ပေးလိုက်ပါတယ်
ကျွန်တော်ဖြုတ်တာ နဲနဲ လွန်သွားတယ်ဗျ သတိထားနိုင်ဖို့ပါ
………………………………………………………………………………….
ဒါဟာ သေချာတဲ့ Solution မဟုတ်ပေမယ့် ကျွန်တော် ပြင်ထားတဲ့အတိုင်း
ပြန်ပြောပြတာပါ … Error တခုထဲပေမယ့် Solution တူနိုင်မှာ မဟုတ်ပါဘူး
ကြုံလာတဲ့အခါ ထည့်သွင်း စဉ်းစားလို့ရအောင် ပြောပြပေးတာပါဗျာ ။

အားလုံးကိုကျေးဇူးတင်ပါတယ်။
Credit to: ကိုစိုးမြတ်သူ(myanmarmobileapp.com)

Huawei G610S နှင့် Safemode ပြဿနာ



Huawei G610S တလုံး လာပြင်ပါတယ်
Display Screen ရဲ့ အလယ်လောက်မှာ new:risk , old:risk ဆိုတဲ့
စာတန်းအဖြုလေး နှစ်ကြောင်းထဲ ပေါ်နေပါတယ်
ဖြစ်ကြောင်းကို မေးကြည့်တော့ အားသွင်းထားရင်း သုံးလိုက်တာ
စာတန်းတွေ တက်လာပီး ပြန်ပွင့်လာတော့ အဲဒီ စာနှစ်ကြောင်းပဲ
ပေါ်လာတာတဲ့ … ဘာမှ ထပ်ပေါ်မလာတော့ပါဘူး တဲ့
……………………………………………………………..
စမ်းကြည့်လိုက်တော့ safe mode မှာပဲ ရပ်နေတယ်
firmware (G610-U00 B138 ) တင်ပါတယ်
OK ပြပီး Restart ကျသွားပါတယ် …
ပြန်ပွင့်လာတော့ safe mode ပါပဲ
သုံးကြိမ်ထိအောင် firmware တင်စမ်းပါတယ် ဒီအတိုင်းပါပဲ …
……………………………………………………………..
နောက်တခု ထူးခြားတာ တွေ့မိတာက Vol Down Key ပါ
သံသယရှိလို့ သူ့ကို လွှတ်ထားပီး Firmware တင်တဲ့အခါ Vol Up နဲ့ Power
နှစ်ခုတွဲနှိပ်တာတောင် အလုပ်လုပ်နေပါတယ်
Hardware Error ဖြစ်နိုင်မယ်ထင်လို့ ဖြုတ်စစ်လိုက်ပါတယ် …
နှိပ်တဲ့ Key အတွဲ (Power, Vol Up, Vol down) ကို အရင်စစ်တော့
Vol down key က နဲနဲ ကျွံဝင်နေပါတယ် ကျန်တဲ့နှစ်ခုက ကောင်းပါတယ်
ကျွံနေတဲ့ Vol down ကို ပြန်ခွါပီး သေချာ တိတ်နဲ့ထိန်းပီး ပြန်ကပ်ပေးလိုက်ပါတယ်
အဲဒါနဲ့ အဲဒီ Key တွေ လမ်းကြောင်းအတိုင်း ဆားကစ်ပြားကို ဆက်စစ်ပါတယ်
ပုံထဲမှာ ပြထားတဲ့အတိုင်း ကော်နက်တာ လေးခုက အစဉ်လိုက်အတိုင်းဆိုရင်
1.Power , 2.Ground , 3.Vol Up , 4.Vol down တို့ပါ
Ground ကို အနက်တံထားပီး ကျန်တဲ့ သုံးငုတ်ကို မီတာ ×10 မှာထားပီးတိုင်းပါတယ်
အားလုံး နဲနဲစီပဲ ပြပါတယ် …
နောက်တခါ Ground ကို အနီတံထားပီး ကျန်တဲ့ သုံးငုတ်ကို ဆက်တိုင်းပါတယ်
Vol down နဲနဲပြနေတာက လွဲလို့ ကျန်တဲ့နှစ်ခုက လုံးဝ မပြပါဘူး
အဲဆိုရင်တော့ Vol down မှာ Error ရှိလောက်မယ်ထင်လို့ သူ့လိုင်းကို လိုက်ကြည့်ပါတယ်
Key အားလုံးက ဒိုင်အုတ်နဲ့ ကွန်ဒင်ဆာ အပြိုင်ဆက်ပီး
Ground ချထားတာပါ … အဲဒီထဲကမှ Vol down နဲ့ Ground နဲ့ ဆက်ထားတဲ့ ဒိုင်အုတ်ကို
မီတာ တိုင်းကြည့်လိုက်တော့ အပြန်အလှန် ပြနေတာပါ …
လဲစမ်းစရာ မရှိတာနဲ့ ဖြုတ်ချလိုက်ပါတယ် ဒိုင်အုတ်က သေးလွန်းတော့
