Thursday, August 1, 2013

Android Application Development

1.2. Google Play (Android Market)

Google ကနေပြီးတော့ Google Play service တစ်ခုကိုဖန်တီးပေးထားပါတယ်။ Programmer တွေဟာ သူတို့ရဲ့ Android application တွေကို Android user တွေဆီရောက်အောင် Google Play ကနေတစ်ဆင့်ဖြန့်ဝေနိုင်ပါတယ်။ Google phone တွေမှာပါတဲ့ Google Play application ကိုအသုံးပြုပြီး application တွေကို install လုပ်နိုင်ပါတယ်။
Google Play မှာ update လုပ်နိုင်တဲ့ service တစ်ခုလည်းပါပါတယ်။ ဥပမာ programmer တစ်ယောက်ဟာ သူ Google Play မှာ upload လုပ်ထားတဲ့ application အတွက် version အသစ်တစ်ခုကိုရေးပြီးနောက် Google Play ကိုတင်လိုက်တယ်ဆိုပါတော့။ အဲဒါဆိုရင် Google Play ကနေပြီးတော့ (old version) application ကို install လုပ်ထားတဲ့ user တွေဆီကို new version ကို install လုပ်နိုင်ကြောင်း သတိပေး ပေးပါတယ်။
Google Play ကို Android Market လို့လည်းခေါ်ပါတယ်။

2. Security and permissions

2.1. Security concept in Android

Android application တိုင်းအတွက် user and group ID တစ်ခုကို create လုပ်ပေးပါတယ်။ Application file တစ်ခုဟာ အဲဒီ application ကို generate လုပ်ထားတဲ့ user အတွက် private ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အခြားသော application တွေကအသုံးမပြုနိုင်ပါဘူး။
Data ကို share ချင်ရင် service or content provider ကိုသုံးပြီး share ရပါတယ်။

2.2. Permission concept in Android

Android မှာ permission system တစ်ခုလည်းပါဝင်ပါတယ်။ အချို့သော task တွေအတွက် permission တွေကို ကြိုတင် define လုပ်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် permission တွေကိုလည်း ထပ်ပြီး define လုပ်နိုင်ပါသေးတယ်။
Android application တစ်ခုဟာ သူလိုအပ်တဲ့ permission တွေကို  AndroidManifest.xml configuration file မှာ declare လုပ်ရပါတယ်။ ဥပမာ Application တစ်ခုက Internet ကို access လုပ်ဘို့လိုအပ်တယ်ဆိုရင် အဲဒီလိုအပ်တယ်ဆိုတဲ့ အကြောင်းကို AndroidManifest.xml configuration file မှာ declare လုပ်ရပါတယ်။
Permissions မှာလည်း level အမျိုးမျိုးရှိပါတယ်။ အချို့ permission တွေကို auto ခွင့်ပြုထားပြီး အချို့ permission တွေကိုတော့ auto reject လုပ်ထားပါတယ်။
Application က request လုပ်ထားတဲ့ permission တွေကို ခွင့်ပြု/မပြုဆိုတာကို အဲဒီ application ကို install မလုပ်ခင် user ကိုမေးပါတယ်။ User က ခွင့်ပြု/မပြုဆုံးဖြတ်ပေးရပါတယ်။ (Application တစ်ခုကို install လုပ်တဲ့အခါ permission request လုပ်တာကိုမြင်ဘူးမယ်ထင်ပါတယ်)
User ကသာ application ကလိုအပ်တဲ့ permission ကို deny လုပ်လိုက်မယ်ဆိုရင် အဲဒီ application ကို install လုပ်လို့မရတော့ပါဘူး။ Permission check လုပ်တာကို application install လုပ်နေစဉ်အချိန်အတွင်းမှာသာလုပ်လို့ရပါတယ်။ Install လုပ်ပြီးမှ deny လုပ်လို့မရတော့ပါဘူး။
User အများစုက ဒီကိစ္စကို သိပ်အာရုံမထားကြပေမယ့် အချို့ user တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး Google Play မှာ negative review တွေလာရေးကြဆိုဘဲ။ J


3. Android applications and tasks

3.1. Application

Android application တစ်ခုမှာ component တွေ resources တွေမျိုးစုံပါဝင်ပါတယ်။ Component တွေကတော့ activitiesservicesbroadcast receiver and content provider  တွေပါ။

3.2. Tasks across application borders

Android application component တွေဟာ အခြားသော Android application တွေရဲ့ component တွေနဲ့ connect လုပ်နိုင်ပါတယ်။ ဥပမာ Photo တစ်ခုကို touch လုပ်လိုက်ရင် email application ပွင့်မယ်။ အဲဒီကနေ new mail တစ်ခုကို create လုပ်ပြီး ခုနက ရွေးထားတဲ့ photo ကို အဲဒီမေးမှာ attach လုပ်နိုင်တာမျိုးပါ။ ဒါဟာ application တစ်ခုရဲ့ component နဲ့အခြား application ရဲ့ component ကိုချိတ်ဆက်တာပါ။

