Thursday, June 6, 2013

၁၅၀၀ တန် SIM Card များအင်တာနက်လိုင်းပိုကောင်း

        CDMA 800 MHz အမျိုးအစား တန်ဖိုးနည်း Sim Card များအနေဖြင့် ယခင်ချထားပေးခဲ့ပြီးဖြစ်သော Sim Card များထက် အင်တာနက်လိုင်းဆွဲအား ပိုကောင်းလျှက်ရှိသည်ဟု နည်းပညာအသိုင်းအ၀ိုင်းမှတစ်ဆင့် ကြားသိရသည်။
        MEC TEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း  Sim Card များအနေဖြင့် အင်တာနက်လျှောက်ထား ရာတွင် သက်ဆိုင် ဒေသရှိမြန်မာ့ဆက်သွယ်ရေး မန်နေဂျာရုံးများတွင် သွားရောက်လျှောက် ထားနိုင်ပြီး ငွေကျပ်တစ်သောင်း၊ပေးသွင်းရန်လိုအပ်သည်။ ကျွန်တော့်နှမ GSM ဖုန်းနဲ့ ကျွန်တော်ရဲ့တန်ဖိုးနည်း Sim Card အင်တာနက်လိုင်းဆွဲအားမတူတာကိုတွေ့ရတယ်ဗျာ။ ကျွန်တော့်ဖုန်းက လိုင်းဆွဲအားပိုကောင်းတယ် ဟု အင်္ဂလိပ်စာ တတိယနှစ်ကျောင်းသား မောင်ရဲရင့်နောင်မှ ပြောကြားခဲ့သည်။
        လက်ရှိကာလတွင် MEC TEL အမှတ်တံဆိပ် တန်ဖိုးနည်း Sim Card များကို တစ်လလျှင် တန်ဖိုးနည်း Sim Card အရေအတွက် သုံးသိန်းခွဲအရေအတွက်ဖြင့် ဧပြီနှင့်မေ နှစ်လဆက်တိုက်ရောင်းချ ပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လက်ရှိမိုဘိုင်းကွန်ရက်အတွင်း တန်ဖိုးနည်း Sim Card အရေအတွက် စုစုပေါင်း ခုနှစ်သိန်းရှိပြီးဖြစ်သော်လည်း အချို့ Sim Card များမှာ အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုလျက်မရှိသေးကြောင်းသိရှိရသည်။ ထို့အပြင် တန်ဖိုးနည်း 1500 တန် Sim Card များကို Online မှတစ်ဆင့် ငွေဖြည့်သွင်းနိုင်ကြောင်းသိရှိရသည်။ Online မှတစ်ဆင့်ငွေဖြည့်သွင်းလိုသူများအနေဖြင့် MyanPay account ရှိရန်လိုအပ်ပြီးအသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 3456 သို့ ဆက်သွယ်မေးမြန်းနိုင်သည်။
        CDMA 800 MHz အမျိုးအစားတန်ဖိုးနည်း Sim Card များအနေဖြင့် အင်တာနက်အသုံးပြုရာတွင်  တစ်မိနစ် (၄)ကျပ်နှုန်း ပေးသွင်းရမည်ဖြစ်သည်။ CDMA 800 MHz, WCDMA အမျိုးအစား Sim Card များအနေဖြင့် အင်တာနက်အသုံးပြုရာတွင် တစ်မိတစ်(၄)ကျပ် ကျသင့်မည်ဖြစ်သည်။
                                                                                                        အောင်ရဲကျော်

Credit to: Digital Life Journal

T8833 ကို Root လုပ်မယ်။




T8833 ကို Recovery ကနေ Root ဖောက်ရအောင်နော်..
အရင်ဆုံးဒါလေးတွေကိုအရင်ဒေါင်းလိုက်ပါ။
T8833 TWRP Recovery      http://www.mediafire.com/download/hbxg4u18uh6b5b9/T8833_Recovery%40MMSD.rar

SP Flash Tool                       http://www.mediafire.com/download/0t5ufpal9sftxtm/SP_Flash_Tool_v3.1224.01.rar

Root.zip                           http://www.mediafire.com/download/e7krhjuishu4x4r/Root.zip

ပြီးသွားရင်တော့ SP Flash Tool ကနေ MT6577_Android_scatter_emmc.txt ကို ရွေးပေးလိုက်ပါ။
ပြီးရင် Recovery မှာ recovery.img ကိုရွေးပြီး Flash လုပ်လိုက်ရင်ရပါပြီ။
ပြီးသွားရင်တော့ Sd Card ထဲ Root.zip ထည့်ုပြီး Install ကနေ ရွေးပေးလိုက်ရင်ရပါပြီ။
20000101_004653

Y220T ကို Error ကင်းကင်း Root လုပ်မယ်




Y220T ကို Root လုပ်လိုက်ရင် Camera ဇောက်ထိုးတွေဖြစ်တက်ပါတယ်..
ဒီ Error ကိုဖြေရှင်းဖို့ကတော့ အရင်ဆုံး Firmware ပြန်တင်လိုက်ပါ။
ပြီးသွားမှဒီနည်းနဲ့ ပြန်ပြီး Root ဖောက်ပါအဆင်ပြေပါလိမ့်မယ်..
ကဲ Root လုပ်နည်းကို အရင်ကြည့်ရအောင်
ကဲဒီဖိုင်လေးတွေကို အရင်ဒေါင်းလိုက်ပါ…
Research Download and Driver
http://www.mediafire.com/download/7j6tv7bb3q59027/Research_download_and_Driver%40MMSD_BY_Phyo_Chan(2).rar

Y220T Recovery Pac     http://www.mediafire.com/download/uddzndt8mmxqc06/Y220T_CWM_BY_Phyo_Chan.rar

Root.zip         http://www.mediafire.com/download/e7krhjuishu4x4r/Root.zip

Password : phyochan

ပြီးသွားရင်တော့ Research Download and Driver ကို rar ဖြည့်လိုက်ပါ…
Driver မပါရင် Driver ထည့်လိုက်ပါ…
Research Download ထဲ က Bin Folder ထဲကို သွားလိုက်ပါ..
ResearchDownload.exe ကိုတွေ့ပါလိမ့်မယ်.. Run လိုက်ပါ..
ပြီးသွားရင်တော့ ဒေါင့် စွန်းက Load Packet မှာ Y220T Recovery.pac ကို ရွေးပေးလိုက်ပါ…
Screenshot - 4_23_2013 , 10_24_48 AM
ကဲဒါဆိုရင်တော့ ဖုန်းကို ပါဝါပိတ်လိုက်ပါ
Battery ဖြုတ်လိုက်ပြီး
ပြန်တက်လိုက်ပါ…
Research.exe မှာ Play ပုံလေးတွေ့ပါလိမ့်မယ်…
နှိပ်လိုက်ပါ….
ဖုန်းကို Volume Down လေးဖိနှိပ်ပြီးကြိုးထိုးလိုက်ပါ..
Pass ပြသွားပါလိမ့်မယ်..
ပြီးသွားရင်တော့ ဖုန်းကို Volume Down + Power ဖိနှိပ်လိုက်ပြီး Recovery Mode ၀င်လိုက်ပါ။
DSC_0662
ပေးထားတဲ့ Zip ကို Flash လိုက်ရင်ရပါပြီ။
အဆင်ပြေပါစေ။
ဖြိုးချမ်း