ခဲဂေါက်မှာ ကပ်ပါသွားတာဗျာ ကျွန်တော့် မျက်လုံးမကောင်းတော့ ရှာလို့ကို မတွေ့တော့ဘူး
အားလုံး ပြန်တတ်စမ်းပါတယ် … safe mode ပါပဲ
ဒါနဲ့ မထူးပါဘူးဆိုပီး Vol up နဲ့ Vol down လမ်းကြောင်းမှာရှိတဲ့ ဒိုင်အုတ်နဲ့ ကွန်ဒင်ဆာတွေ
အားလုံး ဖြုတ်ချလိုက်ပါတယ် …ပြန်တတ်စမ်းတယ် …
Logo တက်လာပီး Boot Animation ဆက်တက်လာတယ်
ပီးတော့ ပုံမှန် ဖန်းဝဲ တက်လာပါတယ်
ပုံမှန် ပွင့်နေတဲ့ အချိန်မှာ Vol up နဲ့ Vol down စမ်းကြည့်တယ် … အလုပ်မလုပ်တော့ပါ
အားလုံး အဆင်ပြေလောက်ပီထင်လို့ ပစ္စည်းစုံတပ်ပီး စမ်းကြည့်တယ်
ပြန်တက်လာတော့ safe mode
ကျွန်တော်လဲ မျက်ရိုးတွေ ကိုက်လှပီ ခေါင်းလဲ နောက်နေပီ components တွေက
အရမ်းသေးလွန်းတော့ မျက်မှန် နဲ့ မှန်ဘီလူး နှစ်ခုပေါင်းကြည့်မှ မြင်ရတာ
ဒါနဲ့ပဲ ပစ်ထားလိုက်တယ် …
…………………………………………………………………..
နောက်ထပ် သုံးရက်လောက်နေတော့ သတိရလို့ စမ်းကြည့်လိုက်တယ်
ပုံမှန် ပွင့်နေသဗျ … အိုကေပီပေါ့
ဓါတ်ခဲ ဖြုတ်ပီး ပြန်တတ်စမ်းတယ် safe mode ….
အဲဒါနဲ့ ပစ်ထားလိုက်တယ် နောက်တရက် ထပ်စမ်းတယ် ရပြန်တယ်
ဓါတ်ခဲ ဖြုတ်ပီး ပြန်တတ်လိုက်ရင်ပဲ ထုံးစံအတိုင်း safe mode …
ကျွန်တော်လဲ G610S တလုံးနဲ့ကို ရူးချင်သလိုလို ဖြစ်လာပါတယ်
အဖြေ မတွေ့သေးလေ သိချင်လေ ရှာလေ တိုင်ပတ်လေ ဖြစ်နေတယ်
………………………………………………………………………………..
ဒါနဲ့ ပိုင်ရှင်ကို မေးကြည့်လိုက်တော့
ဘုရားဖူးခရီးစဉ်တခုမှာ အဲဖုန်းနဲ့ တယောက်တလှည့်စီ ဓါတ်ပုံရိုက်ကြသတဲ့
ဖုန်းက လူတကာ လက်ထဲ ရောက်နေတာ အကိုင်များနေတယ်
ချောင်းသာ တည်းခိုခန်းမှာ အားသွင်းရင်း
ဖေါက်သွားတာ ဆိုတော့ …. ရေငွေ့ကို သတိရသွားတယ်
အဲဒါနဲ့ ပေါင်းစက်နဲ့ 30M (50W) ထားပီး ပေါင်းကြည့်တယ်
ပေါင်းပီးတော့ ပြန်တတ်စမ်းတယ် ပုံမှန် ပြန်ပွင့်လာပါတယ်
ဓါတ်ခဲ ဖြုတ် ပြန်တတ် အကြိမ်ကြိမ် စမ်းပါတယ် ပုံမှန် အတိုင်းပါပဲ
Vol up နဲ့ Vol down ခိုင်းမရတော့ပါ
ဖြုတ်ထားတဲ့ ပစ္စည်းတွေ အစားထိုး ပြန်တတ်စမ်းပီး
Vol up နဲ့ Vol down ပြန်စမ်းမလို့ပါပဲ
ပိုင်ရှင်ကလဲ ပြန်လိုချင်နေလို့ အဲဒီ အခြေအနေအတိုင်းပဲ ပြန်ပေးလိုက်ပါတယ်
ကျွန်တော်ဖြုတ်တာ နဲနဲ လွန်သွားတယ်ဗျ သတိထားနိုင်ဖို့ပါ
………………………………………………………………………………….
ဒါဟာ သေချာတဲ့ Solution မဟုတ်ပေမယ့် ကျွန်တော် ပြင်ထားတဲ့အတိုင်း
ပြန်ပြောပြတာပါ … Error တခုထဲပေမယ့် Solution တူနိုင်မှာ မဟုတ်ပါဘူး
ကြုံလာတဲ့အခါ ထည့်သွင်း စဉ်းစားလို့ရအောင် ပြောပြပေးတာပါဗျာ ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
Credit to: ကိုစိုးမြတ်သူ(myanmarmobileapp.com)