4. Android user interface components

4.1. Activity
Activity ဆိုတာ android application တစ်ခုရဲ့ visual representation ပါ။  ဆိုလိုတာက application တစ်ခုကို run လိုက်ရင် screen ပေါ်မှာ user interface တစ်ခုတက်လာပါမယ်။ အဲဒါဟာ activity ပါ။ Activity တစ်ခုဖြစ်လာဘို့ views တွေ fragments  တွေကိုအသုံးပြုရပါတယ်။ View ဆိုတာ Button, TextView, ImageView  အစရှိတာတွေကိုပြောတာပါ။ ဒါတွေကိုအသုံးပြုပြီး user interface တစ်ခုဖန်တီးရပါတယ်။ အဲဒီ user interface က application နဲ့ user ကိုဆက်သွယ်ပေးတာပါ။ ဥပမာ Phone Dial application တစ်ခုမှာ user ကဖုန်းနံပါတ်နှိပ်ပြီး Call လုပ်လိုက်ရင် application က အဲဒီနံပါတ်ကို call ပေးရပါတယ်။ user နဲ့ application ကြားမှာ အဲဒီ Dial Pad က user interface အဖြစ်ကြားခံဆောင်ရွက်ပေးရပါတယ်။ အဲဒီ user interface (dial pad) ကို Button, TextView, ImageView ဆိုတဲ့ view တွေနဲ့ပြုလုပ်ထားတာပါ။
Android application တစ်ခုမှာ activity အနည်းဆုံး တစ်ခုကနေ လိုသလာက်အရေအတွက်အထိ အသုံးပြုနိုင်ပါတယ်။

4.2. Fragments

          Fragments are components which run in the context of an activity. A fragment encapsulates application code so that it is easier to reuse it and to support different sized devices.
          Fragments are optional components which allow you to reuse user interface and non user interface components for different devices configurations.

4.3. Views and layout manager

          Views ဆိုတာ အရှေ့မှာပြောခဲ့သလို user interface widget တွေဖြစ်ပါတယ်။ ဥပမာ buttons or text fields အစရှိတာတွေကိုပြောတာပါ။ views တွေရဲ့ base class ဟာ android.view.View ဖြစ်ပါတယ်။ View ရဲ့ appearance နဲ့ behavior တွေကို configure လုပ်ဘို့အတွက် View attribute တွေကိုသုံးရပါတယ်။ ဥပမာ button ဆိုတဲ့ view ကိုကြည့်ရအောင်။ အဲဒီ button မှာဘယ် text ကိုရေးမလဲ။ ကိုယ်ရေးချင်တဲ့ text ကို button ရဲ့ text attribute မှာရေးရပါတယ်။ text ကိုဘယ်အရောင်ဖြစ်စေချင်လဲ။ button ရဲ့ textcolor attribute မှာရေးရပါတယ်။
Layout manager ကတော့ view တွေကို arrange လုပ်ပေးရတာပါ။ Layout manager ရဲ့ base class ကတော့ android.view.ViewGroup  ပါ။ View class ကနေ extend လုပ်ထားတဲ့ class ပါ။  Layout တစ်ခုထဲမှာ အခြား layout တစ်ခုကိုထား၊ အဲဒီ layout ထဲ နောက်ထပ် layout တစ်ခုထား၊ အဲဒီလို ဆင့်ကဲ ဆင့်ကဲထားလို့လည်းရပါတယ်။ ဒါပေမယ့် သိပ်များသွားရင် performance  သိပ်မကောင်းဘဲဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သိပ်များများတော့မထားသင့် ပါဘူး။

4.4. Device configuration specific layouts

Activity အတွက် user interface ကို  XML files (layout files) မှာရေးရပါတယ်။ Device တွေရဲ့ size ကအမျိုးမျိုးရှိနိုင်တာမို့ user interface တွေဖန်တီးတဲ့အခါ device အမျိုးအမျိုးအတွက် အဆင်ပြေအောင်ဖန်တီးပေးဘို့လိုပါတယ်။
        အောက်မှာ activity တစ်ခုကိုပြထားပါတယ်။ MainActivity လို့အမည်ပေးလိုက်ရအောင်။ ဒီ activity ဟာ small screen မှာဆိုရင် fragment တစ်ခုဘဲပြပါတယ်။ ဒီတစ်ခုကနေ နောက် fragment ကိုပြအောင် navigate လုပ်နိုင်ပါတယ်။ Wide screen မှာဆိုရင် fragment ၂ခုလုံးကိုပြပါတယ်။

5. Other Android components

Android application မှာအသုံးပြုနိုင်တဲ့ component တွေများစွာရှိပါသေးတယ်။ Android application မှာအသုံးပြုနိုင်တဲ့ component တွေများစွာရှိပါသေးတယ်။ တစ်ခုချင်းစီကိုအောက်မှာ အတိုချုပ်ဖော်ပြထားပါတယ်။

5.1. Intents

          Intents ဆိုတာ asynchronous message တွေဖြစ်ပါတယ်။ အခြား android component တွေဖြစ်တဲ့ service တို့ activity တို့ဆီကနေ functionality တွေကို request လုပ်ဘို့အတွက် intent တွေကိုအသုံးပြုရပါတယ်။          Application တစ်ခုဟာ component တစ်ခုကို တိုက်ရိုက်ခေါ်နိုင်သလို (explicit Intent)၊ intent data ပေါ်မူတည်ပြီး register လုပ်ထားတဲ့ component တွေထဲက ရွေးချယ်ပေးဘို့ Android system ကိုတောင်းခံနိုင်ပါတယ် (implicit intents)။ ဥပမာ application တစ်ခုဟာ data sharing လုပ်ဘို့အတွက် intent ကိုသုံးရပါတယ်။ User က data sharing လုပ်ပေးနိုင်တဲ့ component တွေကို ရွေးချယ်နိုင်ပါတယ်။

