Thursday, May 2, 2013

Y210S Root လုပ်နည်း



ရိုးရိုးရှင်းရှင်းလေးပါဗျာ။ အချိန်ကုန်ခံပြီးလိုက်ရှာမနေကြပါနဲ့ သူငယ်ချင်းတို့အားလုံးမှာ ရှိပြီးသားဖြစ်တဲ့ Tool လေးနဲ့လုပ်လိုက်ရုံပါဘဲ။

မရှိသေးတဲ့သူငယ်ချင်းများအတွက်ဒီမှာထပ်ဒေါင်းလိုက်နော်
ဒေါင်းရန်လင့် 1
ဒေါင်းရန်လင့် 2

၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်ရောင်းချရာတွင် ရိုးသားမှုမရှိက အစိုးရအဖွဲ့သို့ တိုင်ကြားနိုင်

၁၅၀၀ ကျပ်တန်မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ဧပြီ ၂၄ ရက်မှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲဖောက်ရောင်းချပေးမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုမရှိဘဲ မရိုးမသားပြုလုပ်မှုများရှိပါက သက်ဆိုင်ရာမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးအောင်ခင်က ပြောကြားသည်။
“ပြည်သူတွေအတွက် ပွင့်လင်းမြင်သာမှုရှိအောင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာမြို့နယ်တွေမှာ ရောင်းဝယ်ရေးကော်မတီဖွဲ့ပြီးတော့ ပြည်သူတွေရှေ့မှာ မဲစနစ်နဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်” ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။
“ဧပြီ ၂၁ ရက်နေ့မှာ မဲနှိုက်ပြီးပြီ။ ရပ်ကွက်ထဲက ပြည်သူတွေရှေ့မှာပဲ မဲနှိုက်ကြတာပါ။ လျှောက်ထားတဲ့စောင်ရေကတော့ ၁၅၀၀ ကျော်လောက်ရှိတယ်။ ကျွန်တော်တို့ရတဲ့ ခွဲတမ်းကတော့ ၂၄၀ လောက်ရတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်တွင် အပိုင်း(၁) မှ (၈)အထိ အုပ်ချုပ်သော အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းက ပြောသည်။
ယခုရောင်းချပေးသည့် ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ် CDMA 800 Mhz ၀ယ်ယူရာတွင် လျှောက်လွှာတင်ထားသူများသည် မဲမပေါက်ခဲ့ပါက နောက်လများတွင်ထပ်မံချထားပေးမည့် ဆင်းမ်ကတ်များအတွက် လျှောက်လွှာတင်ရန်မလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခုမဲနှိုက်လို့မပေါက်တဲ့ သူတွေက နောက်ထပ်ချပေးမယ့် ဆင်းမ်ကတ်အတွက် လျှောက်လွှာတင်စရာ  မလိုတော့ဘူး။ လျှောက်လွှာပျက်စီးတာတို့၊ ပျောက်သွားတာတို့ကတော့ ထပ်တင်ရမယ်” ဟု ၎င်းကပြောသည်။
၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ပထမအသုတ်တွင် ကတ်ပေါင်း ၃၅၀၀၀၀ ခွဲဝေရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် CDMA 800 MHz ဆင်းမ်ကတ်များကိုသာ ရောင်းချပေးမည်ဖြစ်ပြီး CDMA လိုင်းမမိသည့် နေရာများတွင်သာ WCDMA ဖုန်းဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ထားသည်။
“အခုလက်ရှိကတော့ CDMA 800 MHz ကိုပဲ ဦးစားပေးရောင်းချသွားမယ်။ နောင်တစ်လ၊ နှစ်လ လောက်နေရင်တော့ WCDMA  လိုချင်တဲ့သူတွေ ၀ယ်နိုင်အောင် ရောင်းချပေးဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။
မိုဘိုင်းဖုန်းဝယ်လိုသူ အများစုမှာ CDMA 800 MHz ဖုန်းထက် WCDMA နှင့် ဂျီအက်စ်အမ် ဖုန်းလိုင်းကိုသာ ၀ယ်ယူလိုသူများကြောင်း သတင်းရရှိသည်။
လမ်းမတော်မြို့နယ်နေ WCDMA ဖုန်းလိုချင်သူတစ်ဦးက “အခုချထားပေးမယ့် CDMA 800 MHz ကိုတော့ မလိုချင်ဘူး။ WCDMA ပဲ လိုချင်တာ။ CDMA 800 MHz က ဟန်းဆက်လည်း မပေါဘူး။ ရန်ကုန်တို့ မန္တလေးတို့လို မြို့ကြီးတွေမှာ လိုင်းကောင်းပေမယ့် နယ်ရောက်သွားရင်တော့ အဆင်မပြေတော့ဘူး” ဟု ဆို သည်။ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တပ်ဆင်ထားသည့် CDMA မိုဘိုင်းတာဝါတိုင် အရေအတွက်ပေါ်မူတည်ပြီး CDMA ဆင်းမ်ကတ် ၃၅၀၀၀၀ ကို ခွဲဝေရောင်းချပေးခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးမိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