Mobile Hardware Service လေ့လာသူများအတွက် Digital Multi Meter အသုံးပြုနည်း









Mobile Hardware Service လေ့လာသူများအတွက် Digital Multi Meter အသုံးပြုနည်းဖြစ်ပါတယ်။ ‘Myanmar Mobile Phone Hardware Solution’ Facebook Group မှာ Ko Htut တင်ထားတဲ့ Knowledge Note ကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ Myanmar Mobile Application Store မှ Mobile Hardware လေ့လာသူများ ဗဟုသုတရစေရန်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Digital Multi Meter တစ်လုံးမှာ တိုင်းတာလို့ရတဲ့ ယေဘူယျ စနစ်တွေကတော့
AC Voltage
DC Voltage
AC Current
DC Current
Risistance
Diode
Capacitor (n F)
Temperature (ံC)
Continuity Measurement ( အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု အဆက်အသွယ် ရှိမရှိတိုင်း၊Circuit လမ်းကြောင်းပြတ်မပြတ် တိုင်းတာခြင်း စသည့်စနစ်တွေကို တိုင်းတာသော အခါ ကောင်းမွန်ပါက တတီတီ နှင့် အသံမြည် အချက်ပြသောစနစ် (Buzzer Alarm)
Battery Test အစရှိသည်တို့ဖြစ်ပါသည်။
(မှတ်ချက်။ ။ဖော်ပြပါ ယေဘူယျ အချက်များတွင်ပဲ မိမိ အသုံးပြုသော မီတာအမျိုးအစား၊ မော်ဒယ်လ်ကိုလိုက်ကာ အနည်းငယ်ကွဲလွဲနိုင်ပါသည်။)
အချို့ Digital Multimeter များတွင် AC V,DC V,A အစရှိသည်တို့ တိုင်းတာသော အခါတွင် Auto Range စနစ်ပါရှိသည် (ထိုစနစ်ပါရှိသော Digital Multimeter မျိုးသည် ပိုမိုကောင်းမွန်သလို ဈေးလည်း အလွန်ကြီးပါသည်။ထိုစနစ်ရဲ့အားသာချက်ကတော့ မီတာမှ V,A,Ohm တို့ကို အလိုအလျောက်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။)
DC Voltage Range
200mV (100 μV မှ 200mV ထိ )
2000mV (1mV မှ 2000mV ထိ)
20V (10mV မှ 20V ထိ)
200V (100mV မှ 200V ထိ)
500V (1V မှ 500V ထိ) တိုင်းတာနိုင်ပါသည်။
AC Voltage Range
200V (100mV မှ 200V ထိ)
DC Current Range
200 μ A (0.1 μA မှ 200 μA ထိ)
2000 μA (1 μA မှ 2000 μA ထိ)
20mA (10 μA မှ 20mA ထိ)
200mA (100 μA မှ 200mA ထိ)
10A (10mA မှ 10A ထိ) တိုင်းတာနိုင်ပါသည်။
ၽResistance Ohm (Ω) Range
200 Ω (0.1 Ω မွ 200 Ω ထိ)
2000 Ω (1 Ω မွ 2000 Ω ထိ)
20K Ω (10 Ω မွ 20K Ω ထိ)
200K Ω (100 Ω မွ 200K Ω ထိ)
20M Ω (10K Ω မွ 20M Ω ထိ)
200M Ω (100K Ω မှ 200M Ω ထိ) တိုင်းတာနိုင်ပါသည်။
(eg။ ။360 Ω ရှိသော resistor တစ်လုံးအား 200 Ω Range တွင် တိုင်းတာသောအခါ မီတာ စကေးတွင် 358,359 Ωခန့်ပြသပါမည်။20k Ω Range တွင်တိုင်းပါက 0.36 Ω ပြသပါမည်။)
Diode တိုင်းခြင်း
Digital Multimeter တွေမှာ Diode တိုင်းရန်အတွက် သီးသန့် Diode Range (scale) ပါရှိပါသည်။ကောင်းမွန်သော Diode တစ်ခုအား Diode Range မှာထားပြီးတိုင်းပါက 518,519,714,713 အစရှိသဖြင့် ဖော်ပြပါမည်။
Diode Range တွင်ထားပါက မီတာတွင် 1 (သို့) 0L ပေါ်ပါမည်။
မီတာတစ်လုံးနှင့်တစ်လုံးကြား အနည်းငယ်ကွဲလွဲနိုင်ပါသည်။
(သတိပြုရန်။ ။Digital Multimeter တွင် Diode Scale တွင်တိုင်းတာပါက မီတာ Probe တံ အနီတွင် (+V) မီတာ Probe တံ အနက်တွင် (-V) ရောက်ရှိနေပါမည်။
ယခုအချက်သည် Analog Multimeter နှင့် ပြောင်းပြန် အချက်ဖြစ်ပါသည်။
ထို့ကြောင့် Digital Multimeter ဖြင့် Diode တိုင်းတာလျှင် Diode ၏ Cathode (-)တွင် မီတာ Probe တံ အနက်ကိုထား ပြီး Anode (+) တွင် မီတာ Probe တံ အနီကိုထားပြီးတိုင်းရပါမည်။မှားတိုင်းမိပါက မီတာတွင်ဘာမှ မပြပါ 1 (သို့) 0L သာပြပါမည်။
Batter တိုင်းခြင်း
Battery တိုင်းသော အခါ မီတာလက်တံ အနီ အနက် တို့ကိုမှန်ကန်စွာ ထားပြီး တိုင်းတာရပါမည်။မှားယွင်းပါက ကိန်းဂဏန်းများ၏ ရှေ့တွင် – ပြနေပါမည်။
ဒါလေးတွေလဲ သိထားသင့်ပါတယ်…….
အောက်မှာပုံတင်ပေးထားပါတယ် Unit တွေပါ။

Ref & Thanks To Ko Htut & ‘Myanmar Mobile Hardware Solution’ Facebook Group
 

Huawei Y210S မှာ Sdcard ကို မသိ တော့ တာကိုဖြေရှင်းခြင်း (Mobile Hardware Course)



Mobile Hardware Service လေ့လာနေသူတွေအတွက် ဗဟုသုတရစေရန်ရည်ရွယ်ပါတယ်။ Huawei Y210S မှာ Sdcard ကို မသိ တော့ တာ လေး Mobile Hardware Service ပညာရှင် ကိုနေလ ရဲ့ ဖြေရှင်းထားပုံလေးဖြစ်ပါတယ်။ ဆက်လက်လေ့လာကြည့်ရအောင်။
အရင်ဆုံး မြှားပြထားတဲ့ နေရာလေးက ကွန်ဒစ်ဇာ လေးမှာ 2.8V ရှိမရှိ တိုင်းကြည့် ရပါမယ် မရှိ ရင် ( 1 ) နေရာ က IC လေး ကို အရင် လဲ ပြီး စမ်းကြည့် ပါ ။ ကွန်ဒစ်ဇာ လေးမှာ 2.8V ရှိရင်တော့ ( 2 ) နေရာ က IC လေးကို လဲ ပေးလိုက်ရင် အဆင်ပြေပါပြီ ခင်ဗျာ ။

Thanks & Credit to : Ko Nay La

Note 2 (GT-N7100) အား Note 3 feauter များပါဝင်သော DN3-V3.1 Rom တင်ပုံ အဆင့်ဆင့်




စိတ်ပါဝင်စားသော ၀ါသနာရှင်မျာကိုသာ ရည်ရွယ်ပါတယ်…. တင်ပုံအဆင့်ဆင့် သိခြင်းသူများကိုသာ ရည်ရွယ်ပြီး ရေးသားလိုက်တာပါ..