5.2. Services

          Service တွေဟာ  user interface မလိုဘဲလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ပါတယ်။ Service တွေဟာ အခြား android component တွေနဲ့ communicate လုပ်နိုင်သလို notification framework ကိုသုံးပြီး user ကို notify လည်းလုပ်နိုင်ပါတယ်။

5.3. ContentProvider

Application data တွေအတွက် structured interface တစ်ခုဖြစ်ပါတယ်။  Content provider ကိုသုံးပြီး အခြားသော application တွေနဲ့ data sharing လုပ်နိုင်ပါတယ်။ Content provider နဲ့တွဲသုံးလေ့ရှိတာကတော့ SQLite database ပါ။ SQLite database ဟာ data တွေကို store လုပ်ထားပြီး အဲဒီ data တွေကို access လုပ်ချင်ရင် content provider ကိုသုံးရပါတယ်။

5.4. BroadcastReceiver

          System messages တွေနဲ့ intent တွေကိုလက်ခံရရှိဘို့အတွက် Broadcast receiver တွေကို register လုပ်ထားနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ event တစ်ခုဖြစ်ပွားပြီဆိုရင် broadcast receiver ဆီကို Android system ကနေ notify လုပ်ပေးပါတယ်။
ဥပမာပြောရရင် boot process ပြီးသွားတဲ့အခါ notify လုပ်စေချင်တာမျိုး သို့မဟုတ် phone call ၀င်လာတာကို notify လုပ်စေချင်တာမျိုး အတွက် register လုပ်ထားနိုင်ပါတယ်။

5.5. Home screen and lock screen widgets

          Widget ဆိုတာ Android home screen ပေါ်မှာထားပြီးအသုံးပြုရတဲ့ interactive components တွေပါ။ ဥပမာ email widget တစ်ခုဟာဆိုရင် အသစ်ရောက်လာတဲ့ မေးတွေနဲ့ပတ်သက်တဲ့ short summary ကိုဖော်ပြထားပါတယ်။ User က email တစ်ခုကို select လုပ်လိုက်ရင် select လုပ်လိုက်တဲ့ mail ကိုဖွင့်ပေးမှာပါ။

5.6. Live Wallpapers

          Android home screen မှာ animated background တွေ ဖန်တီးဘို့အတွက် Live wallpaper တွေကိုအသုံးပြုရပါတယ်။

6. Android Development Tools

6.1. Android SDK

Android Software Development Kit (SDK) မှာ Android application တွေကို create လုပ်ဘို့၊ compile လုပ်ဘို့ နဲ့ package လုပ်ဘို့အတွက်လိုအပ်တဲ့ tools တွေအားလုံးပါဝင်ပါတယ်။ ဒီ tools အများစုဟာ command line tool တွေဖြစ်ပါတယ်။
အထက်ပါ tool တွေအပြင် Android device emulator tool လည်းပါပါသေးတယ်။  emulator ကိုအသုံးပြုပြီး Android application တွေကို test လုပ်နိုင်ပါတယ်။ You can create Android virtual devices (AVD) ကို create လုပ်ပြီး real device အစားအသုံးပြုနိုင်ပါတယ်။
Android SDK မှာ Android debug bridge (adb) tool လည်းပါပါတယ်။ adb tool ကတော့ ခုနပြောတဲ့ AVD or real Android device တွေနဲ့ application ကိုချိတ်ဆက်ဘို့ဖြစ်ပါတယ်။

6.2. Android Development Tools

Android application တွေကို Eclipse IDE မှာ develop လုပ်ဘို့ဆိုရင် Android Development Tools (ADT) ကို install လုပ်ဘို့လိုပါတယ်။ Eclipse သက်သက်ကတော့ Android application တွေကို develop လုပ်နိုင်တဲ့ capability မရှိပါဘူး။ ADT (plug-ins) ကို install လုပ်လိုက်မှသာ  Eclipse မှာ Android application တွေကို develop လုပ်နိုင်တဲ့ capability ရှိသွားမှာပါ။
ADT မှာဆိုရင် Android applications တွေကို create, compile, debug and deploy လုပ်ဘို့အတွက်လိုအပ်တဲ့ functionalities အားလုံးပါဝင်ပါတယ်။ ဒါ့အပြင် AVD တွေကို create လုပ်ဘို့နဲ့ start လုပ်ဘို့ကိုလည်း ADT ကလုပ်ဆောင်ပေးပါတယ်။
ADT ဟာဆိုရင် resource file တွေ (ဥပမာ layout file တွေ) အတွက် special editor တွေလည်း provide လုပ်ပါတယ်။  ဒီ editor ကိုသုံးပြီး layout ဖိုင်ရဲ့ XML representation နဲ့ user interface ကြား အပြန်အလှန်အလွယ်တကူ switch လုပ်နိုင်ပါတယ်။ XML representation မှာရေးပြီး user interface မှာသွားကြည့်လိုက်၊ ဒါမှမဟုတ် user interface မှာ view တွေထည့်ပြီး XML representation မှာလာကြည့်လိုက် ဒီလိုလုပ်နိုင်ပါတယ်။ အဲဒီလို ဟိုဘက် ဒီဘက်ကူးဘို့အတွက် editor ရဲ့အောက်ဘက်က tab ကိုသုံးပြီး switch လုပ်နိုင်ပါတယ်။

