Monday, May 26, 2014
How To Use Sony Flashtool Beginner Guide !
လေ့လာနေတဲ့ဘော်ဒါတော်တော်များများ အခုနောက်ပိုင်း အမေးများနေလို့ 
ဒီနည်းလမ်းလေးပြောပြပေးတာပါ တကယ်တန်း ကျွန်တော်လည်း
သိပ်မသိပါဘူး သိသလောက်လေးတော့ပြန်လည်ဝေမျှပေးပါ့မယ်
" Sony User " တော်တော် များက ဒီနာမည်လေးတွေ့ တာနဲ့ တန်းသိမယ်လို့ ထင်ပါတယ်
Basic Knowledge အနေနဲ့ မှတ်ထားရမှာတော့
flashmode မှာအသုံးပြုလို့ ရတဲ့ Function အပိုင်းတွေကတော့
1) flash any sony ericsson firmware (FTF files)
2) flash sony ericsson offical kernals (SIN files) without flashing hole firmware
3) flash different basebands (FTF files)
4) install different system apps along with firmware's
5) auto root your device
6) unbrick your device ( depends on the state of your handset damage )
7) relock your bootloaders
8) နဲ့ အများအမြားသုံးလို့ ရပါသေးတယ်
fastboot mode မှာတော့
1) flash custom kernals (boot.IMG files)
2) flash system images (system.IMG files)
3) နဲ့ တခြားနည်းလမ်းတွေ အသုံးပြုလို့ ရပါသေးတယ်ဗျာ....
အကြောင်းအရာများနေမှာဆိုးလို့  Flashmoode မှာ Bootloader ဖြည်ပုံဖြည်နည်းလေးနဲ့  Fastboot မှာ
Boot Image သွင်းပုံလေး
တခြားနည်းလမ်းတွေအသုံးပြုလို့ ရဖို့ အတွက်
သူ့ တရားဝင်ဆိုက်က ပိတ်ထားတဲ့ စည်းလေးကိုဖျက်လိုက်တဲ့သဘောပါပဲ
အရင်ဆုံး မိမိတို့ ဖုန်းဟာ Bootloader ဖြည့်ဖို့ ဆိုရင် သူ့ ဆိုက်မှာ Booloader Code
ကိုသွားရောက်တောင်းရမှာဖြစ်ပါတယ်
အသေးစိတ်ဘာတွေလိုအပ်လည်းဆိုတာကိုတော့ ဒီဆိုက်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်
ပြီးရင် သူပြောတဲ့အတိုင်းပြည့်စုံပြီဆိုရင်တော့ မိမိတို့ ဖုန်းကို Bootloader Code တောင်းခံပြီးရလာတဲ့
Code လေးမှာမှတ်သားထားရပါမယ့်
ပြီးရင် မိမိတို့ ဖုန်းကို Power Off ထားလိုက်ပါ  ထို့ နောက် Flash Tool ကိုဖွင့်ပါ
အပေါ်ဘယ်ဘက်နားလေးမှာ BLU ဆိုတဲ့
Bootlaoder Unlock ဆိုတာလေးတွေ့ ပါလိမ့်မယ် အဲ့ကောင်လေးကိုနှိပ်ပေးလိုက်ပါပြီးလျှင် မိမိတို့ ဖုန်းကို
Flash Mode မှာကြိုးထိုးပါလို့ 
သူညွှန်ကြားပေးပါလိမ့်မယ် ပြီးပြီဆိုလျှင် Fastboot mode ကိုထပ်ခေါ်ခိုင်းပါလိမ့်မယ် ပြီးပြီဆိုလျှင် ဖုန်းရဲ့
IMEI နဲ့  Unlock Code ဆိုပြီးပေါ်လာပါမယ်
ရလာတဲ့ Code ကို ရိုက်ထည့်လိုက်တာနဲ့ Bootloader Unlock State
ပြီးဆုံးသွားပါလိမ့်မယ်
Fastboot mode မှာအသုံးပြုဖို့ အတွက် မိမိတို့ ဖုန်းဟာ Bootloader Unlock State ဖြစ်ပြီး ဖြစ်ရပါမယ်
အလွယ်ကူဆုံးနည်းလမ်းတခု
အနေနဲ့  Boot Image ကို Flash ပုံလေးပြောပြပါမယ်
မိမိတို့ မှာရှိတဲ့ Boot Image ကို kernel.sin ဆိုပြီးအရင်ဆုံး နာမည်ပြောင်းပေးရပါမယ် ပြီးပြီဆိုလျှင်
Flash Tool မှာ Fastboot mode ဆိုတာ
 ကိုရွေးပေးရပါမယ် ပြီးပြီဆိုရင် Doomloard ဆိုတဲ့ အကွက်လေးက selected kernel ဆိုတာလေးရွေးပြီး
ခုနကပြောင်းထားတဲ့ ဖိုင်လေးကို
ရွေးပေးလိုက်တာနဲ့ သူ့ ဟာသူ အလုပ်လုပ်သွားပါလိမ့်မယ် ပြီးပြီဆိုရင် မိမိတို့ ဖုန်းကို ကြိုးဖြုတ်ပြီး CWM
Mode ဖြစ်ဖြစ် Stock Recovery Mode
ဖြစ်ဖြစ် စတင်အသုံးပြုလို့ ရပါပြီဗျာ......... ကျွန်တော်နားလည်သလောက်လေးရှင်းပြရတဲ့အတွက်
အခက်အခဲတွေဖြစ်မယ်ဆိုလည်း သီးခံပြီး ဖတ်စေချင်ပါတယ် ဆရာတွေကတော့ ကျော်သွားပေါ့ဗျာ...
နောက်များမှာလည်း နောက်ထပ်အသုံးပြုလို့ ရတဲ့
အကြောင်းအရာလေးတွေ ရွေးချယ်ပြီးတင်ပြပေးပါ့မယ်ဗျာ....
အားလုံးအဆင်ပြေကြမယ်လို့ ဆုတောင်းရင်း..........
အသုံးဝင်မယ်ထင်တဲ့ ပုံလေးတွေပါတင်ပေးထားပါတယ် အမှားပါလျှင်ခွင့်လွှတ်ပေးပါဗျာ... :D :D :D
 555
444
33
11
flashtool
အကောင်းဆုံးမဟုတ်ပေမယ့် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးချင်တဲ့ စိတ်နဲ့ ....nyipaing39@gmail.com
No comments:
Post a Comment