DN3-V3 Rom တင်ဖို့အနည်းဆုံး Leaked 4.3 Rom/ Official 4.3 တင်ထားရပါမယ်..

4.1.2 CWM ကနေတင်ပါက IMEI နဲ့ Baseband ပျောက်ပါမယ်…IMEIor Baseband ပျောက်သွားပါက 4.3 rom တစ်ခုခု ပြန်တင်ပေးပါကအဆင်ပြေနိုင်ပါတယ်..



၁. အနေဖြင့်CWM တင်ရပါမယ်..

CWM အားအောက်တွင်ဒေါင်းလုပ်ဆွဲပါ..

https://copy.com/yNFu7/note2leaked%20root%20%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E2%80%8B%E1%80%9B%E1%80%94%E1%80%B9%E2%80%8B/philz_touch_5.15.0-n7100.tar.md5?download=1

ရလာတဲ့ CWMZip file ကိုဖြည်လိုက်ပါ..



၂.Odin3 V3.1.xလိုပါတယ်..

Odin အားအောက်ပါလင့်တွင်ဒေါင်းလုပ်ဆွဲပါ..

http://d-h.st/6Er

၃.Samsung Usbdrivers မရှိသေးသူများ အောက်ပါ လင့်မှာ ဒေါင်းပြီးတင်နိုင်ပါတယ်..Kies တင်ထားပြိးရင်တော့မလိုတော့ပါဘူး..လိုအပ်နေသူများအတွက်ပါ

http://d-h.st/a7H



၎.Odin ကိုComputer တွင် run ပါ..

Ph ကိုပိတ်ပြီးVol down+power+home key ကိုတွဲနှိပ်ထားပါ..

Downloadingmode ပေါ်လာပါက ဖုန်းကို ကွန်ပျူတာတွင် ချိတ်လိုက်ပါ..

Odin ထိပ်ဆုံးအပေါ်ဘယ်ဘက်နားလေးက အပြာရောင်ပေါ်လာရင် ရပါပြီး

PDA စာတန်းပါတဲ့ခလုပ်ကလေးကို နှိပ်လိုက်ပါ.. ဒေါင်းလုပ်ဆွဲထားသော် Philip touchz အား လမ်းကြောင်း ရွေးပြိးStart ဆိုတာလေးကို နှိပ်ပေးပါ.. Reset ဆိုတဲ့ စာတန်းပေါ်ပြီး ဖုန်း Reboot ကျသွားပါကCWM အောင်မြင်ပါပြီး..



၅.DN3 – V3.1Rom အား အောက်တွင် ဒေါင်းပါ

1. http://www.mediafire.com/download/9zp40zz38flxadt/DN3_v3.1_by_E-Team_%28Gohan_Edition%29.zip

ဖုန်းထဲသို့Copy and paste လုပ်ပေးပါ..



၆.ဖုန်းကို ပိတ်ပြီးVol up+Home+Power butoon ကို တစ်ပြိုင်တည်းတွဲနှိပ်ပေးပါ

ပထမ Logo တစ်ခါတက်ပြီးပြန်ပိတ်လို့ နောက်တစ်ခေါက် Logo ပြန်တက်လာရင် လက်အားလုံးကို လွှတ်ပေးပါ..

ပန်းရောင်Screen ဖြင့် CWM ထဲရောက်သွားပါမယ်..

3. CWM ထဲေ၇ာက်သွားပါကအောက်ပါ အဆင့်များကို လုပ်ပေးပါ..

- FactortyReset

- Wipe Cache

- Advance> Wipe darvik Cache လုပ်ပေးပါ

Back ခလုပ်ဖြင့်ပြန်ထွက်ပြီး

Install zipfrom sdcard ကို နှိပ်ပါ..

Copy ကူးထားသောFirmware ကို ရွေးပေးပီ ၅ မိနစ်လောက်စောင့်ပါ

Frimwareinstallation successful စာတန်းပေါ်လာပါက အောင်မြင်ပါပြီး..

Back ခလုပ်ဖြင့်ပြန်ထွက်ပြီး reboot system now ကိုနှိပ်ပေးပါ…

စက်ပိတ်ပီး 10မိနစ်ခန့် စောင့်ပေးပါ..စက်ပြန်တက်လာရင် အောင်မြင်ပါပြီး

Leaked rom ကနေတင်ပါက Wifi error ရှိနိုင်ပါတယ်..



၇.Wifi error အတွက်အောက်တွင် ဒေါင်းလုပ်ဆွဲနိုင်ပါတယ်..

http://d-h.st/xOb

ရလာတဲ့ Rarfile လေးကို ဖြေလိုက်ပါ

patch.tar.md5ဖိုင်လေးရပါမယ်..

ဖုန်းကို Voldown+Power+Home ဖြင့် downloading mode ၀င်ပြီး Odin > Pda ကနေတစ်ဆင့်တင်ပေးပါကWifi error ပျောက်သွားမှာပါ..

Wifi လိုင်းဆွဲအားညံ့နေပါက Factory reset နောက်တစ်ခေါက် ထပ်ချပေးပါ..

စက်ပြန်တက်လာရင်wifi လိုင်း ဆွဲအားကောင်းနေတာကို တွေ့ရပါမယ်..