6.3. Dalvik Virtual Machine

Android system ဟာ Java based application တွေကို run ဘို့အတွက် Dalvik Virtual Machine ကိုအသုံးပြုပါတယ်။ Dalvik က Java bytecode နဲ့မတူတဲ့ သူ့ကိုယ်ပိုင် bytecode format ကိုအသုံးပြုပါတယ်။
ဒါကြောင့်        Java class file တွေကို Android ပေါ်မှာတိုက်ရိုက် run  လို့မရပါဘူး။ အရင်ဆုံး Dalvik bytecode format ကိုပြောင်းပြီးမှ Android ပေါ် run နိုင်ပါမယ်။

6.4. How to develop Android Applications

Android application တွေကို Java programming language နဲ့ရေးပါတယ်။ ရေးထားတဲ့ Java source file ကို Java class file ဖြစ်အောင် Java compiler အသုံးပြုပြီး compile လုပ်ပေးရပါတယ်။
Android SDK မှာ dx ဆိုတဲ့ tool တစ်ခုပါပါတယ်။ အဲဒီ dx tool ဟာ Java class file ကို .dex (Dalvik Executable) file အဖြစ်ပြောင်းပေးပါတယ်။ (Application တစ်ခုမှာ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ class file တွေပါဝင်ပါတယ်) dx tool နဲ့ conversion လုပ်ပြီးနောက်မှာ အဲဒီ class file တွေအားလုံးဟာ compress လုပ်ထားတဲ့ .dex file တစ်ခုထဲဖြစ်သွားပါတယ်။ (ဥပမာ ဖိုင် ၅ ဖိုင်ပါတဲ့ ဖိုဒါတစ်ခုကို zip လုပ်လိုက်ရင် တစ်ဖိုင်ထဲဖြစ်သွားသလိုမျိုးပေါ့) dx tool နဲ့ conversion လုပ်နေစဉ်အတွင်းမှာ class ထဲကပိုနေတဲ့ information တွေကိုဖယ်ရှားပစ်ပါတယ်။ ဥပမာ- class တစ်ခုမှာပါတဲ့ String ဟာ အခြား class မှာလည်းပါနေခဲ့တယ်ဆိုရင် conversion လုပ်ပြီးတဲ့အခါ ဒီ String ဟာ .dex file မှာ တစ်ကြိမ်သာပါတော့မှာဖြစ်ပါတယ်။
ဒါကြောင့် dex file တွေဟာ သက်ဆိုင်ရာ class file တွေထက် size အားဖြင့် သေးငယ်တယ်ဆိုတာတွေ့ရပါတယ်။ (redundant information တွေကိုဖယ်ရှားထားလို့ပါ)
ဒီအဆင့်မှာရလာတဲ့ .dex file ရယ် resource တွေရယ်ကိုပေါင်းပြီး .apk (Android Package) file အဖြစ် pack လုပ်လိုက်ပါတယ်။ resource ဆိုတာကတော့ ဒီ project အသုံးပြုတဲ့ image တွေ XML file တွေကိုပြောတာပါ။ ဒီလို apk ဖြစ်အောင် pack လုပ်တာကိုတော့ aapt (Android Asset Packaging Tool) ကဆောင်ရွက်ပေးပါတယ်။
.apk file မှာဆိုရင် Application ကို run ဘို့လိုအပ်တဲ့ data တွေအားလုံးပါဝင်ပါတယ်။ .apk file ကို Android device ပေါ် deploy လုပ်ဘို့ကိုတော့ adb tool ကိုသုံးပြီးလုပ်နိုင်ပါတယ်။     ဒီအဆင့်တွေအားလုံးကို Android Development Tools (ADT) ကဆောင်ရွက်ပေးသွားမှာပါ။ Source code တွေရေးပြီး run button ကိုနှိပ်လိုက်တာနဲ့ (error မရှိရင်) .apk file ကို create လုပ်ပြီး device ပေါ်ကိုပါ deploy လုပ်ပေးသွားမှာဖြစ်ပါတယ်။




Capture

6.5. Resource editors

Developer အနေနဲ့ အချို့သော artifacts ဖြစ်တဲ့ Strings and layout files တွေကို နည်းလမ်း ၂မျိုးနဲ့ရေးနိုင်ပါတယ်။ Graphical Layout ကိုသုံးတာရယ် XML နဲ့ရေးတာရယ်ပေါ့။   ဥပမာ           res/layout/main.xml file ကိုဖွင့်ပြီးရင် Graphical Layout နဲ့ design လုပ်မလား ဒါမှမဟုတ် xml code နဲ့ရေးမလား ကြိုက်ရာသုံးနိုင်ပါတယ်။ Screen အောက်ခြေမှာရှိတဲ့ button ကိုသုံးပြီးရွေးနိုင်ပါတယ်။

