Sunday, November 10, 2013

PayHlwar (ပေလွှာ) Journal App for iPhone/Pad/Pod touch


http://a2.mzstatic.com/us/r30/Purple4/v4/39/46/4f/39464f60-290c-42cc-8084-d396896bf159/mzl.cjqkovau.175x175-75.jpg

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.
အခု ကျွန်တော် မိတ်ဆက်ပေးချင်တဲ့ iOS App အသစ်လေးကတော့ PayHlwar (ပေလွှာ) Journal App လေးပဲဖြစ်ပါတယ်။
PayHlwar Journal App လေးကတော့ မိတ်ဆွေရဲ့ အမှတ်တရ အဖြစ်တွေ ၊ အိုင်ဒီယာတွေ ၊ မှတ်စုတွေ တွေကို iOS Device တွေပေါ်မှာ မည်သည့် Jailbreak နှင့် မြန်မာဖောင့်မှမလိုပဲ ရေးနိုင် ဖတ်နိုင် မှတ်နိုင်မှာပဲဖြစ်ပါတယ်။
App လေးရေးပြီးတာကတော့ နည်းနည်းကြာပါပြီ. ကြားထဲမှာ iOS7 ထွက်လာတော့ iOS7 အတွက် အရင်ရှိပြီးသား App တွေကို တစ်ခုချင်း သေချာပြန်ပြင်နေရတဲ့အတွက် နည်းနည်းကြာသွားပါတယ်.

အခု App လေးမှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကတော့

* ShweKey လို့ ခေါ်တဲ့ iOS 5,6,7 သုံးခုစလုံးမှာ အဆင်ပြေစွာ အသုံးပြုနိုင်မဲ့ ကီးဘုတ် အသစ်ဖြင့် သင်၏ Notes များ ၊ Diary များကို မှတ်သားနိုင်ပါတယ်။
* သင်မှတ်သားထားသော Notes,Diary များကို နှစ်မျိုးမှတ်သားနိုင်ပါတယ်။ Local Storage နဲ့ iCloud File Storage တို့ ဖြစ်ပါတယ်။
* ဇော်ဂျီဖတ်စာ အသစ်
* File Manager ဖြင့်သင်၏ Notes , Diary တွေကို ရွေ့ ခြင်း ၊ ပြောင်းခြင်း ၊ ကူးယူခြင်း ၊ ဖျက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။
* သင်၏စာများကို အခြားသူများ မမြင်နိုင်အောင် Encryption ဖြင့်ကာကွယ်ထားနိုင်ပါတယ်။
* သင်၏ မိတ်ဆွေများကို မြန်မာစာဖြင့် Email ပို့ နိုင်ပါတယ်။
* iOS6 Facebook SDK ကိုအသုံးပြုထားပါတယ်။
* Auto Backup Feature ဖြင့်သင်၏ Notes , Diary များကို အလိုအလျောက် Backup ပြုလုပ်ပေးနိုင်ပါတယ်။
* iCloud File Storage ဖြင့် Save ပါက သင်၏ iDevice တစ်ခုတွင် မှတ်သားထားသော Notes , Diary များကို အခြားသော iDevice မှာ သင်၏ iCloud ဖြင့် အလွယ်တကူ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
* iOS7 ကိုအပြည့်အဝ အထောက်အပံ့ပေးထားပါတယ်။

**** Social Network Features ****

Facebook
- Facebook ပေါ်သို့  မြန်မာစာဖြင့် Status တင်နိုင်ခြင်း
- Facebook ပေါ်သို့  မြန်မာစာ နှင့် ဓာတ်ပုံတွဲပြီး Status တင်နိုင်ခြင်း
- Facebook ပေါ်သို့ Camera ဖြင့် ဓာတ်ပုံရိုက်ကာ မြန်မာစာဖြင့် ဓာတ်ပုံတင်နိုင်ခြင်း

Twitter
- Twitter ပေါ်သို့ မြန်မာစာဖြင့် Tweet တင်နိုင်ခြင်း
- Twitter ပေါ်သို့ မြန်မာစာနှင့် ဓာတ်ပုံတွဲပြီး Tweet တင်နိုင်ခြင်း
- Twitter ပေါ်သို့ Camera ဖြင့် ဓာတ်ပုံရိုက်ကာ မြန်မာစာဖြင့် ဓာတ်ပုံတင်နိုင်ခြင်း

စတဲ့ Main Feature များသာမက အခြားသော ထူးခြားသော လုပ်ဆောင်ချက်များစွာလည်း ပါဝင်ပါတယ်ခင်ဗျာ။
နောက်ထပ် ထူးခြားသော လုပ်ဆောင်ချက်အသစ်များကိုလည်း ထည့်သွင်းပေးသွားပါဦးမယ်။

Information about PayHlwar Journal
App Name : PayHlwar , PayHlwar-HD

Platform : iOS (iPhone/iPad)

Price : $0.99 for each

Minimum iOS Version : iOS 5.1

Developer : Zaw Min Soe (Initial)

Official Page : https://www.facebook.com/InitialStudio
License :
© 2013 Initial Studio
Download links
For iPhone / iPod : https://itunes.apple.com/us/app/payhlwar-myanmar-journal-app/id737629137?ls=1&mt=8
For iPad : https://itunes.apple.com/us/app/payhlwar-hd/id737629326?ls=1&mt=8


iPhone/iPod Screenshots
 
1


iPad Screenshot

2


ဝယ်ယူအားပေးကြပါဦး…
ဝယ်ယူအားပေးမှုကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Zawminsoe (Initial)
2013 Initial Studio

Credit to: သက်နိုင်စိုး(myanmarmobileapp.com)

No comments:

Post a Comment