၈. DN 3 (3.1.1 ) >> Coming Soon ……… I am uploading >>>>



အားလုံးကို လေးစားလျက်

ရှမ်းလေးသွေး(MMUG)

Special credit to Sett Gyi & Hein Thu & Kyaw Kyaw & နှလုံးလှ လူမိုက်

ပိုစ့်ရေးသားသူ-Shan Lay Thway(Myanmar Mobile Users Group)

Samsung Galaxy Note 3 အတွက် Android 4.4 KitKat စတင် ဖြန့်ချိ


 Samsung Galaxy Note 3 နိုင်ငံတကာဗားရှင်း အသုံးပြုသူများသည် မကြာမီအချိန်အတွင်း ၎င်းတို့၏ phablet များ တွင် Android 4.4.2 KitKat ကို အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ Note 3 အတွက် Android နောက်ဆုံး ဗားရှင်းကို ပိုလန်နိုင်ငံတွင် မိတ်ဆက်ပြသခဲ့ကြောင်း Sammobile blog ၏ ဖော်ပြချက်အရ သိရသည်။

အသုံးပြုသူများ အနေဖြင့် Samsung ၏ Kies ဆော့ဖ်ဝဲလ်မှတစ်ဆင့် download ပြုလုပ်ကာ install ပြုလုပ်နိုင်သလို အွန်လိုင်းမှ တစ်ဆင့်လည်း install ပြုလုပ်နိုင်မည် ဖြစ်သည်။

Update ပြုလုပ်နိုင်သည့် နေ့ရက်နှင့် ဒေသအတိအကျကို ပြောကြားခြင်း မရှိခဲ့သော်လည်း Note 3 အသုံးပြုသူများ အနေဖြင့် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း အဆိုပါ update ကိုရရှိနိုင်ဖွယ်ရှိသည်။

သို့ရာတွင် အမေရိကန်ရှိ အသုံးပြုသူများသည် ယခု update ကိုရရှိနိုင်ဖွယ်မရှိပေ။ Update အသစ်အတွက် firmware ဗားရှင်းမှာ N9005XXUENA6 ဖြစ်ပြီး ၎င်းသည် Note 3 ၏ နိုင်ငံတကာဗားရှင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

Ref: CNET

Ref & Credit: Internet Mobile Guide Journal
Credit to: myanmarmobileapp.com

Tuesday, January 7, 2014

ဗေဒင်ဝါသနာရှင်များအတွက် အသစ်ထွက် (၇)ရက်သားသမီးဗေဒင်ဟောစာတမ်း



ကျွန်တော်ရေးနေတဲ့ Baydin Application လေးပီးသွားပါပြီ။ ဒီ ဗေဒင် Application လေးရေးတတ်ဖို့ သင်ကြားပေးခဲ့တဲ့ ဆရာသက်နိုင်စိုး(myanmarmobileapp.com) ကို ကျေးဇူးအထူးတင်ရှိပါတယ်။
သင်တန်းကာလ (၄)ရက်အတွင်းမှာ ဒီလောက်ထိ ကိုယ့်ကိုယ်ကို ရေးနိုင်လိမ့်ခဲ့မယ်လို့ ထင်မထားမိခဲ့ပါဘူး။ ခု Baydin Application လေးကို Version 1.0 နဲ့ စထုတ်ပါတယ်။ Andriod version 2.2 ကနေ version 4.3 ထိ သုံးလို့ရပါတယ်။
သင်တန်းပြီးရင်တော့ နောက်ထပ် Version ထပ်မြှင့်သွားဖို့၊ ပိုကောင်းအောင် လုပ်သွားဖို့ရှိပါတယ်။

လိုချင်သူများ အောက်ကလင့်ကနေ ဒေါင်းလိုက်ကြစို့နော်


 

ဒေါင်းရန်

Huawei Official firmware များ

 
ထွက်လိုက်တဲ့ Huawei Official Firmware တွေညော် ၀င်မကြည့်ဖြစ်တာကြာသွားတာနဲ့ မဒေါင်းရသေးတာတွေအများကြီး
လိုချင်သူများအားရပါးရဒေါင်းလိုက်ကြစို့

Official site ကိုသွားရန်

Huawei Y325-T00 အတွက် Offical Firmware (Mediafire download link)

 

Huawei Y325-T00 အတွက် Offical Firmware လေးကို Mediafire ကနေ ဒေါင်းလို့ရပါပြီ။
Upload တင်ပေးတဲ့ SUPER STAR MOBILE ကိုကျေးဇူးပါ။

ဒေါင်းရန်

Sunday, December 22, 2013

MPT Bill Check for Android





မြန်မာ့ဆက်သွယ်ရေးရဲ့ GSM/CDMA ဖုန်းတွေကို ကိုင်ဆောင်နေတဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် အသုံးဝင်မယ့် Android ဖုန်းဆော့ဝဲလေးတစ်ခုထပ်မံထုတ်ဝေပေးလိုက်ပါတယ်။ ဒီ application ကိုတော့ MPT Bill Check လို့နာမည်ပေးထားပါတယ်။ ဖုန်း Bill ဘယ်လောက်ကျန်သေးလဲဆိုတာကိုစစ်ပေးမယ့် ဆော့ဝဲဖြစ်ပါတယ်။ အခြားသော ဖုန်း Bill စစ်တဲ့ဆော့ဝဲတွေနဲ့မတူတဲ့အချက်က ဒီဆော့ဝဲလေးရဲ့ icon ကိုနှိပ်လိုက်တာနဲ့ ဆော့ဝဲက ဖုန်း Bill ဘယ်လောက်ကျန်သေးတယ်ဆိုတာကိုပြသပေးမှာဖြစ်ပါတယ်။ ဆော့ဝဲထဲတောင်ဝင်ပြီး ခလုတ်နှိပ်စရာမလိုပါဘူး ။ MPT Bill Check နဲ့ ဖုန်း Bill စစ်ပြီးသွားတာနဲ့ ဖုန်းရဲ့ Home Screen ပေါ်မှာလည်း နောင်အခါ Bill အလွယ်တကူစစ်လို့ရအောင် Shortcut icon လေးတစ်ခုပါတစ်ပါတည်းဖန်တီးပေးဦးမှာပါ ။ မြန်မာ့ဆက်သွယ်ရေးထုတ် GSM/CDMA တွေအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါမယ်။ Android version 2.2 နှင့်အထက်ဖုန်းတိုင်းမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါမယ်။ MPT Bill Check for Android ဆော့ဝဲကို Myanmar Mobile App Store မှ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) မှရေးသားထားပြီး Myanmar Mobile App Store (www.myanmarmobileapp.com) ရဲ့ Software Product တစ်ခုဖြစ်ပါတယ်။ MPT Bill Check for Android ကိုအောက်က link များမှာရယူနိုင်ကြပါပြီ။ MPT Bill Check for Android အားရယူရန် (Link 1)
MPT Bill Check for Android အားရယူရန် (Link 2)
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Sony Ericsson W8 E16i Firmware ပြန်တင်နည်းလေးပါ