7. Android Application Architecture

7.1. AndroidManifest.xml

Android application တစ်ခုရဲ့ components နဲ့ settings တွေကို AndroidManifest.xml file မှာရေးရပါတယ်။ ဥပမာ application အတွက် လိုအပ်တဲ့ activity တွေ service တွေကို AndroidManifest.xml file မှာ declare လုပ်ရပါတယ်။
ဒီဖိုင်ထဲမှာ application အတွက်လိုအပ်တဲ့ permission တွေကိုလည်း declare လုပ်ပေးရပါတယ်။ ဥပမာ application တစ်ခုဟာ network access လိုအပ်တယ်ဆိုရင် အဲဒါကို ဒီဖိုင်မှာ declare လုပ်ပေးရမှာပါ။ အောက်မှာ AndroidManifest.xml file ကိုနမူနာပြထားပါတယ်။
<?xml version="1.0" encoding="utf-8"?>
<manifest xmlns:android="http://schemas.android.com/apk/res/android"
      package="de.vogella.android.temperature"
      android:versionCode="1"
      android:versionName="1.0">
    <application android:icon="@drawable/icon"
                       android:label="@string/app_name">
        <activity android:name=".Convert"
                    android:label="@string/app_name">
            <intent-filter>
                <action android:name="android.intent.action.MAIN" />
                <category android:name="android.intent.category.LAUNCHER" />
            </intent-filter>
        </activity>
    </application>
    <uses-sdk android:minSdkVersion="9" />
</manifest>
package attribute ကတော့ ဒီ application ရဲ့ Java object တွေကို ဘယ် package အောက်မှာထားသလဲ။ အဲဒီ package name ကိုရေးပေးရပါမယ်။ တကယ်လို့ Java object တွေဟာ အခြား package တွေအတွင်းမှာရှိနေတာဆိုရင်တော့  fully qualified package name ကိုပေးရပါမယ်။
Android application တွေကို unique package name တွေပေးသင့်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ domain name ကို ပြောင်းပြန်လုပ်ပြီး package name အဖြစ်ပေးတာမျိုးလုပ်သင့်ပါတယ်။ ကိုယ့်ရဲ့ domain name က computerandmobiletech.com ဆိုပါတော့။ ဒါဆိုရင် com.computerandmoible.xxx လိုပေးသင့်ပါတယ်။ xxx နေရာမှာ ကိုယ့် application အတွက်သင့်တော်တဲ့ name ကိုပေးပေါ့။ Application က calculator တစ်ခုကို create လုပ်ထားတာဆိုရင် com.computerandmoible.calculator လို့ပေးနိုင်ပါတယ်။ ဒါဆိုရင် အခြား developer တစ်ယောက်ကလည်း calculator တစ်ခုကို create လုပ်ပြီး calculator လို့အမည်ပေးခဲ့ရင်တောင် package name တူနေတာမျိုးမဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူက သူ့ reverse domain name နဲ့ calculator ကိုတွဲပေးမှာမို့ပါ။ (ဥပမာ com.myanmarmobileappstore.calculator)
android:versionName and android:versionCode တွေကတော့ application ရဲ့ version ကိုသတ်မှတ်တာပါ။ versionName ကို ကြိုက်ရာ String တစ်ခုပေးနိုင်ပါတယ်။ ဒီ version name ကို user ကမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါမှ ဒီ application ရဲ့ version ကိုသူသိနိုင်မှာပေါ့။
          versionCode ကတော့ integer ဖြစ်ရပါမယ်။ versionCode ကိုတော့ Android Market ကအသုံးပြုပါတယ်။ သူက versionCode ကိုကြည့်ပြီး application တစ်ခုအတွက် update လုပ်ပေးရမလား ဘာလားဆိုတာကိုဆုံးဖြတ်တာပါ။ ဥပမာ user တစ်ယောက်က calculator application version 1 ကို install လုပ်ထားတယ်ဆိုပါတော့။ Android Market မှာ calculator application version 2 ရှိနေပြီဆိုရင် အရင် version 1 ကနေ 2 ကို update လုပ်ဘို့ notify ပေးရပါတယ်။
Version code ကို သာမန်အားဖြင့် 1 ကစလေ့ရှိပြီး new version ရေးပြီးရင်တော့ 1 ခုစီတိုးပေးလေ့ရှိကြပါတယ်။
<activity> tag ကတော့ activity ကို define လုပ်တာပါ။ အထက်က ဥပမာ မှာဆိုရင် activity name ကို Convert လို့ပေးထားပါတယ်။ Activity အတွက်ရေးထားတဲ့ java class ရဲ့အမည်က Convert ဖြစ်လို့ပါ။
(action android:name="android.intent.action.MAIN" ) ကတော့ Application ကို run တာနဲ့ Main activity ကနေစတင်ဘို့ intent filter ကို register လုပ်တာပါ။
(android:name="android.intent.category.LAUNCHER" ) ကတော့ application ကို Android device ရဲ့ application directory ထဲထည့်ဘို့ define လုပ်ပေးရတာပါ။
@string/app_name ဆိုတာက resources file ကိုညွှန်းတာပါ။ အဲဒီ resource file ထဲမှာ application name ရေးထားလို့ပါ။ (application name ကိုဒီနေရာမှာတင်တိုက်ရိုက်မပေးဘဲ application name [ဥပမာ calculator ဆိုပါတော့] အဲဒါကိုရေးထားတဲ့ resource file ရှိတဲ့နေရာကိုညွှန်ပြလိုက်တာပါ) အဲဒီ resource file ရဲ့ app_name ဆိုတဲ့ထဲမှာ ‘calculator’ လို့ရေးထားပါလိမ့်မယ်။
Resources file တွေကိုအသုံးပြုခြင်းအားဖြင့် resource အမျိုးအမျိုးအတွက် အဆင်ပြေလွယ်ကူစွာဆောင်ရွက်ပေးနိုင်ပါတယ်။ resource တွေကတော့ strings, colors, icons အစရှိသည်တို့ဖြစ်ပါတယ်။ Device အမျိုးမျိုးအတွက် သင့်တော်တဲ့ resource file တွေကို define လုပ်နိုင်ပါတယ်။ ဥပမာ icon အတွက်စဉ်းစားကြည့်ရအောင်။ application ကို run မယ့် device တွေရဲ့ ဆိုက်ကအမျိုးမျိုးရှိနိုင်ပါတယ်။ device တိုင်းအတွက်အဆင်ပြေအောင် icon ကို resolution အမျိုးမျိုးနဲ့ ထည့်ပေးထားနိုင်ပါတယ်။ resolution အလိုက် သက်ဆိုင်ရာ folder တွေမှာထည့်ထားပေးရန်သာဖြစ်ပါတယ်။ application ကို run မယ့် device ရဲ့ size ပေါ်မူတည်ပြီး သင့်တော်တဲ့ icon ကို သုံးပေးသွားမှာဖြစ်ပါတယ်။
အချို့သော application တွေကို install လုပ်တဲ့အခါ parsing error ဆိုတာကိုတွေ့ဘူးကြမယ်ထင်ပါတယ်။ အဲဒါကတော့ သာမန်အားဖြင့် ကိုယ့် device ရဲ့ android version ဟာ application အတွက်လိုအပ်တဲ့ version ထက်နိမ့်နေလို့ပါ။ Application ကို install လုပ်မယ့် Android version ဟာအနိမ့်ဆုံးဘယ်လောက်ရှိရမယ်လို့သတ်မှတ်ပေးရပါတယ်။
<uses-sdk android:minSdkVersion=”9″ /> လို့ သတ်မှတ်ထားရင် application ကို API Level 9 ထက်နိမ်တဲ့ Android Version တင်ထားသော device တွေမှာ install လုပ်လို့မရနိုင်ပါဘူး။ ဒီနည်းနဲ့ application ကို unsupported device တွေမှာ install လုပ်ခြင်းမှာတားမြစ်နိုင်မှာဖြစ်ပါတယ်။