credit to >>> 7 Day New Journal

Samsung Galaxy Mini S5570i(Galaxy’s Next Turbo) firmware

Samsung Galaxy Mini S5570i(Galaxy’s Next Turbo) တစ်လုံးနဲ့ တစ်ပတ်လောက် တိုင်ပတ်နေခဲ့ပါတယ်။ အင်တာနက်လိုင်းတွေကမကောင်း၊ firmware ကရှာလို့မတွေ့။ တွေ့တဲ့ firmware နဲ့ ရိုက်ကြည့်တော့လည်းအဆင်မပြေဖြစ်နေခဲ့ရတယ်။ ဒီနေ့တော့ ရှာရင်းနဲ့ တွေ့ပါပြီ။ သူငယ်ချင်းများအဆင်ပြေအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီပို့က  firmware လုံးဝကျသွားတဲ့ samsung mobile တွေ အတွက် ပါ ။ samsung logo ကနေ ဘာမှမတက်တဲ့အချိန် မျိုးတွေပေါ :D
ကျနော်စမ်းပေး ထားတာ က Galaxy’s Next Turbo (GT-S5570I)နဲ့ ပါ ။
လိုအပ်တာတွေဒေါင်းရအောင်

ကဲ စလိုက်ရအောင်
01 အပေါ်မှာဒေါင်းထားသော Odin 1.84 (S5570I_Downloader) (with associated files) ဖိုင် ကိုဖြည် လိုက်ပါ ။
ဖိုင် ၃ ဖိုင် ပါ ပါတယ် ။အဲဒီ အထဲ က မှ Odin3_v1.84.exe ….ကို…..run…လိုက်ပါ… :-)


02  ဖုန်းကိုပါဝါပိတ် လိုက်ပါ ။ ထို့နောက် Download mode ကိုသွားပါမယ် ။ ( Volume Down – ) + Home button + power button ကိုတပြိုင်ထဲဖိထားပေးပါ
Warning!!…… ဆိုပြီးစာတန်းတွေပေါ်လာရင်….အားလုံးကိုလွှတ်ပြီး…. (Volume Up+) နှိပ်ပေးပါ။ download mode ထဲသို့ရောက်ရှိသွားပါလိမ့်မယ်
03 ဖုန်းနဲ….ကွန်ပျူတာကိုချိတ်လိုက်ပါ။ ခဏစောင့်ပြီးရင် အောက်က ပြထားတဲပုံတိုင်း tag ၂ ခုမှာ (PDA/PHONE) ရယ် မှာ S5570i_Italia_PDA_PHONE မှာဖြည်ထား
သောဖိုင် ၁ဖိုင်ဆီ ထည့်ပေးပါ ။
  • PDA –ဆိုတာလေးကိုကလစ်လုပ်ပြီ………pda.tar
  • Phone – ဆိုတာလေးကိုကလစ်လုပ်ပြီး….phone.tar
ပြီဆိုရင်တော့ ……START….ကို…..ကလစ်လိုက်ပါ….. :-)
04  မိနစ်အနည်းငယ်လောက်ကြာရင်  Galaxy’s Next Turbo (GT-S5570I) ဟာ  reboot……လုပ်လိမ်.မယ်……      firmware တင်တာ အောင်မြင်စွာပြီးဆုံးပါပြီ :lol: :lol:

TESTED AND WORKING 100%

credit to:myanmarplay.com

Posted by: စိုင်းမောင်မောင် (Five Star Mobile)