အခုကျွန်တော်ပြောမှာက Sony Ericsson W8 E16i ဖုန်းအတွက်Firmware ပြန်တင်နည်းဖြစ်ပါတယ်။အခုနည်းကတော့ ကျွန်တော်စမ်းပီးသားနည်းပါ ရလို့ ပြန်လည်မျှဝေပေးလိုက်တာပါ။Firmware တင်ဖို့အတွက် ပထမဆုံး အောက်ကလင့်မှာ w8 အတွက် ဖိုင်ကို ဒေါင်းလုပ်ဆွဲလိုက်ပါ
   <<Download>>
Flash Tool ကတော့ ရှိပီးသားဖြစ်ကြမှာပါ ။တကယ်လို့  မရှိသေးသူများ ဒီလင့်မှာဒေါင်း လိုက်ပါ ပီးရင် flsahtool ကို install လုပ်ပါ။
W8 Firmwareဒေါင်းလို့ရလာတဲ့ဖိုင်ကို zip ဖြည်ပီးတော့ c:/flashtool /firmware file ထဲမှာထည့်ပေးလိုက်ပါ။ပီးရင် flashtool ကိုဖွင့်ပါ။

အပေါ်ဒေါင့်နားလေးမှာ
 မိုးကြိုးပုံလေးကို ကလစ်လုပ်လိုက်ရင် အောက်ကပုံအတိုင်း flashmode ဆိုတာပေါ်လာလိမ့်မယ်

ပုံမှာတွေ့ တဲ့အတိုင်း flashmode  ကို ok ပေးလိုက်ပါ ဒါဆို အောက်ကပုံမှာလို ပေါ်လာမယ်
ဒါဆို ကိုယ်လုပ်မဲ့ W8 E16i ကိုရွေးပေးပီးတော့ အောက်နားမှာ Ok ကိုနှိပ်လိုက်ပါ။ပီးရင် ခဏစောင့် ကြိုးထိုးဖို့ ပုံလေးပေါ်လာရင် ကိုယ့်ဖုန်းကို ပါဝါပိတ် ဘက်ထရီဖြုတ်ပီး ပြန်တပ် ပီးရင် back key ကိုနှိပ်ထားပီးတော့ ကြိုးထိုးပေးလိုက်ပါ သူ့ ဟာသူ အလုပ်လုပ်သွားလိမ့်မယ်။ဒီလောက်ဆို အိုကေလောက်ပါပီ 
အားလုံးအဆင်ပြေကြပါစေခင်ဗျား 
do you own risk ဆိုတာတော့ ပြောခဲ့ပါရစေ 
credit to Mg Soe Thu

G610-U00 ကို SP flash tool သုံးပြီး firmware တင်နည်း

အားလုံး သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ G610-U00 က MTK အလုံးပါ အဲ့တော့ firmware ကို dload > update.app နဲ့မှ တင်လို့မရတော့ဘူးဆိုရင် နောက်တစ်နည်းအနေနဲ့ sp flash tool နဲ့တင်လို့ရပါတယ် ။ အရင်က အဲ့လိုတင်ဖို့ဆိုရင် volcano box နဲ့ backup အရင်ယူပြီးမှ တင်ရပါတယ် အခု မလိုတော့ပါဘူး G610-U00 မှာ update.app ကို ခွဲထုတ်လိုက်တာနဲ့ ဖိုင် တစ်ခု ချင်းဆီ ကျလာမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ extractor ကို ဒီမှာဒေါင်းပါ ။ XDA ကနေ မလာတာပါ ။
Download Here
ပြီးရင် အဲ့ကောင်လေးကို ဖွင့်လိုက်ပါ။ update file ဆိုတဲ့ စာတန်း အနောက်ဆုံးနားမှာက open box ပါ။ ကျွန်တော်တို့ ခွဲချင်တဲ့ G610-U00 update.app ကိုရွေးပေးလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။
1
ပြီးရင်တော့ right click နှိပ်ပြီး extract all ဆိုတာကိုရွေးလိုက်ပါ ။
2
dialog box တစ်ခုကျလာပါလိမ့်မယ် ။ အောက်နားမှာ make a new folder ရှိပါတယ် folder အသစ်ဆောက်ပြီး extract လုပ်လိုက်ပါ။
3
2
ပြီးရင် sp flash tool ကိုဖွင့်ပါ ။ scatter_emmc.txt file တစ်ခု ကြိုက်ရာတစ်ခုကိုရွေးပေးပါ။ CPU တူကပါ့မယ် ။ မရှိသေးရင် ဒီဖိုင်လေးကို ဒေါင်းပြီးရွေးပေးလိုက်ပါ ။ Download Here
3
3
ပြီးရင် file တစ်ခုချင်းဆီ အစားပြန်ထိုးပါမယ်။ recovery ဖြည့်မယ်ဆိုရင် recovery ကို double click နှိပ်ပါပြီးရင် ခုနက ဖြည်ထားတဲ့ file ထဲက recovery ကိုရွေးပေးပါ။
3
ပုံမှန်အတိုင်းကတော့ ဖိုင်လေးခုဖြည့်ပေးလိုက်ရင်ကို တင်လို့ရပါပီ ၊ boot.img , recovery.img , Logo , Android တို့ပါ။ Android နေရာမှာ system.img ကိုထည့်ပေးရမှပါ။ ပြီးရင် download လုပ်ပြီးတင်နိုင်ပါပြီ ။
2
3
ကဲ အဆင်ပြေကြပါစေဗျာ။ ကျွန်တော်တစ်ယောက်တည်းရဲ့  စိတ်ကူးတော့မဟုတ်ပါဘူးဗျာ ။ ကိုငလူ တို့  ကိုသက်နိုင်စိုး တို့ရဲ့  စိတ်ကူးလေးတွေလည်းပါပါတယ်။ ဒီနည်းလမ်းလေးက ။
:)
Credit to: Hein Maung (MMAS Mobile Service Training Team)(http://www.myanmarmobileapp.com)