7.2. Activities and Lifecycle

Android system ဟာ application ရဲ့ lifecycle ကို ထိန်းချုပ်ထားပါတယ်။ အချို့သော အခြေအနေတွေမှာ Android system က application ကို stop or destroy လုပ်ပစ်တတ်ပါတယ်။ ဥပမာ application တစ်ခုကို run နေတဲ့ အချိန်မှာ phone call ၀င်လာရင် အဲဒီ application ကို stop လုပ်ပစ်တာမျိုးပေါ့။ Android system ဟာ predefine method တွေသုံးပြီး lifecycle ကိုသတ်မှတ်ပါတယ်။ အရေးကြီးတဲ့ method တွေကတော့
  •   onSaveInstanceState() - ဒီ method ကိုတော့ activity ကို stop လုပ်ပြီးရင်ခေါ်ရပါတယ်။ activity ကို restart ပြန်လုပ်တဲ့အခါ သူ့ရဲ့မူလ state ကိုပြန်ရောက်အောင် stop မလုပ်ခင်ကရှိခဲ့တဲ့ data တွေကို save လုပ်ထားဘို့လိုလို့ပါ။
  •   onPause() – ဒီ method ကိုတော့ activity တစ်ခု အဆုံးသတ်သွားတိုင်း ခေါ်ရပါတယ်။ အဆုံးမသတ်ခင်အသုံးပြုခဲ့တဲ့ resource တွေ data တွေကို release လုပ်ပေးဘို့သုံးရတာပါ။
  •   onResume() - ဒီ method ကိုတော့ activity ကို restart ပြန်လုပ်ရင်ခေါ်ရပါတယ်။ Field တွေကို initialize လုပ်ဘို့သုံးတာပါ။

7.3. Configuration Change

Device ရဲ့ configuration change သွားတိုင်းမှာ activity ကိုလည်း restart ပြန်လုပ်ပေးရပါတယ်။ Application နဲ့သက်ဆိုင်တဲ့ event တစ်ခုဖြစ်သွားတိုင်းမှာ configuration change သွားတတ်ပါတယ်။ ဥပမာ user က device ရဲ့ orientation ကိုပြောင်းလိုက်တယ်ဆိုပါတော့။ ဒါဆိုရင် activity ဟာ အဲဒီလိုပြောင်းလိုက်တဲ့အနေအထားအတွက် အခြား resource တစ်ခုကိုပြောင်းပြီးအသုံးပြုဘို့လိုအပ်တတ်ပါတယ်။ အဲဒီအတွက် activity ကို restart လုပ်ပေးရတာပါ။
Emulator မှာ orientation ကို ပြောင်းချင်ရင် Ctrl+F11 ကိုနှိပ်ပြီးပြောင်းနိုင်ပါတယ်။
အချို့သော configuration တွေကို change လိုက်သော်လည်း activity ကို restart မလုပ်ချင်ဘူးဆိုပါက AndroidManifest.xml ဖိုင်ထဲက configChanges attribute မှာ define လုပ်ထားနိုင်ပါတယ်။ အောက်က ဥပမာကတော့ orientation တို့ keyboard position အပြောင်းအလည်းတို့ လုပ်သော်လည်း activity ကို restart မလုပ်အောင် define လုပ်ထားတာပါ။
<activity android:name=".ProgressTestActivity"
     android:label="@string/app_name"
     android:configChanges="orientation|keyboardHidden|keyboard">
</activity>

7.4. Context

Android system နဲ့ project ရဲ့ resources တွေကို ချိတ်ဆက်ပေးဘို့အတွက် android.content.Context  class ကဆောင်ရွက်ပေးပါတယ်။ Android services (e.g. the Location Service) တွေကို access လုပ်ဘို့အတွက်လည်း Context ကိုသုံးရပါတယ်။ Activities and services  တွေဟာ Context class ကို extend လုပ်ထားတဲ့ class တွေဖြစ်ပါတယ်။

8. Resources

8.1. Using resource files

Image တို့ XML configuration file တို့လို resource တွေကို soruce code နဲ့သီးသန့်စီခွဲထားပေးပါတယ်။
ဒီ resources တွေကို res directory ထဲမှာ define လုပ်ရပါမယ်။ အောက်မှာအသေးစိတ်ဖော်ပြထားပါတယ်။

Table 1. Resources
Resource Folder Description
Simple Values /res/values Strings, colors, dimensions, styles and static arrays of strings or integers တွေကို /res/values အောက်က သက်ဆိုင်ရာဖိုင်တွေမှာ define လုပ်ရပါတယ်။ဥပမာ Strings တွေကို res/values/strings.xml file မှာ define လုပ်ရပါတယ်။
Layouts /res/layout Activities and Fragments တွေအတွက် user interface တွေကို /res/layout အောက်မှာထားရပါတယ်။
Styles and Themes /res/values Application ရဲ့ appearance ကို res/values မှာ define လုပ်ရပါတယ်။
Animations /res/animator Animation ကို res/animator မှာ define လုပ်ရပါမယ်။
Menus /res/menu Menu ရဲ့ entry properties တွေကို res/menu မှာ define လုပ်ရပါတယ်။

gen directory ထဲမှာတော့ project က generate လုပ်ပေးလိုက်တဲ့ generated values တွေရှိပါတယ်။ R.java ဟာဆိုရင် generated class တစ်ခုဖြစ်ပါတယ်။ R.java file ထဲမှာ resource တွေရဲ့ reference တွေရှိပါတယ်။
Resource တစ်ခုကို create လုပ်လိုက်တာနဲ့ အဲဒီ resource ရဲ့ reference ကို auto create လုပ်ပြီး R.java ဖိုင်ထဲမှာ ထည့်ပေးလိုက်ပါတယ်။ အဲဒီ references ဆိုတာတွေဟာ static integer values တွေဖြစ်ပါတယ်။ ပြီးတော့ resource အတွက် ID တွေကိုလည်း define လုပ်ပေးပါတယ်။ Resource တွေကို အသုံးပြုဘို့အတွက် ID တွေနဲ့ခေါ်သုံးရတာပါ။ ဥပမာ String တစ်ခုရဲ့ ID က R.string.yourString  ဆိုပါတော့။ အဲဒါဆိုရင် အဲဒီ String ကိုအသုံးပြုဘို့အတွက် getString(R.string.yourString)) လို့ရေးရပါတယ်။ getString method ထဲမှာ ID ကို pass လုပ်ပေးရပါတယ်။ R.java ဖိုင်ကို auto generate လုပ်ပေးတာမို့ programmer က ရေးစရာပြင်စရာမလိုအပ်ပါဘူး။

8.2. Defining IDs

User interface component တွေရဲ့ ID ကို layout file တွေမှာလည်း define လုပ်လို့ရပါတယ်။ လုပ်နည်းကတော့ @+id/your_id ဆိုပြီး your_id နေရာမှာ ကိုပေးချင်တဲ့ ID ကိုထည့်ပေးရမှာပါ။
ID တွေကို control လုပ်ဘို့အတွက် ids.xml   file ကိုလည်း /res/values folder မှာ create လုပ်နိုင်ပါတယ်။ ပြီးရင် ID အားလုံးကို ဒီဖိုင်မှာ define လုပ်နိုင်ပါတယ်။
<?xml version="1.0" encoding="utf-8"?>
<resources>
    <item name="button1" type="id"/>
</resources>
ဒီနည်းနဲ့ ID တွေကို layout file မှာတိုက်ရိုက်အသုံးပြုနိုင်ပါတယ်။
<RelativeLayout xmlns:android="http://schemas.android.com/apk/res/android"
    xmlns:tools="http://schemas.android.com/tools"
    android:layout_width="match_parent"
    android:layout_height="match_parent"
    tools:context=".MainActivity" >
    <Button
        android:id="@id/button1"
        android:layout_width="wrap_content"
        android:layout_height="wrap_content"
        android:layout_centerHorizontal="true"
        android:layout_centerVertical="true"
        android:layout_marginRight="27dp"
        android:text="Button" />
</RelativeLayout>

9. Using Resources

9.1. Reference to resources in code

Bitmap file တစ်ခု create လုပ်ပုံကိုအောက်မှာပြထားပါတယ်။
BitmapFactory.decodeResource(getResources(), R.drawable.ic_action_search);