Friday, December 13, 2013

Android 4.1 နှင့်အထက်ဖုန်းများအား မြန်မာစာမှန်ကန်စွာ သွင်းပေးမည့် ဖုန်းဆော့ဝဲအဖြစ် MMAS Zawgyi Changer 2 version 1.0.6 (Beta) ထွက်ရှိ





Credit to:  http://www.myanmarmobileapp.com

Android 4.1 နှင့်အထက်ဖုန်းများအား မြန်မာစာမှန်ကန်စွာ သွင်းပေးမည့်
ဖုန်းဆော့ဝဲအဖြစ် MMAS Zawgyi Changer 2 version 1.0.6 (Beta) ကိုထပ်မံရေးသားထုတ်လုပ်လိုက်ပါတယ်။ ယခု version အသစ်ကိုတော့ Beta version အနေနဲ့ထုတ်ပေးလိုက်ပါတယ်။ MMAS Zawgyi Changer 2 v1.0.6 ကိုရေးသားသူကတော့ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်ပါတယ်။ ယခု MMAS Zawgyi Changer 2 v1.0.6 (Beta) ကနေ လုပ်ပေးနိုင်တဲ့ features တွေကတော့
- Android 4.1 နှင့်အထက်ဖုန်းတော်တော်များများမှာ မြန်မာစာမှန်ကန်စေရန်ထည့်သွင်းပေးနိုင်တဲ့ ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro feature ကိုအခြေခံတဲ့ font သွင်းနည်းများနဲ့ Smart Zawgyi Pro font ကိုထည့်သွင်းထားခြင်း - မြန်မာစာဖောင့်နှင့်အတူ မြန်မာစာကီးဘုတ်ကိုပါထည့်သွင်းပေးမှာဖြစ်ပြီး Bagan Keyboard Pro Latest version ကိုထည့်သွင်းပေးမှာဖြစ်ပါတယ်။
- အကယ်၍ MMAS Zawgyi Changer 2 v1.0.6 (Beta) ရဲ့ Smart Zawgyi Pro အခြေပြု font သွင်းနည်းများနဲ့သွင်းလို့ မြန်မာစာမမှန်သေးဘူးဆိုပါက နောက်ထပ် method တစ်ခုအနေနဲ့ပြုလုပ်နိုင်ရန် မြန်မာစာသွင်းပြီးသားဖုန်းများကို မြန်မာစာမှန်ကန်စေတဲ့ Developer ကိုကျော်ဇောနိုင် ရဲ့ Font Engine Patcher for Zawgyi (latest version) ကိုပါ ဖုန်းထဲသို့တစ်ပါတည်း install လုပ်ပေးမှာပါ။ ယင်း application ကိုသုံးပြီး MMAS Zawgyi Changer 2 နဲ့ font ထည့်ထားတာကို မြန်မာစာမှန်သွားအောင်လုပ်ပေးနိုင်ပါတယ်။
- MMAS Zawgyi Changer 2 v1.0.6 (Beta) မှာ Smart Zawgyi Pro, Zawgyi , စံမြန်မာ , Sony Zawgyi, Dancing Zawgyi, Zawgyi Flower စတဲ့ font style ၆ မျိုးထည့်သွင်းပေးထားပြီး မိမိနှစ်သက်ရာ font ကိုရွေးချယ်ထည့်သွင်းနိုင်ပါတယ်။
-MMAS Zawgyi Changer 2 v1.0.6 (Beta) ကို Android 4.1.1 နှင့်အထက်ဖုန်းတော်တော်များများနဲ့ကိုက်ညီစေရန် ရေးသားထားသော်လည်း ဖုန်းတစ်ချို့မှာ အဆင်မပြေခဲ့ဘူးဆိုရင်တော့ myanmarmobileapp@gmail.com သို့မေးလ်ပို့ပြီး feedback ရေးသားပေးပို့နိုင်ပါတယ်။
-MMAS Zawgyi Changer 2 v1.0.6 (Beta) သည် Myanmar Mobile Application Store (www.myanmarmobileapp.com) ၏ Product တစ်ခုဖြစ်ပါတယ်။
MMAS Zawgyi Changer 2 v1.0.6 (Beta) for Android ကိုအောက်က link ကနေ download ရယူနိုင်ပါတယ်။
MMAS Zawgyi Changer 2 v1.0.6(Beta) အားရယူရန်
အားလုံးပဲအဆင်ပြေကြပါစေ ။
သက်နိုင်စိုး ( Myanmar Mobile App Store )
https://www.facebook.com/thetnaing.mmas?ref=tn_tnmn







Tuesday, December 10, 2013

Huawei Firmware update တွေရမယ်

HUAWEI ရဲ့နောက်ဆုံးထွက်မော်ဒယ်… ၀တ်မှုံရွှေရည် အဲ…ယောင်လို့ :D
HONOR 3 Firmware  နဲ့ တခြားမော်ဒယ်တွေရဲ့ Update Firmware လေးတွေပါ…လိုအပ်တဲ့သူတွေအောက်မှာဒေါင်းနိုင်ပါတယ်…
ကြုံတုန်း HONOR 3 ဆိုတာလေးး
huawei-honor-3-1
NETWORK – 2G /3G HSDPA
CPU – Quad Core 1.5 Huawei K3V2E
RAM – 2GB
ROM – 8GB
OS Version – 4.2.2
CAMERA – 13 mp / Front 1.3 mp
SCREEN – 4.7 inches (~312 ppi pixel density)
Wow  ^_^>> dust and water resistant Water resistant up to 1 meter and 30 minutes
ရေစိုခံ အကြမ်းခံ ဘက်ထရီခံတဲ့..ဗျာ…
ဈေးကွက်ထဲမှာ ၂၉၀၀၀၀ ကျော်လောက်ပဲရှိပါတယ်ခင်ဗျာ… :D
HONOR 3 Firmware ဒေါင်းရန်….
荣耀3固件(HN3-U01,Android 4.2,Emotion UI,V100R001CHNC00B118SP01,联通渠道)
G610 S Build Number 144 ဒေါင်းရန်…
Ascend G610 固件(G610-U00,Android 4.2,Emotion UI,V100R001CHNC17B144,中国联通)
G610C Build Number 127 ဒေါင်းရန် …
Ascend G610固件(G610-C00,Android 4.1,Emotion UI,V100R001C92B127,中国电信)
[ G610C ကို OEM Backup နဲ့ Net lock ဖြည်ထားတဲ့အလုံးတွေ ၁၂၇ တင်ရင်သတိထားနော်... Danger ! သိချင် KO Kyaw Swar Thwin မေးကြည့်သူပြောတာ :P ]
KO Kyaw Swar Thwin

Credit to: Oo JojOe (myanmarmobileapp.com)
mmsharingblogger@gmail.com

Tuesday, December 3, 2013

WRoot (English Superuser Icon)



WRoot ပါတဲ့။သူကလဲ VRoot လိုအစွမ်းထက်လှပါတယ်။

နောက်တခုကောင်းတာက သူ့မှာ English Superuser လေးနဲ့ပါ။

စမ်းချင်သူညီကိုတွေ စမ်းကြည့်ကြပါအုံး။


Download

Sunday, December 1, 2013

Huawei 210 LCD မီးမလင်းတဲ့ပြသာနာဖြေရှင်းမယ်

Huawei 210 LCD Display မလာတာကိုပြုပြင်မှာပါ အခုပို့က LCD နဲ့ပတ်သတ်ပြီးအပြည်အစုံ
မဟုတ်ပါဘူး အခုကျနော်ပြောမယ်ပုံစံက Display မီပဲမလာတာပါ ရုပ်ထွက်နေပါတယ် အများဆုံးကရေ၀င်လို့ပျက်တာများတယ် ရုပ်ရောမီးရောမလာရင်တော့ LCD တစ်ချပ်လုံးလဲရမှာပါ
အောက်ကပုံတွေကိုကြည့်ရင်သဘောပေါက်မှာပါ





 
ပျက်နိုင်တဲ့နေရာတွေကိုအနီရောင်နဲ့ဝိုင်းပြထားပါတယ် ဓါတ်ပုံနဲ့သေချာတင်ချင်ပေမဲ့ကင်မရာအဆင်မပြေသေးလို့နာလည်းပေးပါခင်ဗျာ
M1 / M2 ကတော့ကြိုးဆက်ဖို့အတွက် လွယ်အောင်ပြထားပေးတာပါ တစ်ခုတောင်းပန်ချင်ပါတယ် အပေါ်ကပုံမှာ M1 နဲ့ M2 ကိုပြောင်းလဲကြည့်ပေးပါ Edit လုပ်တုန်းကနဲ့နဲ့လွဲသွားတာပါ ခိခိ....စိတ်
မရှိကြပါနဲ့ဗျာ....ညနက်နေပြီးမို့လို့ပြင်မအားတော့ပါ.................
 
LCD မှန်ကကြိုးပြားပါ LCD Supply အပေါင်း(+)က M1 ပါ အနုတ်ကတော့ M2 ပေါ့ အောက်ပုံဆက်ကြည့်လိုက်ပါ

 
ကြိုးဆက်ရလွဲအောင်မှန်ရဲ့နောက်ဘက်ကနေပြထားပေးပါတယ်  (+)က M1 ပါ M1 ကိုဆက်ပေးရပါမယ် M1 ကိုတိုင်းကြည့်လို့ 3.4V မရှိရင် M1 ကနေ ကွန်ဒင်ဆာအပေါင်း(+)ကိုကြိုးနဲ့ဆက်ပေး
လိုက်ပါ အဆင်ပြေပါတယ် ဒိုင်အုတ်အမဲရစ်ပါတဲ့ဘက်(+)3.4V ကနေလဲဆက်ပေးလို့ရပါတယ်

 

 

ဒီပုံကတော့ကြိုးဆက်လို့အောင်မြင်ထားတဲ့ပုံပါ  210 ရယ် 8620 ရယ်တူတူလောက်ပါပဲ နောက်ပြီး Huawei တော်တော်များများဒီပုံစံတွေနဲ့ပဲတည်ဆောက်ထားတာများပါတယ် အဆင်ပြေမယ်လို့ထင်ပါတယ်
 
 Credit to: http://tetpaingoo.blogspot.com