9.2. Reference to resources in XML files

Resource တစ်ခုကို @ သင်္ကေတသုံးပြီး refer လုပ်နိုင်ပါတယ်။ ဥပမာ XML resource file မှာ define လုပ်ထားတဲ့ color ကို refer လုပ်ချင်တယ်ဆိုပါတော့။ အဲဒါဆိုရင် @color/your_id  လို့ refer လုပ်နိုင်ပါတယ်။ your_id နေရာမှာ ကိုယ် refer လုပ်ချင်တဲ့ resource ရဲ့ ID ကိုထည့်ရပါမယ်။ နောက် ဥပမာ တစ်ခုကြည့်ပါမယ်။ XML resource file မှာ define လုပ်ထားတဲ့ string “hello” ဆိုတာကို refer လုပ်ချင်တယ်ဆိုပါတော့။ ဒါဆိုရင်တော့ @string/hello  လို့ရေးရပါမယ်။

9.3. Activities and layouts

Activity တစ်ခုရဲ့ user interface ကို layout file တွေမှာ define လုပ်ရပါတယ်။ Layout file  မှာ Views (widgets) တွေနဲ့သူတို့ရဲ့ properties တွေကို define လုပ်ပေးရမှာပါ။
Layout ကို define လုပ်ရာမှာ Java code နဲ့လုပ်လို့ရသလို XML file နဲ့လည်းလုပ်လို့ရပါတယ်။ အများစုကတော့ XML file တွေကိုသုံးပြီးလုပ်ကြပါတယ်။
XML layout file တွေကို /res/layout folder အောက်မှာထားပါတယ်။ XML layout file မှာ  ViewGroupsViews နဲ့ သူတို့ရဲ့ relationship တွေ၊ attributes တွေ define လုပ်ပြီး ဖန်တီးရပါတယ်။
View တစ်ခုကို Java code နဲ့ access လုပ်ရန်လိုမည်ဆိုပါက အဲဒီ View ကို ID သတ်မှတ်ပေးရပါမယ်။ သတ်မှတ်ပုံကတော့ android:id attribute မှာ ကိုယ်ပေးချင်တဲ့ ID ကိုပေးရမှာပါ။ အောက်ပါ code မှာဆိုရင် Button View တစ်ခုကို ဖန်တီးထားပါတယ်။ Button view ရဲ့ ID ကို button1 လို့ define လုပ်ထားပါတယ်။
<Button
  android:id="@+id/button1"
  android:layout_width="wrap_content"
  android:layout_height="wrap_content"
  android:text="Show Preferences" >
</Button>
Java code ထဲကနေ ဒီ button ကို access လုပ်ချင်တယ်ဆိုရင်  findViewById(R.id. button1) ဆိုတဲ့ method ကိုသုံးရပါမယ်။
Layout ကို XML နဲ့ define လုပ်ခြင်းအားဖြင့် programming logic နဲ့ layout definition ကိုသီးသန့်စီခွဲထုတ်ပြီးသားဖြစ်နေပါတယ်။ ဒါကြောင့် device အမျိုးမျိုးအတွက်သူတို့နဲ့ သင့်တော်တဲ့ layout တွေဖန်တီးပေးဘို့်ပိုပြီးအဆင်ပြေတာတွေ့ရပါတယ်။

10. Assets

10.1. What are assets?

While the res directory ဟာ Android platform ကလက်ခံနိုင်တဲ့ structured values ကိုသိမ်းဆည်းနိုင်ပါတယ်။ assets directory ကတော့ မည်သည့် data အမျိုးအစားကိုမဆို store လုပ်နိုင်ပါတယ်။

10.2. Accessing assets

assets directory ထဲက data တွေကိုဘယ်လို access လုပ်မလဲ။ Assetsmanager ကိုသုံးနိုင်ပါတယ်။ Assetmanager manager = getAssets();
assets folder ထဲကဖိုင်တွေကို InputStream အဖြစ်ဖတ်နိုင်ပါတယ်။ အောက်ပါ နမူနာကိုကြည့်ပါ။ assets folder ထဲက logo.png ဆိုတဲ့ bitmap file တစ်ခုကိုဖတ်တာပါ။
အရင်ဆုံး getAssets() method ကိုသုံးပြီး ‘manager’ ဆိုတဲ့ Assetmanager တစ်ခုကို create လုပ်လိုက်ပါတယ်။
‘open’ ဆိုတဲ့ InputStram တစ်ခုကို create လုပ်ပါတယ်။
‘logo.png’ ဆိုတဲ့ ဖိုင်ကို open လုပ်ပြီး InputStream ‘open’ ထဲကို assign လုပ်ပါတယ်။

// Get the AssetManager
    AssetManager manager = getAssets();
    // Read a Bitmap from Assets
    InputStream open = null;
    try {
      open = manager.open("logo.png");
      Bitmap bitmap = BitmapFactory.decodeStream(open);
      // Assign the bitmap to an ImageView in this layout
      ImageView view = (ImageView) findViewById(R.id.imageView1);
      view.setImageBitmap(bitmap);
    } catch (IOException e) {
      e.printStackTrace();
    } finally {
      if (open != null) {
        try {
          open.close();
        } catch (IOException e) {
          e.printStackTrace();
        }
      }
    }
 
Credit to: http://computerandmobiletech.com 

1 comment: